အို ပြည်သား၊ သင့်ထံ ပျက်စီးခြင်းရောက်လာပြီ။ အချိန်ကျရောက်လေပြီ။ ထိတ်လန့်ချောက်ချားဖွယ်နေ့ရက်နီးလာပြီ။ တောင်ပေါ်တွင် ဝမ်းမြောက်စွာကြွေးကြော်သံမရှိတော့ပြီ။
ပြည်သူပြည်သားတို့ဆုံးပါးပျက်စီးရာ အချိန်ရောက်လာပေတော့အံ့။ တောင်ပေါ်တွင် ပွဲလမ်းသဘင်များမရှိတော့ဘဲ ဗရုတ်သုတ် ခဖြစ်ရန်အချိန်သည်နီးကပ်လာလေပြီ။ ရောက်လာတော့မည်။
အို ပြည် သား ဝိ ပါက် ကို သင် ခံ ရ ပြီ။ အ ချိန် စေ့ ပြီ။ နေ့ ရက် နီး ပြီ။ တောင် များ ပေါ် တွင် ပျော် ရွှင် သံ မ ဟုတ်၊ အုတ် အုတ် သဲ သဲ သံ ဖြစ် လေ စွ တ ကား။
အို ပြည်တော်သား၊ သင်သည် အလှည့်ခံရသောအချိန် ရောက်လာ၏။ အချိန်စေ့ပြီ။ ရွှင်လန်းစွာ ကြွေးကြော်ခြင်း မရှိရဘဲ၊ ရုန်းရင်းခတ်ခြင်းအမှုကို ပြုရသောနေ့နီးပြီ။
အရုဏ်ဦးအချိန်ရောက်သည်နှင့် ကောင်းကင်တမန်တို့သည် လောတကိုဆော်ဩလျက် “ထလော့၊ ဤနေရာ၌ရှိသော သင်၏မယားနှင့် သင်၏သမီးနှစ်ယောက်ကို ခေါ်ဆောင်သွားလော့။ သို့မဟုတ်လျှင် သင်သည် ဤမြို့အပေါ်ကျရောက်မည့်အပြစ်ဒဏ်နှင့်အတူ ဖျက်ဆီးသုတ်သင်ခြင်းခံရလိမ့်မည်”ဟု ဆိုလေ၏။
ထိုအခါ ထာဝရဘုရားအထံတော် မိုးကောင်းကင်မှ ကန့်နှင့်မီးကို သောဒုံမြို့နှင့်ဂေါမောရမြို့အပေါ်သို့ ထာဝရဘုရားရွာစေတော်မူ၏။
တောခွေးတို့သည် ထိုမြို့၏ခံတပ်တို့၌လည်းကောင်း၊ ခွေးအတို့သည် ဇိမ်ခံရာနန်းတော်တို့၌လည်းကောင်း အူကြလိမ့်မည်။ ထိုသို့ ထိုမြို့၏အချိန်သည် မကြာမီရောက်လာမည်။ ထိုမြို့တည်ရမည့်နေ့ရက် ကြာရှည်တော့မည်မဟုတ်။
သီးနှံဖြစ်ထွန်းသောမြေ၌ ဝမ်းမြောက်ရွှင်လန်းခြင်း ပျောက်ကွယ်လေပြီ။ စပျစ်ခြံ၌ ရွှင်လန်းစွာသီချင်းဆိုခြင်းမရှိ။ ဝမ်းမြောက်စွာကြွေးကြော်ခြင်းလည်းမရှိ။ စပျစ်သီးနယ်ရာကျင်း၌ စပျစ်သီးနင်းနယ်သောသူမရှိ။ ကြွေးကြော်သံကို ငါရပ်စဲစေပြီ။
ကြည့်ရှုလော့။ နေဝင်ချိန်၌ ထိတ်လန့်ဖွယ်ဘေးရောက်လာသောကြောင့် နံနက်ရောက်သော် သူတို့မရှိတော့ချေ။ ဤသည်ကား ငါတို့ကို တိုက်ခိုက်လုယက်ခဲ့သောသူတို့၏ဝေစု၊ ငါတို့ကို သိမ်းပိုက်ခဲ့သောသူတို့၏ပေါက်မဲ ဖြစ်၏။
ကောင်းကင်ဗိုလ်ခြေအရှင်သခင်ထာဝရဘုရား၌ နေ့ရက်တစ်ရက်ရှိ၏။ ထိုနေ့၌ စိတ်အာရုံချိုင့်ဝှမ်းတွင် ထိတ်လန့်ချောက်ချားခြင်းရှိမည်၊ နိုင်ထက်စီးနင်းခံရမည်၊ ရုန်းရင်းဆန်ခတ်ဖြစ်မည်။ မြို့ရိုးပြိုပျက်၍ တောင်များဆီသို့ အော်ဟစ်သံများ ရောက်သွားလိမ့်မည်။
အို ထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်ကို သွေးဆောင်တော်မူပြီ။ အကျွန်ုပ် သွေးဆောင်ခံရပါပြီ။ ကိုယ်တော်သည် အကျွန်ုပ်ထက် ခွန်အားကြီးသဖြင့် နိုင်တော်မူပြီ။ အကျွန်ုပ်သည် နေ့စဉ် လှောင်ပြောင်ခြင်းခံရပါ၏။ လူတိုင်း အကျွန်ုပ်ကို ပြက်ရယ်ပြုကြပါ၏။
နွားထီးပျိုအားလုံးကို သတ်ပစ်ကြ။ သူတို့ကို စစ်ကြောစီရင်မည့်နေ့ရက်ကာလ ရောက်လာပြီဖြစ်၍ သူတို့ကိုသတ်မည့်နေရာသို့ ဆင်းသွားစေလော့။ သူတို့၌ အမင်္ဂလာရှိ၏။
သို့ဖြစ်၍ သူတို့အား ဘုရားရှင်ထာဝရဘုရားက ‘ငါမိန့်ဆိုသောစကားအလုံးစုံသည် ကြန့်ကြာခြင်းမရှိ အမှန်ဖြစ်လာလိမ့်မည်’ဟု မိန့်တော်မူပြီဟူ၍ ဆင့်ဆိုလော့”ဟု မိန့်ဆို၏။
နေ့ရက်အချိန် နီးလာပြီ။ စင်စစ် ထာဝရဘုရား၏နေ့ နီးလာပြီ။ ထိုနေ့သည် မိုးတိမ်ထူထပ်သောနေ့၊ လူမျိုးတကာတို့ပျက်စီးရာနေ့ ဖြစ်လိမ့်မည်။
အချိန်ကျရောက်ပြီ။ နေ့ရက်ရောက်လာလေပြီ။ လူအပေါင်းတို့အား ငါအမျက်ထွက်သည်ဖြစ်၍ ဝယ်သူလည်း ဝမ်းမမြောက်နှင့်၊ ရောင်းသူလည်း မညည်းတွားနှင့်။
အလို၊ ထာဝရဘုရား၏နေ့ရက်ပါတကား။ ထိုနေ့ရက် ရောက်လုနီးပြီ။ ထိုနေ့ရက်သည် အနန္တတန်ခိုးရှင်ထံတော်မှဖျက်ဆီးခြင်းဘေးကဲ့သို့ ရောက်လာလိမ့်မည်။
ကြည့်ရှုလော့။ တောင်တို့ကို ပုံဖော်၍ လေကို ဖန်ဆင်းတော်မူသောအရှင်၊ လူ၏အတွေးကို လူအား သိမြင်စေသောအရှင်၊ အရုဏ်ဦးကို အမှောင်ကျစေပြီး မြေကြီးပေါ်ရှိ အထွတ်အမြတ်ထားရာကုန်းမြင့်တို့ကို နင်းနယ်တော်မူသောအရှင်၏နာမတော်ကား ကောင်းကင်ဗိုလ်ခြေအရှင် ဘုရားသခင်ထာဝရဘုရားဟူ၍ဖြစ်၏။
အကြောင်းမူကား တရားစီရင်ခြင်းကို ဘုရားသခင်၏အိမ်တော်မှ အစပြုမည့်အချိန်ရောက်လေပြီ။ ထိုသို့ ငါတို့ထံမှ အစပြုမည်ဆိုလျှင် ဘုရားသခင်၏ကောင်းမြတ်သောသတင်းကို မနာခံသောသူတို့၏နိဂုံးသည် မည်သို့ဖြစ်မည်နည်း။