ဘုရားသခင်သည် လှပခြင်းနှင့်ပြည့်စုံသော ဇိအုန်ပေါ်မှ ရောင်ခြည်တော်ကိုလွှတ်တော်မူ၏။
ယေဇကျေလ 27:3 - မြန်မာ့စံမီသမ္မာကျမ်း ပင်လယ်ဝ၌ တည်၍ ကမ်းရိုးတန်းဒေသတစ်လျှောက်ရှိလူတို့နှင့် ကုန်သွယ်သောတိုင်ရာမြို့အား သင်ဆင့်ဆိုလော့။ ဘုရားရှင်ထာဝရဘုရားက ‘အို တိုင်ရာမြို့၊ သင်က ငါသည် အလှတရားနှင့်ပြည့်စုံ၏ဟု ဆိုလေပြီ။ Common Language Bible ထိုမြို့သည်ပင်လယ်ကမ်းစပ်တွင်ရှိ၍ ပင်လယ် ကမ်းခြေပေါ်တွင်ရှိသမျှသောမြို့တို့နှင့်ကုန် သွယ်ဘက်ဖြစ်၏။ သူ့အားအရှင်ထာဝရဘုရား အဘယ်သို့မိန့်တော်မူသည်ကိုဤသို့ဆင့်ဆို လော့။ ``အချင်းတုရုမြို့၊ သင်သည်အပြစ်ဆိုဖွယ် မရှိအောင်လှပတင့်တယ်သည့်အတွက်ဝါ ကြွားတတ်၏။ Garrad Bible မြောက် မြား သော ကျွန်း အ ရောက်၊ လူ အ မျိုး မျိုး တို့ ကုန် သွယ် ရာ သ မု ဒ္ဒ ရာ ဝင် ထွက် ဝ ဖြစ် သော အို မြို့ တော်၊ အ ရှင် ထာ ဝ ရ ဘု ရား က အင်္ဂါ မ ယွင်း၊ ငါ အ ဆင်း လှ သည် ဟု ထောင် လွှား သော အို တု ရု မြို့၊ Judson Bible အို ပင်လယ်ဝ၌တည်သောမြို့၊ များစွာသော ကျွန်းသူကျွန်းသားတို့အဖို့ ကုန်သွယ်တတ်သောမြို့၊ သင့်ကို အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ အိုတုရုမြို့၊ သင်က၊ ငါ၏တင့်တယ်ခြင်းစုံလင်ပြီဟု ဆိုတတ်၏။ |
ဘုရားသခင်သည် လှပခြင်းနှင့်ပြည့်စုံသော ဇိအုန်ပေါ်မှ ရောင်ခြည်တော်ကိုလွှတ်တော်မူ၏။
ဂေဗလလူမျိုး၊ အမ္မုန်လူမျိုးနှင့်အာမလက်လူမျိုးများ၊ တိုင်ရာမြို့သားများနှင့် ဖိလိတ္တိပြည်သားများ ပါဝင်ကြပါ၏။
ထာဝရဘုရားသည် ပင်လယ်ပြင်ပေါ် လက်တော်ကိုဆန့်တော်မူပြီ။ တိုင်းနိုင်ငံတို့ကို ထိတ်လန့်တုန်လှုပ်စေတော်မူပြီ။ ခါနာန်ပြည်၏ခံတပ်များကိုဖျက်ဆီးရန် မိန့်တော်မူပြီ။
‘သို့သော် သင်သည် အလှဂုဏ်မောက်၍ သင်၏ကျော်ကြားမှုသည် သင့်ကို ပြည့်တန်ဆာအဖြစ်သို့ တွန်းပို့လေပြီ။ ရာဂစိတ်ပြင်းထန်၍ သင့်အနားဖြတ်သန်းသွားလာသောသူတို့နှင့် ဖောက်ပြန်မှားယွင်း၏။ သင့်အလှသည် သူတို့အဖို့ဖြစ်သွား၏။
သင်၏ဥစ္စာပစ္စည်းများကိုလုယူမည်။ ကုန်ပစ္စည်းများကို သိမ်းယူမည်။ မြို့ရိုးတို့ကိုဖြိုဖျက်လိမ့်မည်။ အိမ်ကြီးအိမ်ကောင်းများကို ဖြိုဖျက်ပြီး ကျောက်များ၊ သစ်သားများကို အမှုန့်ပါမကျန် ပင်လယ်ထဲသို့ပစ်ချကြလိမ့်မည်’ဟု မိန့်တော်မူ၏။
သူတို့သည် သင့်ကြောင့်ငိုကြွေးလျက် အို ပင်လယ်သားနေသောမြို့၊ ပင်လယ်ပြင်မှာအားကြီးသောမြို့၊ ကျော်စောသောမြို့၊ သင်သည် ပျက်စီးလေပြီတကား။ မြို့သားတို့သည် ပင်လယ်သားအားလုံးကို ကြောက်ရွံ့တုန်လှုပ်စေခဲ့၏။
သင်၏နယ်နိမိတ်သည် ပင်လယ်ထဲ၌ရှိ၏။ ဗိသုကာပညာရှင်တို့သည် သင့်ကိုလှပအောင် တည်ဆောက်ထားပြီ။
အကြောင်းမူကား လူမျိုးအပေါင်းတို့သည် သူ၏တရားနှင့်မညီမေထုန်ပြုခြင်းနှင့်ဆိုင်သည့် ပြင်းစွာသောဒေါသစပျစ်ဝိုင်ကိုသောက်ကြ၍ ကမ္ဘာမြေကြီး၏ရှင်ဘုရင်တို့သည် သူနှင့်အတူတရားနှင့်မညီမေထုန်ပြုကြကာ ကမ္ဘာမြေကြီး၏ကုန်သည်တို့သည်လည်း သူ၏လွန်ကျူးသောဇိမ်ခံခြင်းအရှိန်အဝါအားဖြင့် ချမ်းသာလာကြ၏”ဟု ဆို၏။