ယေဇကျေလ 17:15 - မြန်မာ့စံမီသမ္မာကျမ်း15 ထိုအခါ ယုဒဘုရင်သည် ဘေဘီလုံဘုရင်ကို ပုန်ကန်ရန် အီဂျစ်ပြည်သို့ တမန်ကိုစေလွှတ်၍ မြင်းနှင့်စစ်သည်အမြောက်အမြားကို စစ်ကူတောင်း၏။ သူ့အကြံ အထမြောက်မည်လော။ ဤသို့ပြုခြင်းဖြင့် သူသည် ဘေးလွတ်မည်လော။ ပဋိညာဉ်ကို ချိုးဖောက်ပြီးမှ သူသည် ဘေးလွတ်မည်လော’ဟု ဆင့်ဆိုလော့။ Ver CapítuloCommon Language Bible15 သို့သော်လည်းယုဒဘုရင်သည်ပုန်ကန်ထ ကြွလျက် မြင်းနှင့်စစ်သည်အမြောက်အမြား ကိုစစ်ကူရရှိရန် အီဂျစ်ပြည်သို့သံတမန် များကိုစေလွှတ်လေသည်။ သူ၏အကြံထ မြောက်သလော။ ဘေးလွတ်မည်လော။ ငြိမ်း ချမ်းရေးစာချုပ်ကိုချိုးဖောက်ပြီးနောက် အပြစ်ပေးခြင်းကိုမခံရဘဲနေမည် လော။ Ver CapítuloGarrad Bible15 သို့ ရာ တွင်၊ မြင်း တပ် နှင့် သူ ရဲ အ မြောက် အ မြား ကို စစ် ကူ ရ လို သ ဖြင့်၊ အိ ဂျစ် ပြည် သို့ ရာ ဇ သံ တို့ ကို စေ လွှတ်၍၊ ထို မင်း ပုန် ကန် လေ၏။ အ ကြံ ထ မြောက် မည် လော၊ ထို သို့ ပြု သော မင်း ကား၊ ဘေး လွှတ် မည် လော၊ ပ ဋိ ညာဉ် ကို ဖျက် လျက် ပင်၊ ဘေး လွတ် မည် လော၊ Ver CapítuloJudson Bible15 သို့ရာတွင်၊ မြင်းများ၊ လူများတို့ကိုတောင်းခြင်းငှာ သံတမန်ကို အဲဂုတ္တုပြည်သို့စေလွှတ်၍ ပုန်ကန်လေပြီ။ ထိုသို့ပြုသောသူသည် ကောင်းစားရမည်လော။ ဘေးလွတ်ရမည်လော။ သစ္စာဖျက်ပြီးမှ လွတ်ရမည်လော။ Ver Capítulo |
ဘုရားရှင်ထာဝရဘုရားက ထိုအပင် ရှင်သန်နိုင်မည်လော။ အမြစ်ကိုဆွဲနုတ်ပစ်၍ အသီးများကို ခြွေချပစ်သောအခါ အပင်ညှိုးနွမ်းသွားမည်မဟုတ်လော။ အသစ်ပေါက်သောအပင်ရှိသမျှသည်လည်း ညှိုးနွမ်းသွားမည်မဟုတ်လော။ အမြစ်ကိုဆွဲနုတ်ရန် အားကောင်းမောင်းသန်ဖြစ်စရာမလို၊ လူအမြောက်အမြားလည်း မလိုပေ။