ထို့ကြောင့် ငါသည် အသက်ရှင်ရခြင်းကိုမုန်း၏။ အဘယ်ကြောင့်ဆိုသော် နေအောက်တွင်ပြုသောအမှုသည် ငါ့အတွက် ငြီးငွေ့ဖွယ်ကောင်း၏။ အကြောင်းမူကား ခပ်သိမ်းသောအရာသည် အချည်းနှီးဖြစ်ပြီး လေကိုလိုက်ဖမ်းခြင်းဖြစ်၏။
ဒေသနာကျမ်း။ 4:2 - မြန်မာ့စံမီသမ္မာကျမ်း ထို့ကြောင့် အသက်ရှင်နေသေးသောလူရှင်တို့ထက် သေလွန်ပြီးသောလူသေတို့ကို ငါထောမနာပြု၏။ Common Language Bible သို့ဖြစ်၍၊ သေလွန်ပြီးသော လူသေသည် အသက်ရှင်သေးသော လူရှင်ထက်သာ၍ မင်္ဂလာရှိသည် ဟု ငါဆိုရ၏။ Garrad Bible သို့ ဖြစ်၍၊ စု တေ နှင့် ပြီး သော သူ သေ တို့ သည်၊ အ သက် ရှိ သေး သော သူ ရှင် တို့ ထက်၊ ကောင်း လေ စွ ဟု ငါ ဆို ၏။ Judson Bible သို့ဖြစ်၍၊ သေလွန်ပြီးသော လူသေသည် အသက်ရှင်သေးသောလူရှင်ထက် သာ၍မင်္ဂလာရှိသည်ဟု ငါဆိုရ၏။ |
ထို့ကြောင့် ငါသည် အသက်ရှင်ရခြင်းကိုမုန်း၏။ အဘယ်ကြောင့်ဆိုသော် နေအောက်တွင်ပြုသောအမှုသည် ငါ့အတွက် ငြီးငွေ့ဖွယ်ကောင်း၏။ အကြောင်းမူကား ခပ်သိမ်းသောအရာသည် အချည်းနှီးဖြစ်ပြီး လေကိုလိုက်ဖမ်းခြင်းဖြစ်၏။
မွှေးသောဂုဏ်သတင်းသည် မွှေးသောနံ့သာဆီထက် ပို၍ကောင်း၏။ သေသောနေ့သည်လည်း မွေးဖွားသောနေ့ထက် ပို၍ကောင်း၏။
သေသောသူအတွက် မငိုကြွေးနှင့်၊ ဝမ်းမနည်းနှင့်။ သို့သော် အဝေးသို့ထွက်သွားသောသူအတွက် ဝမ်းနည်းပက်လက်ငိုကြွေးလော့။ သူသည် နောက်တစ်ဖန် ပြန်လာရတော့မည်မဟုတ်။ သူ၏မွေးရပ်မြေကို ပြန်မြင်ရတော့မည်မဟုတ်။