Biblia Todo Logo
La Biblia Online
- Anuncios -




ဟေ​ဗြဲ 1:3 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

3 သား​တော်​သည် ဘုရားသခင်​၏​ဘုန်း​တော်​ရောင်ခြည်​နှင့် ဇာတိ​အဖြစ်​တော်​တို့​ကို ထင်ဟပ်​သော​ပုံသဏ္ဌာန်​ဖြစ်​တော်မူ​ပြီး မိမိ​၏​တန်ခိုး​နှင့်​ပြည့်စုံ​သော နှုတ်ကပတ်တော်​အားဖြင့် အရာ​ခပ်သိမ်း​ကို​တည်​စေ​၍ အပြစ်​များ​အတွက် စင်ကြယ်​ခြင်း​ဝတ်​ကို​ပြု​ပြီးလျှင် အထက်​ကောင်းကင်​၌ ဘုန်းတန်ခိုး​ရှင်​၏​လက်ယာ​ဘက်​တွင် ထိုင်​တော်မူ​၏။

Ver Capítulo Copiar

Common Language Bible

3 သား​တော်​သည် ဘု​ရား​သ​ခင်​၏ ဘုန်း​အ​သ​ရေ နှင့်​ထွန်း​လင်း​တောက်​ပ​လျက်​ရှိ​၏။ ကိုယ်​တော် သည်​ဘု​ရား​သ​ခင်​၏​ဇာ​တိ​အ​ဖြစ်​တော်​တိ​ကျ မှန်​ကန်​သော​ပုံ​သဏ္ဌာန်​ဖြစ်​လျက် မိ​မိ​၏​တန်​ခိုး နှင့်​ပြည့်​စုံ​သော​အ​မိန့်​တော်​အား​ဖြင့် စ​ကြ​ဝ​ဠာ ကို​တည်​နေ​စေ​တော်​မူ​၏။ ကိုယ်​တော်​သည်​လူ​သား တို့​အား​အ​ပြစ်​များ​မှ​ပြေ​လွတ်​စေ​ရန်​ဆောင် ရွက်​တော်​မူ​ပြီး​နောက် ကောင်း​ကင်​ဘုံ​တွင်​အ​နန္တ တန်​ခိုး​ရှင်​ဘု​ရား​သ​ခင်​၏​လက်​ယာ​တော် ဘက်​၌​ထိုင်​တော်​မူ​၏။

Ver Capítulo Copiar

Garrad Bible

3 ထို သား တော် သည် ဘုန်း တော်၏ ရောင် ခြည် အ တ္တ တော်၏ ပုံ သ ဏ္ဌာန် ဖြစ် လျက် တန် ခိုး တော့် ဆိုင် ရာ အ မိန့် တော် ဖြင့် အ ရာ ခပ် သိမ်း ကို ထမ်း လျက် ငါ တို့ အ ပြစ် များ ကို သန့် စေ ပြီး လျှင် ဘ ဝဂ် ရှိ ဘုန်း တန် ခိုး တော် ရှင်၏ ယာ ဘက် တော်၌ စံ တော် မူ ရာ၊

Ver Capítulo Copiar

Judson Bible

3 ထို​သား​တော်​သည် ဘု​ရား​သ​ခင်၏ ဘုန်း​တော်​ရောင်​ခြည်​နှင့် ဇာ​တိ​အ​ဖြစ်​တော်၏ ပုံ​သ​ဏ္ဌာန်​ဖြစ်၍၊ တန်​ခိုး​နှင့် ပြည့်​စုံ​သော မိ​မိ​အ​မိန့်​တော်​အား​ဖြင့် ခပ်​သိမ်း​သော​အ​ရာ​တို့​ကို မ​စ​တော်​မူ​သော​သူ​ဖြစ်​လျက်၊ ငါ​တို့​အ​ပြစ်​များ​ကို ကိုယ်​တော်​တိုင်​အား​ဖြင့် သုတ်​သင်​ပယ်​ရှင်း​ပြီး​လျှင်၊ မြင့်​သော​အ​ရပ်​မှာ တန်​ခိုး​အာ​နု​ဘော်​တော်၏ လက်​ယာ​ဘက်၌ ထိုင်​တော်​မူ၏။

Ver Capítulo Copiar

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

3 သားတော်​သည် ဘုရားသခင်​၏ ဘုန်းရောင်ခြည်​နှင့် ထွန်းတောက်​လျက်​ရှိပြီး ဘုရားသခင်​၏ စစ်မှန်သည့် စရိုက်​လက္ခဏာ​ကို ထင်ရှားစေတော်မူ၏။ ကိုယ်တော်​သည် မိမိ​၏​တန်ခိုးကြီးသော အမိန့်တော်​ဖြင့် အရာ​အားလုံး​ကို တည်တံ့​စေတော်မူ​ကာ လောကီသားတို့​၏ အပြစ်များ​ကို ဖယ်ရှား​ပြီးနောက် အထက်​ကောင်းကင်ဘုံ​၌ ဘုန်းကြီးသော​တန်ခိုးရှင်​၏ လက်ယာတော်​ဘက်​၌ ထိုင်တော်မူ၏။

Ver Capítulo Copiar




ဟေ​ဗြဲ 1:3
42 Referencias Cruzadas  

အို ထာဝရဘုရား​၊ ကိုယ်တော်​သည် ကြီးမြတ်​တော်မူ​ပါ​၏​။ အစွမ်းတန်ခိုး​၊ ဘုန်း​တော်​၊ ဂုဏ်​တော်​နှင့်​ပြည့်စုံ​ပါ​၏​။ ခန့်ညားထည်ဝါ​ပါ​၏​။ ကောင်းကင်​နှင့် မြေကြီး​ပေါ်ရှိ​အရာ​အားလုံး​ကို ပိုင်သ​တော်မူ​ပါ​၏​။ နိုင်ငံ​တော်​သည် ထာဝရဘုရား​ပိုင်​တော်မူ​ရာ​ဖြစ်​ပါ​၏​။ ကိုယ်တော်​သည် အရာ​ခပ်သိမ်း​၏​ဦးခေါင်း​ထက်​တွင် ချီးမြှောက်​ခြင်း​ခံရ​သော​အရှင် ဖြစ်​တော်မူ​ပါ​၏​။


မြောက်အရပ်​မှ ရွှေ​ရောင်​အလင်းတန်း ဖြာထွက်​လာ​၏​။ ဘုရားသခင်​၏​ဘုန်းကျက်သရေ​တော်​မှာ အံ့မခန်းဖွယ်​ပါ​တကား​။


ထာဝရဘုရား​သည် ငါ​၏​သခင်​အား “​သင်​၏​ရန်သူ​တို့​ကို သင်​၏​ခြေတင်ခုံ​အောက်​၌ ငါ​ချထား​သည့်​တိုင်အောင် ငါ​၏​လက်ယာ​ဘက်​၌ ထိုင်​နေ​လော့​”​ဟု မိန့်​တော်မူ​၏​။


မြေကြီး​နှင့် မြေကြီး​ပေါ်၌ နေထိုင်​သော​သူ​အပေါင်း​တို့​သည် စိုးရိမ်​တုန်လှုပ်​ကြ​သောအခါ ငါ​သည် မြေကြီး​၏​တိုင်​တို့​ကို တည်ငြိမ်​စေ​၏​။(​စေလာ)


ရှင်ဘုရင်​၏​အမိန့်​၌ အခွင့်အာဏာ​ရှိ​၏​။ “​သင်​ဘာ​လုပ်​နေ​သနည်း​”​ဟု သူ့​ကို​မည်သူ​ပြော​နိုင်​သနည်း​။


ယဇ်ပုရောဟိတ်​သည် တစ်​ကောင်​ကို အပြစ်ဖြေရာယဇ်​အတွက်​၊ ကျန်​တစ်​ကောင်​ကို မီးရှို့ရာယဇ်​အတွက် ပူဇော်​ရ​မည်​။ ဤသို့ဖြင့် ယဇ်ပုရောဟိတ်​သည် အရိအရွဲ​ထွက်​သူ​အတွက် ထာဝရဘုရား​ရှေ့​တော်​၌ အပြစ်ဖြေလွှတ်​ခြင်း​ကို​ပြု​ပေး​ရ​မည်​။


သူ​သည် ထာဝရဘုရား​၏​အစွမ်း​၊ သူ​၏​ဘုရားသခင် ထာဝရဘုရား​၏​နာမ​တန်ခိုး​၌ ရပ်တည်​၍ မိမိ​သိုး​တို့​ကို​ထိန်းကျောင်း​လိမ့်မည်​။ သူ​သည် ယခု​မှစ၍ မြေကြီး​ဆုံး​တိုင်အောင်​ကြီးမြတ်​မည်​ဖြစ်၍ သိုး​တို့​သည်​လည်း လုံခြုံ​စွာ​နေ​ရ​ကြ​လိမ့်မည်​။


“ဆရာ၊ လူ​တစ်​ဦး​သည် သားသမီး​မ​ထွန်းကား​ဘဲ သေဆုံး​ခဲ့​လျှင် သူ​၏​ညီ​သည် အစ်ကို​၏​မယား​ကို ဆက်ခံ​ထိမ်းမြား​လျက် သူ့​အစ်ကို​၏​မျိုးဆက်​ကို ပေါက်ဖွား​စေ​ရ​မည်​ဟု မောရှေ​ညွှန်ကြား​ခဲ့​ပါ​သည်။


သခင်​ယေရှု​သည် သူ​တို့​အား ထိုသို့​မိန့်​တော်မူ​ပြီးနောက် ကောင်းကင်​သို့​ဆောင်ယူ​ခြင်း​ကို​ခံ​တော်မူ​၍ ဘုရားသခင်​၏​လက်ယာ​တော်​ဘက်​၌ ထိုင်​တော်မူ​၏။


နှုတ်ကပတ်တော်​သည် လူသား​အဖြစ်​ကို​ခံယူ​၍ အကျွန်ုပ်​တို့​တွင်​စံမြန်း​တော်မူ​သဖြင့် အကျွန်ုပ်​တို့​သည် ကိုယ်တော်​၏​ဘုန်း​တော်​ကို ဖူးမြင်​ရ​ကြ​၏။ ထို​ဘုန်း​တော်​ကား ခမည်းတော်​ထံပါး​၌ တစ်ပါးတည်း​သော​သား​တော်​အဖြစ်​ရှိ​သော​ဘုန်း​တော်​ဖြစ်​လျက် ကျေးဇူး​တော်​နှင့်​လည်းကောင်း၊ သမ္မာတရား​နှင့်​လည်းကောင်း ပြည့်စုံ​၏။


နောက်တစ်နေ့​၌ ယောဟန်​သည် မိမိ​ထံသို့ ယေရှု​ကြွလာ​တော်မူ​သည်​ကို​မြင်​လျှင် “ကြည့်​လော့။ ဤ​လောက​၏​အပြစ်​ကို​ယူဆောင်​သွား​သော ဘုရားသခင်​၏​သိုးသငယ်​တော်​ပေ​တည်း။


နှုတ်ကပတ်တော်​၌ အသက်​ရှိ​၍ ထို​အသက်​သည် လူ​တို့​၏​အလင်း​ဖြစ်​၏။


ထိုသို့​ယေရှု​သည် ဘုရားသခင်​၏​လက်ယာ​တော်​ဘက်​၌ ချီးမြှောက်​ခြင်း​ကို​ခံရ​ပြီးနောက် ကတိ​ထား​တော်မူ​သည့်​သန့်ရှင်း​သော​ဝိညာဉ်​တော်​ကို ခမည်းတော်​ထံမှ​ခံယူ​ရရှိ​လျက် သင်​တို့​တွေ့မြင်​ကြားသိ​သည့်​အတိုင်း ထို​ဝိညာဉ်​တော်​ကို​သွန်းလောင်း​တော်မူ​၏။


“ကြည့်​ပါ။ ကောင်းကင်​သည်​ပွင့်​၍ လူ့သား​သည် ဘုရားသခင်​၏​လက်ယာ​တော်​ဘက်​၌ ရပ်​နေ​သည်​ကို ငါ​မြင်​၏”​ဟု ဆို​လေ​၏။


ငါ​သည် ကောင်းမြတ်​သော​သတင်း​အတွက် ရှက်ကြောက်​ခြင်း​မ​ရှိ။ အကြောင်းမူကား ဤ​သတင်း​သည် ဦးစွာ​ဂျူး​လူမျိုး ထို့နောက် ဂရိ​လူမျိုး​အပါအဝင် ယုံကြည်​သော​သူ​အပေါင်း​တို့​အား ကယ်တင်​ခြင်း​ရရှိ​စေ​သော ဘုရားသခင်​၏​တန်ခိုး​တော်​ဖြစ်​၏။


မည်သူ​သည် ပြစ်ဒဏ်​စီရင်​မည်နည်း။ အသေခံ​တော်မူ​သည်​သာမက ထမြောက်​တော်မူ​သော ခရစ်တော်​ယေရှု​သည် ဘုရားသခင်​၏​လက်ယာ​တော်​ဘက်​၌​နေ​၍ ငါ​တို့​အတွက် အသနားခံ​ပေး​တော်မူ​၏။


ထို​သူ​တို့​နှင့်​ပတ်သက်၍​ပြော​ရ​လျှင် ဘုရားသခင်​၏​ပုံသဏ္ဌာန်​တော်​ဖြစ်​သော ခရစ်တော်​၏​ဘုန်း​အသရေ​နှင့်​ပြည့်စုံ​သည့် ကောင်းမြတ်​သော​သတင်း​၏​အလင်းရောင်​ကို​မ​မြင်​စေရန် ဤ​လောက​၏​ဘုရား​သည် မ​ယုံကြည်​သော​သူ​တို့​၏​စိတ်နှလုံး​ကို ကွယ်​စေ​၏။


သို့ဖြစ်၍ သင်​တို့​သည် ခရစ်တော်​နှင့်အတူ​ထမြောက်​ကြ​သည်​ဆိုလျှင် ဘုရားသခင်​၏​လက်ယာ​တော်​ဘက်​၌ ထိုင်​တော်မူ​သော​ခရစ်တော်​ရှိ​ရာ အထက်​အရပ်​၌​ရှိ​သည့်​အရာ​များ​ကို ရှာဖွေ​ကြ​လော့။


ခရစ်တော်​သည် ငါ​တို့​ကို ခပ်သိမ်း​သော​တရားမဲ့​ခြင်း​ထဲမှ ရွေးနုတ်​ကယ်တင်​ရန်​နှင့် ကောင်း​သော​အမှု​၌ စိတ်အား​ထက်သန်​သည့် မိမိ​ပိုင်​တော်မူ​သော​လူမျိုး​ကို မိမိ​အတွက်​စင်ကြယ်​စေ​ရန် ငါ​တို့​အတွက် မိမိကိုယ်ကို​စွန့်​တော်မူ​၏။


ထို့ပြင် ဘုရားသခင်​သည် မည်သည့်​ကောင်းကင်​တမန်​အား “သင့်​ရန်သူ​တို့​ကို သင်​၏​ခြေ​တင်ခုံ​အဖြစ် ငါ​ချ​ထား​သည့်​တိုင်အောင် ငါ​၏​လက်ယာ​ဘက်​၌ ထိုင်​နေ​လော့”​ဟု မိန့်​တော်မူ​ခဲ့​ဖူး​သနည်း။


သို့သော် ခရစ်တော်​သည် တစ်ခုတည်း​သော​ယဇ်​ကို အပြစ်​များ​အတွက် ထာဝစဉ်​ပူဇော်​ပြီးလျှင် ထို​အချိန်​မှစ၍ ဘုရားသခင်​၏​လက်ယာ​တော်​ဘက်​၌​ထိုင်​လျက်


ယုံကြည်​ခြင်း​ကို​အစပြု​ဖြစ်တည်​စေ​၍ စုံလင်​စေ​သည့်​အရှင်​ဖြစ်​တော်မူ​သော​ယေရှု​ကို မျက်မှောက်​ပြု​ကြ​ကုန်စို့။ ကိုယ်တော်​သည် မိမိ​ရှေ့၌​ပြင်ဆင်​ထား​သော​ဝမ်းမြောက်​ခြင်း​ကြောင့် ရှက်ဖွယ်ရာ​များ​ကို​ပင် အမှုမထား​ဘဲ လက်ဝါးကပ်တိုင်​၏​ဒဏ်​ကို​သည်းခံ​ပြီးလျှင် ဘုရားသခင်​၏​ပလ္လင်​တော်​လက်ယာ​ဘက်​၌ ထိုင်​တော်မူ​၏။


ထို့ကြောင့် ကောင်းကင်​တို့​ကို​ဖြတ်​၍​ကြွ​တော်မူ​သည့် ကြီးမြတ်​သော ယဇ်ပုရောဟိတ်​မင်း​တည်းဟူသော ဘုရားသခင်​၏​သား​တော်​ယေရှု​သည် ငါ​တို့​၌​ရှိ​တော်မူ​သည်​ဖြစ်၍ ငါ​တို့​ယုံကြည်​ဝန်ခံ​သော​အရာ​ကို စွဲကိုင်​ထား​ကြ​ကုန်​စို့။


အခြား​သော​ယဇ်ပုရောဟိတ်​မင်း​တို့​သည် ဦးစွာ မိမိ​တို့​အပြစ်​များ​အတွက်၊ ထို့နောက် လူ​တို့​၏​အပြစ်​များ​အတွက် နေ့စဉ် ယဇ်​ပူဇော်​သကဲ့သို့ ကိုယ်တော်​သည် ယဇ်​ပူဇော်​ရန်​မ​လိုအပ်​ပေ။ အကြောင်းမူကား ကိုယ်တော်​သည် မိမိကိုယ်ကို​တစ်ကြိမ်တည်း​နှင့်​အပြီး​ပူဇော်​ခြင်း​ဖြင့် ဤ​အမှု​ကို​ပြု​တော်မူ​၏။


ငါ​တို့​ပြောဆို​နေ​သော အကြောင်းအရာ​များ​၏​အဓိက​အချက်​ဟူမူကား ငါ​တို့​၌ ဤသို့​သော​ယဇ်ပုရောဟိတ်​မင်း​ရှိ​သည်​ဟူ၍​ဖြစ်​၏။ ကိုယ်တော်​သည် ကောင်းကင်​ဘုံ​ရှိ ဘုန်းတန်ခိုး​ရှင်​၏​ပလ္လင်​တော်​လက်ယာ​ဘက်​၌​ထိုင်​လျက်


သေတမ်းစာ​ကို​တင်ပြ​ရာ​တွင် ထို​သေတမ်းစာ​ကို​ရေး​ထား​သူ သေဆုံး​ပြီ​ဖြစ်​ကြောင်း အထောက်အထား​ပြ​ရန်​လိုအပ်​၏။


ထိုသို့​ပူဇော်​ရ​လျှင် ကမ္ဘာ​တည်​ချိန်​မှစ၍ ဒုက္ခ​ဝေဒနာ​ကို အကြိမ်ကြိမ်​ခံစား​ရ​ပေ​လိမ့်မည်။ ယခု​မူကား မိမိ​ကိုယ်​ကို​ပူဇော်​ခြင်း​အားဖြင့် အပြစ်​တရား​ကို​ပယ်ဖျက်​ရန် ကပ်​ကာလ​အဆုံး​၌ တစ်ကြိမ်တည်း​ပေါ်ထွန်း​တော်မူ​၏။


ကိုယ်တော်​အား သေ​သော​သူ​တို့​ထဲမှ ထမြောက်​စေ​၍ ဘုန်း​အသရေ​ပေး​တော်မူ​သော​ဘုရားသခင်​ကို ကိုယ်တော်​အားဖြင့် သင်​တို့​ယုံကြည်​ကြ​၏။ သို့ဖြစ်၍ သင်​တို့​၏​ယုံကြည်​ခြင်း​နှင့်​မျှော်လင့်​ခြင်း​တို့​သည် ဘုရားသခင်​ထဲ၌​တည်ရှိ​ကြ​၏။


ခရစ်တော်​သည် ကောင်းကင်​ဘုံ​သို့​ကြွ​တော်မူ​၍ ကောင်းကင်​တမန်​များ၊ အာဏာစက်​များ​နှင့် တန်ခိုး​တို့​ကို မိမိ​လက်အောက်​၌​ချ​ထား​လျက် ဘုရားသခင်​၏​လက်ယာ​တော်​ဘက်​၌​ရှိ​နေ​တော်မူ​၏။


အကြောင်းမူကား ငါ​တို့​သည် ငါ​တို့​သခင်​ယေရှု​ခရစ်တော်​၏​တန်ခိုး​တော်​နှင့် ကြွလာ​တော်မူ​ခြင်း​တို့​ကို သင်​တို့​အား​ပြောပြ​သောအခါ ပါးနပ်​စွာ​ဖန်တီး​ထား​သော​ဒဏ္ဍာရီ​များ​ကို အသုံးပြု​သည်​မ​ဟုတ်။ ငါ​တို့​သည် ထို​အရှင်​၏​ကြီးမြတ်​သော​တန်ခိုး​တော်​ကို ကိုယ်တိုင်​မြင်တွေ့​ရ​သူ​များ​ဖြစ်​ကြ​၏။


အကြောင်းမူကား ခမည်းတော်​ဘုရားသခင်​ထံမှ ဂုဏ်​တော်​နှင့်​ဘုန်း​တော်​ကို ကိုယ်တော်​ခံယူ​တော်မူ​စဉ် ကြီးမြတ်​သော​ဘုန်း​အသရေ​ထဲမှ “ဤ​သူ​ကား ငါ​ချစ်​သော ငါ့​သား​ပေတည်း။ သူ့​ကို ငါ​နှစ်သက်​၏”​ဟူသော​အသံ​တော်​သည် ကိုယ်တော်​ထံသို့​ရောက်ရှိ​လာ​၏။


သို့သော် ဘုရားသခင်​သည် အလင်း​၌​ရှိ​တော်မူ​သကဲ့သို့ ငါ​တို့​သည်​လည်း အလင်း​၌​အသက်ရှင်​လျှောက်လှမ်း​ကြ​လျှင် ငါ​တို့​အချင်းချင်း​၌ မိတ်သဟာယ​ဖွဲ့​ခြင်း​ရှိ​၍ ဘုရားသခင်​၏​သား​တော်​ယေရှု​၏​သွေး​တော်​သည် ငါ​တို့​ကို အပြစ်​ရှိသမျှ​တို့​မှ စင်ကြယ်​စေ​တော်မူ​၏။


ကိုယ်တော်​သည် အပြစ်​များ​ကို​ယူဆောင်​သွား​ရန် ပေါ်ထွန်း​တော်မူ​ခဲ့​ကြောင်း သင်​တို့​သိ​ကြ​၏။ ကိုယ်တော်​၌​ကား မည်သည့်​အပြစ်​မျှ​မ​ရှိ။


ငါ​တို့​၏​ကယ်တင်ရှင်၊ တစ်ဆူတည်း​သော​ဘုရားသခင်​၌ ငါ​တို့​၏​သခင်​ယေရှု​ခရစ်တော်​အားဖြင့် ဘုန်း​အသရေ​တော်၊ အာနုဘော်​တော်၊ တန်ခိုး​အရှိန်အဝါ​နှင့် အာဏာစက်​တို့​သည် ယခင်​ကာလ​အစဉ်အဆက်၊ ယခု​ကာလ​နှင့် နောင်လာမည့်​ကာလ​အစဉ်အဆက်​ရှိ​တော်မူ​ပါစေသော။ အာမင်။


ငါ​သည် အောင်မြင်​၍ ငါ့​ခမည်းတော်​နှင့်အတူ ခမည်းတော်​၏​ပလ္လင်​ပေါ်တွင်​ထိုင်​ရ​သကဲ့သို့ အောင်မြင်​သော​သူ​အား ငါ​၏​ပလ္လင်​ပေါ်တွင် ငါ​နှင့်အတူ​ထိုင်​ရ​သော​အခွင့်​ကို ငါ​ပေး​မည်။


“အကျွန်ုပ်​တို့​၏​ဘုရားသခင်​ထာဝရ​ဘုရား၊ ကိုယ်တော်​သည် ခပ်သိမ်း​သော​အရာ​တို့​ကို ဖန်ဆင်း​တော်မူ​သဖြင့် ထို​အရာ​တို့​သည် ကိုယ်တော်​၏​အလို​တော်​အားဖြင့်​ဖြစ်တည်​၍ ဖန်ဆင်း​ခြင်း​ခံရ​ပြီ​ဖြစ်​သောကြောင့် ကိုယ်တော်​သည် ဘုန်း​တော်၊ ဂုဏ်​တော်​နှင့် တန်ခိုး​တော်​တို့​ကို ခံယူ​ထိုက်​တော်မူ​၏”​ဟု ဆို​ကြ​၏။


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos