ထို့နောက် ရောဗောင်မင်းကြီးသည် ခမည်းတော်ရှောလမုန်မင်းကြီးအသက်ရှင်စဉ်က ရှေ့တော်၌ခစားသူများဖြစ်သည့် သက်ကြီးဝါကြီးများအား “သင်တို့ မည်သို့အကြံပေးမည်နည်း။ ဤလူတို့အား မည်သို့ပြန်ပြောရမည်နည်း”ဟု တိုင်ပင်မေးမြန်းရာ
ယောဘဝတ္တု။ 12:12 - မြန်မာ့စံမီသမ္မာကျမ်း အသက်ကြီးရင့်သောသူတို့သည် ဉာဏ်ပညာရှိပြီး အသက်ရှည်သောသူတို့သည် ထိုးထွင်းဉာဏ်ရှိကြသည် မဟုတ်လော။ Common Language Bible အသက်အရွယ်ကြီးသော သူတို့သည် ဥာဏ်ပညာနှင့် ပြည့်စုံကြ၏။ Garrad Bible ထို သို့ အို မင်း သူ တို့ သည်၊ ဉာဏ် ပ ညာ ရှိ လျက်၊ အ သက် ရှည်၍ လည်း ဉာဏ် ပ ဋိ ဘာန် ရ၏။ Judson Bible အသက်အရွယ်ကြီးသော သူတို့သည် ဉာဏ်ပညာနှင့် ပြည့်စုံကြ၏။ |
ထို့နောက် ရောဗောင်မင်းကြီးသည် ခမည်းတော်ရှောလမုန်မင်းကြီးအသက်ရှင်စဉ်က ရှေ့တော်၌ခစားသူများဖြစ်သည့် သက်ကြီးဝါကြီးများအား “သင်တို့ မည်သို့အကြံပေးမည်နည်း။ ဤလူတို့အား မည်သို့ပြန်ပြောရမည်နည်း”ဟု တိုင်ပင်မေးမြန်းရာ
ငါတို့တွင် ဆံပင်လည်းဖြူ၊ အသက်လည်းကြီးသောသူတို့ ရှိကြ၏။ သင့်ဖခင်ထက်ပင် အသက်ပိုကြီးကြသေး၏။
ထို့ကြောင့် ဗုဇအမျိုး၊ ဗာရခေလ၏သား ဧလိဟုက “အကျွန်ုပ်သည် အသက်ငယ်၍ သင်တို့သည် အသက်ကြီးသောကြောင့် အကျွန်ုပ်၏ထင်မြင်ချက်ကို ထုတ်ဖော်ပြဖို့ ကြောက်ရွံ့လျက် မဝံ့မရဲ ဖြစ်ရပါ၏။
‘အသက်ကြီးသူသည် ပြောဆိုသင့်၏၊ နှစ်ပေါင်းများစွာအသက်ရှင်ခဲ့သူသည် ဉာဏ်ပညာအကြောင်းကို သွန်သင်ပေးသင့်၏’ဟု အကျွန်ုပ်တွေးမိပါ၏။
ယခင်မျိုးဆက်တို့ကို မေးမြန်းကြည့်လော့။ သူတို့ဘိုးဘေးတို့ စူးစမ်းလေ့လာခဲ့သောအရာကို ဆင်ခြင်ကြည့်လော့။