ယောန 4:8 - မြန်မာ့စံမီသမ္မာကျမ်း8 နေထွက်လာသောအခါ ဘုရားသခင်သည် အလွန်ပူပြင်းသောအရှေ့လေကို တိုက်ခတ်စေ၍ ယောနခေါင်းပေါ်သို့ နေပူရှိန်ကျသဖြင့် သူသည် မောပန်းပြီး သေချင်စိတ်ပေါက်လေ၏။ ထို့ကြောင့် သူက “အကျွန်ုပ်အသက်ရှင်သည်ထက် သေသည်က သာ၍ကောင်းပါ၏”ဟု ဆိုလေ၏။ Ver CapítuloCommon Language Bible8 နေထွက်လာပြီးနောက်ဘုရားသခင်သည် အရှေ့လေပူကိုတိုက်ခတ်စေတော်မူ၏။ ယောန သည်မိမိဦးခေါင်းပေါ်သို့ကျရောက်လာသည့် အပူရှိန်ကြောင့် မေ့လုမတတ်ဖြစ်ပြီးလျှင် သေချင်စိတ်ပေါက်လာ၏။ သို့ဖြစ်၍ယောန က``ငါ့အဖို့မှာအသက်ရှင်နေရခြင်းထက် သေရခြင်းကပို၍ကောင်းလိမ့်ဦးမည်'' ဟု မြည်တမ်း၏။ Ver CapítuloGarrad Bible8 နေ ထွက် သော အ ခါ၊ ဘု ရား သ ခင် သည် ပူ ပြင်း သော အ ရှေ့ လေ ကို စီ မံ တော် မူ၍၊ ဦး ခေါင်း ကို နေ ထိ ခိုက် သ ဖြင့်၊ မူး မော် သည် နှင့်၊ ယော န က၊ အ ကျွန်ုပ် အ သက် ရှင် ရ ခြင်း ထက်၊ သေ ရ ခြင်း သည် သာ၍ ကောင်း ပါ သည် ဟု မြည် တမ်း လျက်၊ သေ ဆု ကို တောင်း လျှောက် လေ၏။ Ver CapítuloJudson Bible8 နေထွက်သောအခါ ဘုရားသခင်သည် အလွန်ပူသောအရှေ့လေကို ပြင်ဆင်တော်မူ၍၊ ယောန၏ခေါင်းကို နေထိခိုက်သဖြင့် သူသည် မော၍ သေချင်သောစိတ်ရှိလျက်၊ ငါ့အသက်သေခြင်းသည် ရှင်ခြင်းထက် သာ၍ကောင်းသည်ဟု မြည်တမ်းလေ၏။ Ver Capítulo |