ယောဘဝတ္တု။ 6:10 - မြန်မာ့စံမီသမ္မာကျမ်း10 သို့မှ ငါခံစားရသက်သာလိမ့်မည်။ မညှာမတာခံစားရသောဝေဒနာများထဲမှ ဝမ်းမြောက်မိပါလိမ့်မည်။ ငါသည် သန့်ရှင်းသောအရှင်၏စကားတော်ကို မငြင်းဆန်ခဲ့ပါ။ Ver CapítuloCommon Language Bible10 ထိုသို့ဖြစ်လျှင်ငါသည် သက်သာရ၏။ ငြိုငြင်သော်လည်း သည်းခံမည်။ ငါ့ကိုနှမြောတော်မမူပါစေနှင့်။ သန့်ရှင်တော်မူသောသူ၏စကားကို ငါမငြင်းမဆန်ပြီ။ Ver CapítuloGarrad Bible10 သို့ မှ နှစ် သိမ့် ခွင့် ရ တော့ မည်။ သန့် ရှင်း တော် မူ သော အ ရှင်၏ အ မိန့် တော် ကို မ ငြင်း ဆန် သည် နှင့် အ ညီ၊ ညှာ တာ ခြင်း ကင်း သော ဝေ ဒ နာ ကြောင့် ရွှင် လန်း ရ တော့ မည်။ Ver CapítuloJudson Bible10 ထိုသို့ဖြစ်လျှင် ငါသည် သက်သာရ၏။ ငြိုငြင်သော်လည်း သည်းခံမည်။ ငါ့ကို နှမြောတော်မမူပါစေနှင့်။ သန့်ရှင်းတော်မူသောသူ၏ စကားတော်ကို ငါမငြင်းမဆန်ပြီ။ Ver Capítulo |
မြင့်မြတ်၍ချီးမြှောက်ခြင်းခံတော်မူသော၊ ထာဝရအသက်ရှင်တော်မူသော၊ သန့်ရှင်းခြင်းဟု နာမရှိတော်မူသောအရှင်က “ငါသည် စိတ်နှလုံးကျိုးပဲ့ကြေမွသောသူ၊ စိတ်နှိမ့်ချသောသူတို့နှင့်အတူ အထွတ်အမြတ်ထားရာအရပ်၊ သန့်ရှင်းသောအရပ်၌ ကိန်းဝပ်၏။ စိတ်အားငယ်သောသူ၊ စိတ်နှလုံးကျိုးပဲ့ကြေမွသောသူတို့ကို အားဖြည့်ပေးရန် သူတို့တွင် ငါကိန်းဝပ်၏။
ထာဝရဘုရားသည် ထိုသူကို ခွင့်လွှတ်တော်မူမည်မဟုတ်။ အကယ်စင်စစ် ထာဝရဘုရား၏အမျက်တော်၊ သဝန်တိုစိတ်သည် ထိုသူကို တငွေ့ငွေ့လောင်ကျွမ်းမည်။ ဤကျမ်း၌ရေးသားထားသောကျိန်ခြင်းရှိသမျှတို့သည် သူ့အပေါ်သို့ ကျရောက်မည်။ ထာဝရဘုရားသည် သူ၏အမည်ကို မိုးကောင်းကင်အောက်မှ ပယ်ဖျက်တော်မူမည်။
ထိုသတ္တဝါလေးပါးအသီးသီးတို့တွင် တောင်ပံခြောက်ခုစီရှိ၍ ပတ်ပတ်လည်နှင့်အတွင်းဘက်၌ မျက်စိများဖြင့်ပြည့်လျက်ရှိကြ၏။ သူတို့သည် နေ့ရောညပါ ရပ်နားခြင်းမရှိဘဲ “ယခုရှိလျက် ယခင်ကလည်းရှိလျက် နောင်အခါကြွလာမည့် အနန္တတန်ခိုးနှင့်ပြည့်စုံတော်မူသော ထာဝရအရှင်ဘုရားသခင်သည် သန့်ရှင်းတော်မူ၏။ သန့်ရှင်းတော်မူ၏။ သန့်ရှင်းတော်မူ၏”ဟု ကြွေးကြော်နေကြ၏။