ယေရမိ 22:10 - မြန်မာ့စံမီသမ္မာကျမ်း
10 သေသောသူအတွက် မငိုကြွေးနှင့်၊ ဝမ်းမနည်းနှင့်။ သို့သော် အဝေးသို့ထွက်သွားသောသူအတွက် ဝမ်းနည်းပက်လက်ငိုကြွေးလော့။ သူသည် နောက်တစ်ဖန် ပြန်လာရတော့မည်မဟုတ်။ သူ၏မွေးရပ်မြေကို ပြန်မြင်ရတော့မည်မဟုတ်။
Ver Capítulo Copiar
10 ယုဒပြည်သူတို့၊ယောရှိမင်းအတွက်သင်တို့ မငိုကြွေးကြနှင့်။ သူကွယ်လွန်သည့်အတွက်ဝမ်းနည်းပူဆွေးမှု မပြုကြနှင့်။ သို့ရာတွင်သူ၏သားတော်ယောခတ်အတွက် ပြင်းပြစွာငိုကြွေးကြလော့။ ရန်သူတို့သည်သူ့အားအပြီးအပိုင် ခေါ်ဆောင်သွားကြလိမ့်မည်။ သူသည်မိမိမွေးဖွားရာအရပ်ကို နောင်အဘယ်အခါ၌မျှပြန်လည်တွေ့မြင် ရတော့မည်မဟုတ်။
Ver Capítulo Copiar
10 ကွယ် လွန် သော မင်း အ တွက်၊ စာ နာ ငို ကြွေး ခြင်း ကို မ ပြု ကြ နှင့်။ ပြည် ရင်း ကို ပြန် လာ ရှု မြင် ခွင့် မ ရ ဘဲ၊ စွန့် ခွာ ရ သော မင်း အ တွက်၊ ငို ကြွေး မြည် တမ်း ကြ လော့။
Ver Capítulo Copiar
10 သေသောသူအတွက် ငိုကြွေးမြည်တမ်းခြင်းကိုမပြုကြနှင့်။ အခြားတစ်ပါးသို့ သွားသောသူအတွက် ငိုကြွေးခြင်းကို ပြုကြလော့။ သူသည် နောက်တစ်ဖန် ပြန်၍မလာရ။ မိမိမွေးဖွားရာဌာနကို မမြင်ရ။
Ver Capítulo Copiar