မဿဲ 23:33 - မြန်မာ့စံမီသမ္မာကျမ်း33 အချင်းမြွေတို့၊ မြွေဆိုးအမျိုးတို့၊ သင်တို့သည် ငရဲ၌အပြစ်စီရင်ခံရခြင်းမှ မည်ကဲ့သို့လွတ်မြောက်နိုင်ကြမည်နည်း။ Ver CapítuloCommon Language Bible33 အချင်းမြွေဆိုးများနှင့်မြွေဆိုး၏သားမြေး တို့၊ သင်တို့သည်ငရဲသို့လားရမည့်ဘေးဒဏ် မှအဘယ်သို့လွတ်နိုင်ကြပါမည်နည်း။- Ver CapítuloGarrad Bible33 အ ချင်း မြွေ ဆိုး မြွေ ဟောက် သား တို့၊ င ရဲ မီး ဒဏ် နှင့် မည် သို့ လွတ် ကင်း ကြ မည် နည်း။ Ver CapítuloJudson Bible33 မြွေဆိုးအမျိုးတို့၊ သင်တို့သည် အပြစ်ငရဲမှ အဘယ်သို့ လွတ်နိုင်ကြမည်နည်း။ Ver Capítuloခေတ်သစ်မြန်မာ သမ္မာကျမ်း33 မြွေဆိုးနှင့် မြွေပွေးအမျိုးတို့… သင်တို့သည် ငရဲသို့သွားရမည့် အပြစ်ဒဏ်မှ မည်သို့လွတ်နိုင်ကြမည်နည်း။ Ver Capítuloမြန်မာ33 မြွေဆိုးအမျိုးတို့၊ သင်တို့သည် အပြစ်ငရဲမှ အဘယ်သို့ လွတ်နိုင်ကြမည်နည်း။ Ver Capítulo |
ထိုနေ့ရက်၌ ဤကမ်းရိုးတန်းတွင် နေထိုင်သောသူတို့က ‘ကြည့်ပါလော့။ ငါတို့အားထားရာပြည်၊ ငါတို့ကို အဆီးရီးယားဘုရင်လက်မှကယ်နုတ်ရန် ငါတို့ပြေး၍အကူအညီတောင်းခဲ့သောပြည်သည် ဤသို့ဖြစ်ပါသည်တကား။ ငါတို့မည်သို့လွတ်မြောက်နိုင်ကြပါမည်နည်း’ဟူ၍ ဆိုကြလိမ့်မည်”ဟု မိန့်တော်မူ၏။
သင်တို့သည် သင်တို့၏အဖမာရ်နတ်နှင့်စပ်ဆိုင်ကြပြီး သင်တို့အဖ၏ဆန္ဒအတိုင်းပြုလိုကြ၏။ မာရ်နတ်သည် အစအဦးကပင် လူသတ်သမားဖြစ်၏။ သူ၌သမ္မာတရားမရှိသောကြောင့် သမ္မာတရား၌မရပ်တည်။ သူသည် လိမ်လည်သောသူဖြစ်ပြီး လိမ်လည်ခြင်း၏အဖလည်းဖြစ်သောကြောင့် လိမ်လည်ပြောဆိုသောအခါ မိမိပင်ကိုစရိုက်အတိုင်းပြောဆို၏။