တမန်တော်ဝတ္ထု 20:21 - မြန်မာ့စံမီသမ္မာကျမ်း21 ဘုရားသခင်ရှေ့တော်၌နောင်တရခြင်း၊ ငါတို့၏သခင်ယေရှုကိုယုံကြည်ခြင်းအကြောင်းတို့ကို ဂျူးလူမျိုးနှင့်ဂရိလူမျိုး နှစ်မျိုးစလုံးတို့အား သက်သေခံခဲ့၏။ Ver CapítuloCommon Language Bible21 နောင်တရ၍ဘုရားသခင်ထံတော်သို့ချဉ်း ကပ်ကြစေရန်နှင့် ငါတို့၏သခင်ယေရှုကို ယုံကြည်ကြစေရန် ငါသည်ယုဒအမျိုးသား များအားလည်းကောင်း၊ ဂရိအမျိုးသားအား လည်းကောင်းလေးနက်စွာသတိပေးခဲ့၏။- Ver CapítuloJudson Bible21 ဘုရားသခင့်ရှေ့တော်၌ နောင်တရခြင်းတရားကိုလည်းကောင်း၊ ငါတို့သခင်ယေရှုခရစ်ကို ယုံကြည်ခြင်းတရားကိုလည်းကောင်း၊ ယုဒလူ၊ ဟေလသလူတို့အား သက်သေခံသည် အကြောင်းအရာကို သင်တို့သိကြ၏။ Ver Capítuloခေတ်သစ်မြန်မာ သမ္မာကျမ်း21 နောင်တရ၍ ဘုရားသခင်ထံတော်သို့ ပြန်လာကြစေရန်နှင့် ကျွန်ုပ်တို့၏သခင်ယေရှုကို ယုံကြည်စေရန် ဂျူးလူမျိုးများနှင့် ဂရိလူမျိုးများကို လေးနက်စွာ ဟောပြောခဲ့၏။ Ver Capítulo |
ဤသည်ကား သူတို့၏မျက်စိကိုဖွင့်ပေး၍ သူတို့ကို အမှောင်မှ အလင်းသို့လည်းကောင်း၊ စာတန်၏အခွင့်အာဏာမှ ဘုရားသခင်ထံသို့လည်းကောင်း ပြောင်းလဲစေသဖြင့် သူတို့သည် ငါ့ကိုယုံကြည်ခြင်းအားဖြင့် အပြစ်များခွင့်လွှတ်ခြင်းကျေးဇူးကိုခံစားရကာ သန့်ရှင်းစေခြင်းခံရသောသူတို့ထဲတွင် ပါဝင်ရမည့်အကြောင်းတည်း’ဟု မိန့်တော်မူခဲ့ပါသည်။
ထို့နောက် သူတို့သည် ပေါလုနှင့် ရက်ကိုချိန်းချက်ပြီးမှ ပို၍များစွာသောသူတို့နှင့်တကွ သူတည်းခိုရာအရပ်သို့ ရောက်လာကြ၏။ ပေါလုသည် နံနက်စောစောအချိန်မှစ၍ ညနေအချိန်တိုင်အောင် ထိုသူတို့အား ဘုရားသခင်၏နိုင်ငံတော်အကြောင်းကိုရှင်းပြလျက် သက်သေခံကာ မောရှေ၏ပညတ်တရားကျမ်းနှင့် ပရောဖက်ကျမ်းများကိုကိုးကား၍ ယေရှုအကြောင်းကို သူတို့အားပြောပြစည်းရုံးလေ၏။
သို့သော် လူသည် ပညတ်တရားနှင့်ဆိုင်သော အကျင့်အားဖြင့်မဟုတ်ဘဲ ယေရှုခရစ်တော်ကိုယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုခြင်းခံရကြောင်း သိကြသဖြင့် ငါတို့သည် ပညတ်တရားနှင့်ဆိုင်သော အကျင့်အားဖြင့်မဟုတ်ဘဲ ခရစ်တော်ကိုယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုခြင်းခံရရန် ခရစ်တော်ယေရှုကို ယုံကြည်ကြ၏။ အကြောင်းမူကား ပညတ်တရားနှင့်ဆိုင်သော အကျင့်အားဖြင့် မည်သူမျှ ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုခြင်းခံရမည်မဟုတ်။