La Biblia Online

Anuncios


Toda la Biblia A.T. N.T.




ယောဘဝတ္တု။ 6:9 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

ဘုရားသခင်​သည် ငါ့​ကို အမှုန့်ချေ​ပစ်​ဖို့​ရန် အလို​တော်​ရှိ​ပါစေသော​။ လက်​တော်​ကို​ဆန့်​၍ ငါ့​ကို ကွပ်မျက်​ပါစေသော​။

Ver Capítulo

Common Language Bible

တောင့်တသောအရာဟူမူကား၊ ဘုရားသခင်သည် ငါ့ကိုဖျက်ဆီးတော်မူပါစေ။ လက်တော်ကိုဆန့်၍ ငါ့ကိုဆုံးစေတော်မူပါစေ။

Ver Capítulo

Garrad Bible

ဘု ရား သ ခင် သည် ငါ့ ကို ချေ မွှ ရန် အ လို တော် ရှိ လျက်၊ လက် တော် ရောက်၍ ပယ် ဖျောက် တော် မူ ပါ စေ။

Ver Capítulo

Judson Bible

တောင့်​တ​သော​အ​ရာ ဟူ​မူ​ကား၊ ဘု​ရား​သ​ခင်​သည် ငါ့​ကို ဖျက်​ဆီး​တော်​မူ​ပါ​စေ။ လက်​တော်​ကို​ဆန့်၍ ငါ့​ကို ဆုံး​စေ​တော်​မူ​ပါ​စေ။

Ver Capítulo



ယောဘဝတ္တု။ 6:9
16 Referencias Cruzadas  

တောကန္တာရ​သို့ ခရီးဆက်​လေ​၏​။ တစ်ရက်ကြာ​ခရီးသွား​ပြီးလျှင် ရှားပင်​တစ်​ပင်​အောက်​တွင် ထိုင်​လျက် “​အို ထာဝရဘုရား​၊ တန်​ပါ​ပြီ​။ ယခု အကျွန်ုပ်​အသက်​ကို ရုပ်သိမ်း​တော်မူ​ပါ​။ အကျွန်ုပ်​သည် အကျွန်ုပ်​ဘိုးဘေး​တို့​ထက် မြတ်​သော​သူ​မ​ဟုတ်​ပါ​”​ဟု မိမိ​အသက်​သေ​ဖို့ ဆုတောင်း​လေ​၏​။


ငါ​အသက်ရှင်​ရ​သည်​ကို ရွံမုန်း​လှ​ပြီ​။ ငါ​၏​စိတ်ဒုက္ခ​ကို ဖွင့်ချ​တော့​မည်​။ ငါ့​စိတ်​ထဲမှ​ခါးသီးမှု​ကို ရင်ဖွင့်​တော့​မည်​။


ဆိုးယုတ်​သော​သူ​တို့​၏​မျက်စိ​သည် မှုန်ဝါး​သွား​၍ လွတ်မြောက်​ရာ​လမ်း​လည်း​ရှိ​လိမ့်မည်​မ​ဟုတ်​။ သူ​တို့​၏​မျှော်လင့်ချက်​မှာ သေ​ခြင်း​သာ​ဖြစ်​လိမ့်မည်​”​ဟု ဆို​လေ​၏​။


ကိုယ်တော်​သည် အကျွန်ုပ်​ကို မရဏာနိုင်ငံ​တွင် ဝှက်​ထား​ပါစေသော​။ အမျက်​တော်​ပြေ​သည်​အထိ အကျွန်ုပ်​ကို မျက်နှာလွှဲ​ထား​ပါစေသော​။ အကျွန်ုပ်​အား အောက်မေ့​ရ​မည့်​အချိန်​ကို​လည်း သတ်မှတ်​ထား​ပါစေသော​။


အို ငါ့​မိတ်ဆွေ​တို့​၊ ငါ့​ကို သနား​ကြ​ပါ​။ သနား​ကြ​ပါ​။ ဘုရားသခင်​သည် ငါ့​ကို ရိုက်နှက်​တော်မူ​ပြီ​။


ငါ​တောင်းဆို​သော​အရာ​ကို ရ​ပါစေသော​။ ဘုရားသခင်​သည် ငါ့​မျှော်လင့်ချက်​ကို ဖြည့်ဆည်း​ပေး​ပါစေသော​။


ငါ​သည် အပြစ်တင်စရာ​မ​ရှိ​သော​သူ​ဖြစ်​လျက်ပင် ငါ့ကိုယ်ငါ​မ​သိ​နိုင်​။ ငါ့​အသက်​ကို​ပင် ငါ​အလေးမထား​နိုင်​တော့​ပါ​။


အကြောင်းမူကား ကိုယ်တော်​၏​လက်​တော်​သည် အကျွန်ုပ်​အပေါ်​၌ နေ့​ည​မပြတ်​လေးလံ​လျက်​ရှိ​ပါ​၏​။ အကျွန်ုပ်​၏​စိုပြည်လန်းဆန်းမှု​သည် နွေကာလ​၏​အပူရှိန်​၌​ကဲ့သို့ ကုန်ခန်း​ပါ​ပြီ​။(​စေလာ)


ငါ့​အိမ်​ကို သိုးထိန်း​တဲ​ကဲ့သို့ ဆွဲထုတ်​၍ ငါ့​ထံမှ​ဖယ်ရှား​လေ​ပြီ​။ ရက်ကန်း​သည် အဝတ်​လိပ်​သကဲ့သို့ ငါ့​အသက်​ကို ငါ​လိပ်​ရ​လေ​ပြီ​။ ရက်ကန်းစင်​မှ​ချည်​ကို​ဖြတ်​သကဲ့သို့ ကိုယ်တော်​သည် ငါ့​ကို ဖြတ်​တော်မူ​ပြီ​။ နေ့ချင်းညချင်း ငါ့​ကို အဆုံးသတ်​တော်မူ​ပြီ​။


ထို့ကြောင့် အို ထာဝရဘုရား​၊ အကျွန်ုပ်​၏​အသက်​ကို ယခုပင်​နုတ်ယူ​တော်မူ​ပါ​။ အကျွန်ုပ် အသက်ရှင်​သည်​ထက် သေ​သည်​က သာ၍​ကောင်း​ပါ​၏​”​ဟု ဆုတောင်း​လေ​၏​။


နေ​ထွက်လာ​သောအခါ ဘုရားသခင်​သည် အလွန်​ပူပြင်း​သော​အရှေ့​လေ​ကို တိုက်ခတ်​စေ​၍ ယောန​ခေါင်း​ပေါ်သို့ နေပူရှိန်​ကျ​သဖြင့် သူ​သည် မောပန်း​ပြီး သေချင်စိတ်ပေါက်​လေ​၏​။ ထို့ကြောင့် သူ​က “အကျွန်ုပ်​အသက်ရှင်​သည်​ထက် သေ​သည်​က သာ၍​ကောင်း​ပါ​၏”​ဟု ဆို​လေ​၏​။


ထို​နေ့ရက်​များ​၌ လူ​တို့​သည် သေ​ခြင်း​ကို​ရှာ​ကြ​လိမ့်မည်။ သို့သော် တွေ့​ကြ​မည်​မ​ဟုတ်။ အလွန်​သေ​ချင်​သော်လည်း သေ​ခြင်း​သည် သူ​တို့​ထံမှ ထွက်ပြေး​လိမ့်မည်။