ငါတို့၏ဘုရားသခင်ထာဝရဘုရားသည် မတရားမှုကိုမပြု၊ မျက်နှာလိုက်ခြင်းမရှိ၊ တံစိုးလက်ဆောင်မခံယူ။ ထို့ကြောင့် ထာဝရဘုရားကို ကြောက်ရွံ့ပြီး သတိနှင့်လုပ်ဆောင်ကြပါလော့”ဟု မှာကြား၏။
ယာကုပ် 2:1 - မြန်မာ့စံမီသမ္မာကျမ်း ငါ့ညီအစ်ကိုတို့၊ ဘုန်းအသရေနှင့်ပြည့်စုံတော်မူသော ငါတို့သခင်ယေရှုခရစ်တော်ကို ယုံကြည်ခြင်းအရာ၌ မျက်နှာလိုက်ခြင်းမရှိကြနှင့်။ Common Language Bible ငါ့ညီအစ်ကိုတို့၊ သင်တို့သည်ငါတို့၏ဘုန်း အသရေတော်ရှင်သခင်ယေရှုခရစ်ကို သက် ဝင်ယုံကြည်သူများဖြစ်ကြသည့်အလျောက် လူတို့အားမျက်နှာကြီးငယ်လိုက်၍မဆက် ဆံကြနှင့်။- Garrad Bible ညီ အစ် ကို တို့၊ ဘုန်း ကြီး တော် မူ သော ငါ တို့ အ ရှင် ယေ ရှု ခ ရစ်၏ ယုံ ကြည် ခြင်း တ ရား တော် ကို စွဲ ကိုင် ရာ မျက် နှာ မ ငဲ့ ကြ နှင့်။ Judson Bible ငါ့ညီအစ်ကိုတို့၊ ဘုန်းကြီးတော်မူသော ငါတို့ သခင်ယေရှုခရစ်ကို ယုံကြည်ခြင်းအမှုမှာ၊ လူမျက်နှာကို ထောက်ခြင်းမရှိကြနှင့်။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ညီအစ်ကိုမောင်နှမတို့… သင်တို့သည် ဘုန်းကြီးသော ကျွန်ုပ်တို့၏သခင် ယေရှုခရစ်တော်ကို ယုံကြည်သောသူများဖြစ်သည်နှင့်အညီ လူတို့ကို မျက်နှာလိုက်၍ မဆက်ဆံကြနှင့်။ |
ငါတို့၏ဘုရားသခင်ထာဝရဘုရားသည် မတရားမှုကိုမပြု၊ မျက်နှာလိုက်ခြင်းမရှိ၊ တံစိုးလက်ဆောင်မခံယူ။ ထို့ကြောင့် ထာဝရဘုရားကို ကြောက်ရွံ့ပြီး သတိနှင့်လုပ်ဆောင်ကြပါလော့”ဟု မှာကြား၏။
ထို့ပြင် ဤအရာများကား ပညာရှိတို့၏စကားဖြစ်၏။ တရားစီရင်ရာ၌ မျက်နှာလိုက်ခြင်းသည် မကောင်းပေ။
မျက်နှာလိုက်ခြင်းသည် မကောင်းပေ။ သို့သော် လူသည် မုန့်တစ်လုတ်စာအတွက် အပြစ်ကျူးလွန်တတ်၏။
တရားစီရင်ရာတွင် မတရားသဖြင့် မစီရင်ရ။ ဆင်းရဲသောသူကို ဘက်မလိုက်ရ။ ချမ်းသာသောသူကိုလည်း မလိုက်လျောရ။ သင်၏အိမ်နီးချင်းကို ဖြောင့်မတ်စွာတရားစီရင်ရမည်။
ထို့နောက် သူတို့၏တပည့်များကို ဟေရုဒ်၏လူများနှင့်အတူ အထံတော်သို့စေလွှတ်ကာ “ဆရာ၊ ဆရာသည် ဖြောင့်မှန်သောသူဖြစ်ပြီး ဘုရားသခင်၏တရားလမ်းကို သမ္မာတရားနှင့်အညီ သွန်သင်ကြောင်းကိုလည်းကောင်း၊ လူ့မျက်နှာကိုမထောက်သောကြောင့် မည်သူ့ကိုမျှ အားမနာကြောင်းကိုလည်းကောင်း အကျွန်ုပ်တို့သိကြပါ၏။
ဘုရားသခင်ရှေ့တော်၌နောင်တရခြင်း၊ ငါတို့၏သခင်ယေရှုကိုယုံကြည်ခြင်းအကြောင်းတို့ကို ဂျူးလူမျိုးနှင့်ဂရိလူမျိုး နှစ်မျိုးစလုံးတို့အား သက်သေခံခဲ့၏။
ရက်အနည်းငယ်ကြာပြီးနောက် ဖေလဇ်မင်းသည် ဂျူးအမျိုးသမီးဖြစ်သော မိမိဇနီးဒြုသိလေနှင့်အတူရောက်လာ၍ ပေါလုကိုဆင့်ခေါ်လျက် ခရစ်တော်ယေရှုအားယုံကြည်ခြင်းအကြောင်းကို သူ့ထံမှနားထောင်လေ၏။
သတေဖန်က “ညီအစ်ကိုတို့နှင့်အဖတို့၊ နားထောင်ကြပါ။ ငါတို့အဖအာဗြဟံသည် ခါရန်မြို့၌မနေထိုင်မီ မက်ဆိုပိုတေးမီးယားပြည်၌ရှိစဉ် ဘုန်းကြီးတော်မူသောဘုရားသခင်သည် သူ့အားထင်ရှားလျက်
သင်တို့ကို ငါအလွန်တွေ့မြင်လိုသည်မှာ သင်တို့အား ဝိညာဉ်ဆုကျေးဇူးအချို့ကိုဝေမျှပေး၍ သင်တို့ကိုခိုင်ခံ့မြဲမြံစေရန်ဖြစ်၏။
ဤလောကကိုအုပ်ချုပ်သူများတွင် မည်သူကမျှ ထိုဉာဏ်ပညာကိုမသိချေ။ သူတို့သိခဲ့လျှင်မူကား ဘုန်းအသရေနှင့်ပြည့်စုံတော်မူသောသခင်ကို လက်ဝါးကပ်တိုင်ပေါ်၌တင်ခဲ့ကြမည်မဟုတ်။
သင်တို့သည် တရားစီရင်သောအခါ မျက်နှာကြီး၊ မျက်နှာငယ် ဟူ၍မျက်နှာမလိုက်ဘဲ ကြားနာစစ်ဆေးရမည်။ တရားစီရင်ခြင်းကို ဘုရားသခင်ပိုင်တော်မူသောကြောင့် မည်သူ့ကိုမျှ မကြောက်နှင့်။ ခက်ခဲသောအမှုကို ငါ့ထံ တင်ပြလော့။ ငါ ကြားနာစစ်ဆေးပေးမည်’ဟု ငါပြောခဲ့၏။
သင်သည် တရားမျှတခြင်းမှမသွေဖည်ရ၊ မျက်နှာမလိုက်ရ၊ တံစိုးလက်ဆောင်ကို လက်မခံရ။ အကြောင်းမူကား တံစိုးလက်ဆောင်သည် ပညာရှိ၏မျက်စိကို ကန်းစေ၍ ဖြောင့်မတ်သောစကားကို မှားယွင်းချွတ်ချော်စေတတ်၏။
အကြောင်းမှာ ခရစ်တော်ယေရှုအပေါ်၌ရှိသောသင်တို့၏ယုံကြည်ခြင်းနှင့် သန့်ရှင်းသူအပေါင်းတို့အပေါ် သင်တို့ထားရှိသည့် ချစ်ခြင်းမေတ္တာအကြောင်းကို ငါတို့ကြားရသောကြောင့်ဖြစ်၏။
အချို့သောသူတို့သည် ထိုအသိစိတ်ကို ပစ်ပယ်ကြသည့်အတွက် ယုံကြည်ခြင်းအရာ၌ သင်္ဘောပျက်စီးဆုံးရှုံးမှုကိုခံရကြပြီ။
သင်သည် ဤအရာတို့ကို ခွဲခြားခြင်းမရှိဘဲ စောင့်ရှောက်၍ မည်သည့်အရာကိုမျှ ဘက်လိုက်ခြင်းမရှိဘဲပြုမူရန် ဘုရားသခင်နှင့် ခရစ်တော်ယေရှုမှစ၍ ရွေးကောက်ခံရသောကောင်းကင်တမန်တို့ရှေ့၌ ငါအလေးအနက်တိုက်တွန်း၏။
ဘုရားသခင်၏အစေအပါးနှင့် ယေရှုခရစ်တော်၏တမန်တော်ဖြစ်သော ငါပေါလုသည် စာရေးလိုက်ပါ၏။ ငါသည် ဘုရားသခင်ရွေးကောက်တော်မူသောသူတို့၏ယုံကြည်ခြင်းအတွက်လည်းကောင်း၊ ထာဝရအသက်ကိုမျှော်လင့်ခြင်းအားဖြင့် ဘုရားဝတ်၌မွေ့လျော်ခြင်းနှင့်အညီ သမ္မာတရားကိုသိရှိစေရန်အတွက်လည်းကောင်း တမန်တော်ဖြစ်လာ၏။
ကြီးမြတ်သည့်ဘုရားသခင်ဖြစ်တော်မူသော ငါတို့၏ကယ်တင်ရှင်ယေရှုခရစ်တော်၏ဘုန်းတော်ပေါ်ထွန်းခြင်းတည်းဟူသော မင်္ဂလာရှိသောမျှော်လင့်ခြင်းကို စောင့်မျှော်ရန်လည်းကောင်း ဆုံးမသွန်သင်လျက်ရှိ၏။
သားတော်သည် ဘုရားသခင်၏ဘုန်းတော်ရောင်ခြည်နှင့် ဇာတိအဖြစ်တော်တို့ကို ထင်ဟပ်သောပုံသဏ္ဌာန်ဖြစ်တော်မူပြီး မိမိ၏တန်ခိုးနှင့်ပြည့်စုံသော နှုတ်ကပတ်တော်အားဖြင့် အရာခပ်သိမ်းကိုတည်စေ၍ အပြစ်များအတွက် စင်ကြယ်ခြင်းဝတ်ကိုပြုပြီးလျှင် အထက်ကောင်းကင်၌ ဘုန်းတန်ခိုးရှင်၏လက်ယာဘက်တွင် ထိုင်တော်မူ၏။
ယုံကြည်ခြင်းကိုအစပြုဖြစ်တည်စေ၍ စုံလင်စေသည့်အရှင်ဖြစ်တော်မူသောယေရှုကို မျက်မှောက်ပြုကြကုန်စို့။ ကိုယ်တော်သည် မိမိရှေ့၌ပြင်ဆင်ထားသောဝမ်းမြောက်ခြင်းကြောင့် ရှက်ဖွယ်ရာများကိုပင် အမှုမထားဘဲ လက်ဝါးကပ်တိုင်၏ဒဏ်ကိုသည်းခံပြီးလျှင် ဘုရားသခင်၏ပလ္လင်တော်လက်ယာဘက်၌ ထိုင်တော်မူ၏။
ငါချစ်သောညီအစ်ကိုတို့၊ ဤအချက်ကို သိမှတ်ကြလော့။ လူတိုင်းသည် ကြားနာခြင်းအရာ၌ လျင်မြန်၍ စကားပြောခြင်းနှင့်အမျက်ထွက်ခြင်းအရာတို့၌ နှေးကွေးကြစေ။
သင်တို့သည် တင့်တယ်သောအဝတ်ဝတ်ဆင်ထားသောသူကို ဂရုစိုက်လျက် “သင်သည် ဤနေရာကောင်းတွင် ထိုင်ပါ”ဟု ဆို၍ ဆင်းရဲသောသူကိုမူကား “သင်သည် ထိုနေရာတွင်ရပ်နေပါ၊ သို့မဟုတ် ငါ၏ခြေရင်းကြမ်းပြင်ပေါ်၌ ထိုင်ပါ”ဟု ဆိုလျှင်
သို့သော် မျက်နှာလိုက်လျှင် သင်တို့သည် အပြစ်ပြုကြသည်ဖြစ်၍ ဖောက်ဖျက်ကျူးလွန်သူအဖြစ် ပညတ်တရားအားဖြင့် အပြစ်ဖော်ပြခြင်းကိုခံရမည်။
သို့သော် အထက်အရပ်မှလာသောဉာဏ်ပညာသည် ပထမဦးစွာ သန့်ရှင်းစင်ကြယ်၏။ ထို့နောက် ငြိမ်းချမ်းသောသဘော၊ ညင်သာသောသဘောနှင့် ပျော့ပျောင်းသောသဘောရှိ၍ ကရုဏာနှင့်ကောင်းမြတ်သောအသီးအပွင့်တို့ဖြင့်ပြည့်စုံကာ မျက်နှာလိုက်ခြင်း၊ ဟန်ဆောင်ခြင်းတို့နှင့် ကင်းစင်၏။
ယေရှုခရစ်တော်၏အစေအပါးနှင့်တမန်တော်ဖြစ်သောငါရှိမုန်ပေတရုသည် ငါတို့ဘုရားသခင်နှင့်ကယ်တင်ရှင်ဖြစ်တော်မူသော ယေရှုခရစ်တော်၏ဖြောင့်မတ်ခြင်းအားဖြင့် ငါတို့နည်းတူ အဖိုးထိုက်သည့်ယုံကြည်ခြင်းကို ခံယူရရှိသောသူတို့ထံသို့ စာရေးလိုက်ပါ၏။
သူတို့သည် ညည်းညူတတ်သောသူ၊ သူတစ်ပါး၏အပြစ်ကိုရှာတတ်သောသူဖြစ်ကြပြီး မိမိတို့၏တပ်မက်ခြင်းအတိုင်း လျှောက်လှမ်းနေကြ၏။ သူတို့၏နှုတ်သည်လည်း ချဲ့ထွင်ဝါကြွားပြောဆိုတတ်၍ ကိုယ်ကျိုးအတွက် လူတို့ကိုမြှောက်ပင့်တတ်ကြ၏။
ဤနေရာတွင် ဘုရားသခင်၏ပညတ်တော်တို့ကိုလည်းကောင်း၊ ယေရှု၌ယုံကြည်ခြင်းကိုလည်းကောင်း စောင့်ထိန်းသော သန့်ရှင်းသူတို့၏သည်းခံခြင်းရှိ၏။