La Biblia Online

Anuncios


Toda la Biblia A.T. N.T.




ရော​မ 2:3 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

သို့ဖြစ်၍ ထိုသို့​သော​အမှု​များ​ကို​ပြုကျင့်​သော​သူ​တို့​အား စီရင်​လျက်​နှင့် ထို​အမှု​တို့​ကို ကိုယ်တိုင်​ပြု​သော​အချင်း​လူ၊ သင်​သည် ဘုရားသခင်​၏​ပြစ်ဒဏ်​စီရင်​ခြင်း​မှ​လွတ်​မည်​ဟု ထင်မှတ်​သလော။

Ver Capítulo

Common Language Bible

သို့​သော်​လည်း​မိတ်​ဆွေ၊ သင်​က​သူ​တစ်​ပါး အား​အ​ပြစ်​စီ​ရင်​သည့်​အ​ပြစ်​မျိုး​ကို သင် ကိုယ်​တိုင်​ပင်​ကူး​လွန်​လျက်​နေ​ပါ​သည် တ​ကား။ သင်​သည်​ဘု​ရား​သ​ခင်​၏​အ​ပြစ် စီ​ရင်​ခြင်း​နှင့်​ကင်း​လွတ်​လိမ့်​မည်​ဟု​ထင် မှတ်​ပါ​သ​လော။-

Ver Capítulo

Garrad Bible

ထို အ တိုင်း ပြု ကျင့် သူ တို့ ကို စီ ရင် လျက် ကိုယ် တိုင် ပြု တတ် သော အ ချင်း လူ၊ သင် သည် ဘု ရား သ ခင် စီ ရင် တော် မူ ချက် နှင့် ကင်း လွတ် မည် ထင် မှတ် သ လော။

Ver Capítulo

Judson Bible

ထို​သို့​သော​အ​မှု​ကို ကိုယ်​တိုင်​ပြု​လျက်​ပင်၊ သူ​တစ်​ပါး​ပြု​သည်​ကို စစ်​ကြော​စီ​ရင်​သော​သူ၊ သင်​သည် ဘု​ရား​သ​ခင်​စီ​ရင်​တော်​မူ​ခြင်း​နှင့် လွတ်​မည်​ဟု ထင်​မှတ်​သ​လော။-

Ver Capítulo

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

ထိုသို့သော​ဆိုးယုတ်မှုများ​ကို ကိုယ်တိုင် ပြုကျင့်​လျက်နှင့်ပင် ထိုသို့​ပြုကျင့်သည့်​တစ်ပါးသူ​ကို အပြစ်တင်သော​သင်​သည် ဘုရားသခင်​၏ စီရင်တော်မူခြင်း​နှင့် ကင်းလွတ်မည်​ဟု ထင်သလော။

Ver Capítulo



ရော​မ 2:3
22 Referencias Cruzadas  

အမ္မုန်​အမျိုးသား​အကြီးအကဲ​တို့​က မိမိ​တို့​၏​အရှင်​ဟာနုန်​မင်းကြီး​အား “​ဒါဝိဒ်​မင်းကြီး​သည် အရှင့်​ခမည်းတော်​ကို​ရိုသေလေးစား​သဖြင့် အရှင့်​ထံ​နှစ်သိမ့်​သူ​များ​ကို စေလွှတ်​သည်​ဟု အရှင်​ထင်​သလော​။ ထိုသို့​မ​ဟုတ်​။ မိမိ​၏​မင်းမှုထမ်း​တို့​ကို ဒါဝိဒ်​မင်းကြီး​စေလွှတ်​လိုက်​ခြင်း​မှာ မြို့​ကို​စူးစမ်း​ထောက်လှမ်း​၍ တိုက်ခိုက်​မှောက်လှန်​ရန်​သာ ဖြစ်​သည်​”​ဟု လျှောက်တင်​ကြ​၏​။


“​သင်​က ‘​ဘုရားသခင်​ထက် ငါ​ဖြောင့်မတ်​သည်​’​ဟု ဆို​သည်​မှာ မှန်ကန်​သည်​ဟု သင်​ထင်​သလော​။


ဤ​အမှု​တို့​ကို​သင်​ပြု​၍ ငါ​သည် တိတ်ဆိတ်​စွာ​နေ​သဖြင့် ငါ​သည် သင်​နှင့်​တူ​သည်​ဟု သင်​ထင်မှတ်​၏​။ ငါ​သည် သင့်​ကို​ဆုံးမ​၍ သင်​၏​အပြစ်​ကို သင့်​ရှေ့မှောက်​၌​ခင်းပြ​မည်​။


သူ​တို့​သည် ထို​အပြစ်ဒုစရိုက်​နှင့်​ပင် လွတ်မြောက်​ကြ​မည်လော​။ အို ဘုရားသခင်​၊ အမျက်​တော်​အားဖြင့် လူမျိုး​တို့​ကို နိမ့်ကျ​စေ​တော်မူ​ပါ​။


မကောင်းမှု​ပြု​သော​သူ​သည် အပြစ်ဒဏ်​နှင့်​မည်သို့မျှ​ကင်းလွတ်​လိမ့်မည်​မ​ဟုတ်​။ ဖြောင့်မတ်​သော​သူ​တို့​၏​သားမြေး​တို့​မူကား မုချ​ကင်းလွတ်​လိမ့်မည်​။


ဘဝင်မြင့်​သော​သူ​အပေါင်း​တို့​ကို ထာဝရဘုရား​စက်ဆုပ်ရွံရှာ​တော်မူ​၏​။ သူ​တို့​သည် မည်သို့မျှ အပြစ်ဒဏ်​နှင့်​ကင်းလွတ်​လိမ့်မည်​မ​ဟုတ်​။


ထိုအခါ ယုဒ​ဘုရင်​သည် ဘေဘီလုံ​ဘုရင်​ကို ပုန်ကန်​ရန် အီဂျစ်​ပြည်​သို့ တမန်​ကို​စေလွှတ်​၍ မြင်း​နှင့်​စစ်သည်​အမြောက်အမြား​ကို စစ်ကူတောင်း​၏​။ သူ့​အကြံ အထမြောက်​မည်လော​။ ဤသို့​ပြု​ခြင်း​ဖြင့် သူ​သည် ဘေးလွတ်​မည်လော​။ ပဋိညာဉ်​ကို ချိုးဖောက်​ပြီးမှ သူ​သည် ဘေးလွတ်​မည်လော’​ဟု ဆင့်ဆို​လော့​။


သူ​သည် ပဋိညာဉ်​ကို​ချိုးဖောက်​ခြင်း​ဖြင့် ကျိန်ဆို​ခဲ့​သည်​ကို​မထီမဲ့မြင်ပြု​လျက် တစ်ပါးသူ​ကို အကူအညီ​တောင်း​၏​။ ထိုသို့​ပြု​သောကြောင့် သူ​သည် ဘေးလွတ်​မည်​မ​ဟုတ်’​ဟု မိန့်​တော်မူ​၏​။


သူ​က ငါ့​အား “​အို နှစ်သက်မြတ်နိုး​ခြင်း​ခံရ​သူ​၊ မ​ကြောက်​နှင့်​။ ငြိမ်သက်​ခြင်း​ရှိ​ပါစေ​။ အားယူ​လော့​၊ အားယူ​လော့​”​ဟု ဆို​လျှင် ငါ​သည် ခွန်အား​ပြည့်​လာ​၍ “​အကျွန်ုပ်​၏​သခင်​၊ အမိန့်ရှိ​တော်မူ​ပါ​။ သခင့်​စကား​ကြောင့် အကျွန်ုပ်​အားရှိ​သွား​ပါ​ပြီ​”​ဟု ပြန်လျှောက်​၏​။


အချင်း​မြွေ​တို့၊ မြွေဆိုး​အမျိုး​တို့၊ သင်​တို့​သည် ငရဲ​၌​အပြစ်​စီရင်​ခံရ​ခြင်း​မှ မည်ကဲ့သို့​လွတ်မြောက်​နိုင်​ကြ​မည်နည်း။


ယခု​ပင် တစ်ဆယ့်နှစ်​တပ်​ထက်​များပြား​သော ကောင်းကင်တမန်​ကို ငါ့​ထံသို့​စေလွှတ်​တော်မူ​မည့်​အကြောင်း ခမည်းတော်​ထံသို့ ငါ​မ​တောင်း​နိုင်​ဟု သင်​ထင်​သလော။


သို့သော် ကိုယ်တော်​က“အချင်း​လူ၊ မည်သူ​သည် ငါ့​ကို သင်​တို့​၏​တရားသူကြီး​၊သို့မဟုတ် ခုံလူကြီး​အဖြစ် ခန့်ထား​သနည်း”​ဟု သူ့​အား​မိန့်​တော်မူ​၏။


ထို့နောက် ခဏ​ကြာ​သော် အခြား​သော​သူ​တစ်​ဦး​သည် ပေတရု​ကို​မြင်​၍ “သင်​သည်​လည်း သူ​တို့​ထဲက​တစ်​ယောက်​ဖြစ်​သည်”​ဟု ဆို​၏။ သို့သော် ပေတရု​က “အချင်း​လူ၊ ငါ​သည် သူ​တို့​ထဲက​မ​ဟုတ်”​ဟု ဆို​လေ​၏။


သို့သော် ပေတရု​က “အချင်း​လူ၊ သင်​ပြော​နေ​သည့်​အရာ​ကို ငါ​မ​သိ”​ဟု ဆို​၏။ ထိုသို့ သူ​ပြော​နေ​သည့်​အချိန်​၌​ပင် ကြက်​တွန်​လေ​၏။


ဤ​အရာ​များ​ကို​ပြုကျင့်​သော​သူ​တို့​သည် သေဒဏ်​ခံ​ထိုက်​၏​ဟူသော​ဘုရားသခင်​၏​ပြဋ္ဌာန်း​ချက်​ကို သူ​တို့​သိ​လျက်​နှင့်​ပင် သူ​တို့​ကိုယ်တိုင်​ပြု​ကြ​သည်​သာမက ထိုသို့​ပြုကျင့်​သော​သူ​များ​ကို​လည်း သဘောတူ​ထောက်ခံ​ကြ​၏။


ထို့ကြောင့် သူတစ်ပါး​ကို​စီရင်​တတ်​သော​အချင်း​လူ၊ သင်​သည် ဆင်ခြေ​ပေး​၍​မ​ရ။ အဘယ်ကြောင့်​ဆိုသော် စီရင်​နေ​သော​သင်​သည်​လည်း တူညီ​သော​အမှု​များ​ကို​ပြုကျင့်​နေ​သည်​ဖြစ်၍ သူတစ်ပါး​ကို​စီရင်​ရာ​တွင် သင့်ကိုယ်သင်​ပြစ်ဒဏ်​စီရင်​ရာ​ရောက်​၏။


ထိုသို့​သော​အမှု​များ​ကို ပြုကျင့်​သော​သူ​တို့​အပေါ်၌ ဘုရားသခင်​၏​တရား​စီရင်​ခြင်း​သည် သမ္မာတရား​နှင့်အညီ​သက်ရောက်​သည်​ကို ငါ​တို့​သိ​ကြ​၏။


သို့သော် အချင်း​လူ၊ သင်​သည် မည်သူ​ဖြစ်​၍ ဘုရားသခင်​ကို ပြန်ခံ​ပြောဆို​သနည်း။ ပုံသွင်း​ခံရ​သော​အရာ​သည် ပုံသွင်း​ပေး​သော​သူ​အား “အဘယ်ကြောင့် ငါ့​ကို ဤသို့​ပြုလုပ်​ခဲ့​သနည်း”​ဟု ပြောဆို​နိုင်​ပါ​မည်​လော။


“ငြိမ်းချမ်း​မှု​နှင့်​လုံခြုံ​မှု​ရှိ​သည်”​ဟု လူ​တို့​ပြောဆို​နေ​ကြ​သည့်​အချိန်​၌ပင် ကိုယ်ဝန်ဆောင်​အမျိုးသမီး​၌ သားဖွား​ခြင်း​ဝေဒနာ​ရောက်လာ​သကဲ့သို့ ပျက်စီး​ခြင်း​သည် သူ​တို့​အပေါ် ရုတ်တရက်​ရောက်လာ​၍ သူ​တို့​သည် လုံးဝ​လွတ်မြောက်​နိုင်​မည်​မ​ဟုတ်။


သင်​တို့​သည် မိန့်​တော်မူ​သော​အရှင်​ကို မ​ငြင်းပယ်​မိ​စေရန် သတိပြု​ကြ​လော့။ အကြောင်းမူကား မြေကြီး​ပေါ်တွင် ဗျာဒိတ်​တော်​ပေး​သော​သူ​ကို ငြင်းပယ်​သော​သူ​တို့​သည် အပြစ်ဒဏ်​မှ​မ​လွတ်​ပါက ကောင်းကင်​ဘုံ​မှ​ဗျာဒိတ်​တော်​ပေး​သော​သူ​ကို ငါ​တို့​ငြင်းပယ်​လျှင် ပို၍​ပင် လွတ်​စရာ​အကြောင်း​မ​ရှိ။


ဤမျှလောက်​ကြီးမြတ်​သော​ကယ်တင်​ခြင်း​ကို လျစ်လျူ​ရှု​ပါက ငါ​တို့​သည် အပြစ်ဒဏ်​မှ မည်သို့​လွတ်​နိုင်​ကြ​မည်နည်း။ သခင်​ဘုရား​က ပထမ​ဦးစွာ ဟောပြော​တော်မူ​သော ဤ​ကယ်တင်​ခြင်း​တရား​သည် ကြားနာ​သော​သူ​တို့​မှတစ်ဆင့် ငါ​တို့​ထံ၌ အတည်ပြု​ခြင်း​ခံရ​၏။