ထိုအခါ ထာဝရဘုရားက “ငါ၏ဝိညာဉ်သည် လူတွင်ထာဝရတည်မည်မဟုတ်။ အကြောင်းမူကား လူသည် အသွေးအသားခန္ဓာသာဖြစ်သောကြောင့် လူ၏သက်တမ်းသည် အနှစ်တစ်ရာ့နှစ်ဆယ်ဖြစ်စေ”ဟု မိန့်တော်မူ၏။
ထွက်မြောက် 4:21 - မြန်မာ့စံမီသမ္မာကျမ်း ထာဝရဘုရားက မောရှေအား “သင်သည် အီဂျစ်ပြည်သို့ပြန်ရောက်သောအခါ သင်၌ ငါအပ်ပေးသော အံ့ဩဖွယ်အမှုအလုံးစုံတို့ကို ဖာရောမင်းကြီးရှေ့၌ပြုလော့။ သို့ရာတွင် ငါသည် သူ၏စိတ်နှလုံးကို မာကျောစေမည်ဖြစ်၍ သူသည် အစ္စရေးလူမျိုးတို့ကို မလွှတ်ဘဲနေလိမ့်မည်။ Common Language Bible ထာဝရဘုရားကမောရှေအား``သင်သည် ယခုအီဂျစ်ပြည်သို့ပြန်မည်ဖြစ်ရာ၊ သင့် အားငါပေးထားသောတန်ခိုးဖြင့်ဖာရော ဘုရင်ရှေ့၌အံ့သြဖွယ်သောအမှုတို့ကို ပြုလော့။ ငါသည်သူ့စိတ်ကိုခိုင်မာစေသဖြင့်၊ သူသည်ဣသရေလအမျိုးသားတို့ကိုသွား ခွင့်ပြုလိမ့်မည်မဟုတ်။- Garrad Bible ထို အ ခါ ထာ ဝ ရ ဘု ရား က၊ အိ ဂျစ် ပြည် သို့ ပြန် ရောက် လျှင် ငါ အပ် နှင်း သော သက် သေ နိ မိတ် အ မျိုး မျိုး ကို ဖာ ရော မင်း ရှေ့ ပြ ဖြစ် အောင် ပြ လော့။ သို့ ပြ လျက် ပင် သူ့ စိတ် နှ လုံး ကို ငါ ခဲ ယဉ်း စေ သ ဖြင့် ထို လူ မျိုး ကို လွှတ် လိမ့် မည် မ ဟုတ်။ Judson Bible ထာဝရဘုရားကလည်း၊ သင်သည် အဲဂုတ္တုပြည်သို့သွား၍ရောက်လျှင်၊ သင်၌ ငါအပ်သော အံ့ဖွယ်သောအမှုအလုံးစုံတို့ကို ဖာရောဘုရင်ရှေ့မှာပြလော့။ ထိုသို့ပြသော်လည်း သူ၏နှလုံးကိုငါခိုင်မာစေ၍၊ သူသည် ဣသရေလလူတို့ကို မလွှတ်ဘဲနေလိမ့်မည်။ |
ထိုအခါ ထာဝရဘုရားက “ငါ၏ဝိညာဉ်သည် လူတွင်ထာဝရတည်မည်မဟုတ်။ အကြောင်းမူကား လူသည် အသွေးအသားခန္ဓာသာဖြစ်သောကြောင့် လူ၏သက်တမ်းသည် အနှစ်တစ်ရာ့နှစ်ဆယ်ဖြစ်စေ”ဟု မိန့်တော်မူ၏။
ထိုဝိညာဉ်ကလည်း ‘အကျွန်ုပ်သွား၍ ပရောဖက်အပေါင်းတို့၏နှုတ်၌ မုသားမြွက်ဆိုသောဝိညာဉ်ဖြစ်မည်’ဟု လျှောက်တင်၏။ ထာဝရဘုရားကလည်း ‘သင်ဖြားယောင်းနိုင်လိမ့်မည်။ အောင်လည်းအောင်မြင်လိမ့်မည်။ သွား၍ ထိုသို့ပြုလော့’ဟု မိန့်တော်မူ၏။
မိမိလူမျိုးတော်ကိုမုန်းစေရန်နှင့် မိမိအစေအပါးတို့အပေါ် ပရိယာယ်သုံးကြစေရန် ထိုရန်သူတို့၏စိတ်နှလုံးကို ပြောင်းလဲစေတော်မူ၏။
အီဂျစ်ပြည်၌ နိမိတ်လက္ခဏာများနှင့် ဇောနအရပ်၌ တန်ခိုးလက္ခဏာများပြုတော်မူရာ နေ့ရက်ကိုလည်းကောင်း မအောက်မေ့ကြပေ။
တစ်ဖန် ထာဝရဘုရားက မောရှေအား “ဖာရောမင်းကြီးထံသို့ဝင်လော့။ ငါသည် ဖာရောမင်းကြီးနှင့် သူ၏အမှုထမ်းတို့ရှေ့၌ ဤနိမိတ်လက္ခဏာများကိုပြရန်နှင့်
သို့သော် ထာဝရဘုရားသည် ဖာရောမင်းကြီး၏စိတ်နှလုံးကို မာကျောစေသဖြင့် သူသည် အစ္စရေးအမျိုးသားတို့ကိုမလွှတ်ဘဲနေလေ၏။
ထာဝရဘုရားသည် ဖာရောမင်းကြီး၏စိတ်နှလုံးကို မာကျောစေသဖြင့် သူသည် အစ္စရေးလူမျိုးတို့ကို လွှတ်ပေးလိုသောဆန္ဒမရှိ။
မောရှေနှင့်အာရုန်တို့သည် ဖာရောမင်းကြီး၏ရှေ့၌ ဤအံ့ဩဖွယ်အမှုအလုံးစုံတို့ကိုပြုသော်လည်း ထာဝရဘုရားသည် ဖာရောမင်းကြီး၏စိတ်နှလုံးကို မာကျောစေသဖြင့် သူသည် အစ္စရေးအမျိုးသားတို့ကို မိမိပြည်မှ မလွှတ်ပေးဘဲနေလေ၏။
ထာဝရဘုရားက မောရှေအား “သင်တို့စကားကို ဖာရောမင်းကြီးနားမထောင်ခြင်းသည် အီဂျစ်ပြည်၌ အံ့ဩဖွယ်အမှုတော် အများအပြားမြင်ရမည့်အကြောင်း ဖြစ်၏”ဟု မိန့်တော်မူ၏။
ငါသည် အီဂျစ်လူမျိုးတို့၏စိတ်နှလုံးကို မာကျောစေသဖြင့် သူတို့သည် အစ္စရေးအမျိုးသားတို့နောက်သို့လိုက်ကြလိမ့်မည်။ ထိုအခါ ငါသည် ဖာရောမင်းကြီးမှစ၍ သူ၏စစ်သည်ရှိသမျှ၊ သူ၏စစ်ရထားများ၊ သူ၏မြင်းစီးသူရဲများအားဖြင့် ဘုန်းထင်ရှားလိမ့်မည်။
ငါသည် ဖာရောမင်းကြီး၏စိတ်နှလုံးကို မာကျောစေသဖြင့် သူသည် အစ္စရေးအမျိုးသားတို့နောက်သို့လိုက်လိမ့်မည်။ ဖာရောမင်းကြီးနှင့် သူ၏စစ်သည်အပေါင်းတို့အားဖြင့် ငါ၏ဘုန်းထင်ရှားလိမ့်မည်။ ထိုအခါ ငါသည် ထာဝရဘုရားဖြစ်ကြောင်း အီဂျစ်လူမျိုးတို့သည် သိမြင်ကြလိမ့်မည်”ဟု မိန့်ဆိုတော်မူ၏။ သူတို့သည်လည်း ထိုအတိုင်းပြုကြ၏။
ထာဝရဘုရားသည် အီဂျစ်ဘုရင်ဖာရောမင်းကြီး၏စိတ်နှလုံးကိုမာကျောစေသဖြင့် သူသည် ဝင့်ကြွားစွာဖြင့်ထွက်သွားကြသော အစ္စရေးအမျိုးသားတို့နောက်သို့လိုက်လေ၏။
သို့သော် အီဂျစ်ဘုရင်သည် အားကြီးသောလက်တော်ကြောင့်မဟုတ်လျှင် သင်တို့အား သွားခွင့်ပြုမည်မဟုတ်ကြောင်း ငါသိ၏။
ထို့ကြောင့် ငါ၏လက်ကိုဆန့်၍ အီဂျစ်ပြည်ထဲ၌ ငါပြုမည့် အံ့ဖွယ်သောအမှုအမျိုးမျိုးတို့ဖြင့် ထိုပြည်ကိုဒဏ်ခတ်မည်။ ထို့နောက်မှ သူသည် သင်တို့ကိုလွှတ်လိမ့်မည်။
သို့သော် ထာဝရဘုရားမိန့်ဆိုတော်မူသည့်အတိုင်း ဖာရောမင်းကြီး၏စိတ်နှလုံးသည် မာကျော၍ မောရှေနှင့်အာရုန်တို့၏စကားကို နားမထောင်ဘဲနေ၏။
ငါသည် ဖာရောမင်းကြီး၏စိတ်နှလုံးကို မာကျောစေ၍ အီဂျစ်ပြည်၌ နိမိတ်လက္ခဏာများနှင့်အံ့ဩဖွယ်အမှုများကို အများအပြားပြမည်။
ဖားများသည် အရှင့်ထံမှလည်းကောင်း၊ အရှင့်နန်းဆောင်များထဲမှလည်းကောင်း၊ အရှင့်အမှုထမ်းများနှင့် အရှင့်လူများထဲမှလည်းကောင်း ထွက်သွား၍ နိုင်းမြစ်၌သာကျန်ရှိကြလိမ့်မည်”ဟု ပြန်လျှောက်လေ၏။
ဖာရောမင်းကြီးသည် သက်သာရာရကြောင်းကို သိမြင်သောအခါ ထာဝရဘုရားမိန့်ဆိုတော်မူခဲ့သည့်အတိုင်း သူ၏စိတ်နှလုံးသည်ခိုင်မာလျက် မောရှေနှင့်အာရုန်တို့၏စကားကို နားမထောင်ဘဲနေ၏။
သို့ရာတွင် ဖာရောမင်းကြီးသည် ဤတစ်ကြိမ်၌လည်း စိတ်နှလုံးခိုင်မာပြန်၍ အစ္စရေးလူမျိုးတို့ကိုမလွှတ်ဘဲနေလေ၏။
ထာဝရဘုရားသည် ဖာရောမင်းကြီး၏စိတ်နှလုံးကို မာကျောစေသဖြင့် မောရှေအား ထာဝရဘုရားမိန့်တော်မူခဲ့သည့်အတိုင်း ဖာရောမင်းကြီးသည် မောရှေနှင့်အာရုန်တို့၏စကားကို နားမထောင်ဘဲနေ၏။
ထိုသို့ မောရှေမှတစ်ဆင့် ထာဝရဘုရားမိန့်ဆိုတော်မူခဲ့သည့်အတိုင်း ဖာရောမင်းကြီး၏စိတ်နှလုံးသည် မာကျောလျက် အစ္စရေးအမျိုးသားတို့ကို မလွှတ်ဘဲနေလေ၏။
ဤလူမျိုး၏စိတ်နှလုံးကို ထုံထိုင်းစေ၍ သူတို့၏နားကို လေးစေလော့။ သူတို့မျက်စိကိုလည်း ကန်းစေလော့။ သို့မဟုတ်လျှင် သူတို့သည် မျက်စိဖြင့်မြင်လျက်၊ နားဖြင့်ကြားလျက်၊ စိတ်နှလုံးဖြင့်နားလည်လျက် ပြောင်းလဲကြသဖြင့် သူတို့ကိုကျန်းမာစေရလိမ့်မည်”ဟု မိန့်တော်မူ၏။
အို ထာဝရဘုရား၊ ကိုယ်တော်သည် ကျွန်ုပ်တို့ကို အဘယ်ကြောင့် လမ်းတော်မှလမ်းလွဲစေသနည်း။ ကိုယ်တော်ကို မကြောက်ရွံ့စေရန် ကျွန်ုပ်တို့၏စိတ်ကို အဘယ်ကြောင့် ခိုင်မာစေသနည်း။ ကိုယ်တော်၏အစေအပါး၊ ကိုယ်တော်၏အမွေတော်လူမျိုးစုအတွက် ပြန်လာတော်မူပါ။
“သူတို့သည် မျက်စိဖြင့်မြင်၍ စိတ်နှလုံးဖြင့်နားလည်ကာ ပြောင်းလဲကြသဖြင့် သူတို့ကိုကျန်းမာစေရမည့်အဖြစ်မျိုးမရှိစေရန် ဘုရားသခင်သည် သူတို့၏မျက်စိကို ကွယ်စေတော်မူ၍ သူတို့၏စိတ်နှလုံးကို မာကျောစေတော်မူ၏”ဟု ထပ်မံ၍ ဟောပြောခဲ့သောကြောင့်ဖြစ်၏။
ထိုမှတစ်ပါး သူတို့သည် ဘုရားသခင်ကိုမသိမမှတ်လိုသောကြောင့် ဘုရားသခင်သည် သူတို့ကို ယုတ်ညံ့သောစိတ်ထံသို့ အပ်လိုက်တော်မူသဖြင့် သူတို့သည် မပြုအပ်သောအရာများကို ပြုကြကုန်၏။
ထို့ကြောင့် ဘုရားသခင်သည် သနားလိုသောသူကို သနားတော်မူ၍ ခေါင်းမာစေလိုသောသူကို ခေါင်းမာစေတော်မူ၏။
အချို့သောသူတို့အတွက် သေခြင်းသို့ပို့ဆောင်သည့် သေခြင်း၏ရနံ့ဖြစ်ကြပြီး အချို့သောသူတို့အတွက်ကား အသက်ရှင်ခြင်းသို့ပို့ဆောင်သည့် အသက်ရှင်ခြင်း၏ရနံ့ဖြစ်ကြ၏။ သို့ဖြစ်လျှင် ဤအမှုအရာများနှင့် မည်သူသည် ထိုက်တန်သနည်း။
အာနုန်ချောင်းစပ်ရှိအာရော်မြို့မှစ၍ ထိုချောင်းအနားရှိမြို့အပါအဝင် ဂိလဒ်မြို့တိုင်အောင် ငါတို့ကိုခုခံနိုင်သောမြို့တစ်မြို့မျှမရှိ။ ငါတို့ဘုရားသခင်ထာဝရဘုရားသည် ထိုမြို့အားလုံးကို ငါတို့အား ပေးတော်မူ၏။
အစ္စရေးလူမျိုးတို့နှင့် စစ်တိုက်ရန် သူတို့ကို ထာဝရဘုရားစိတ်ခိုင်မာစေ၏။ ဤသို့ဖြစ်ခြင်းမှာ သူတို့ကို သုတ်သင်ပယ်ရှင်းမည်ဟု မောရှေအား ထာဝရဘုရားမိန့်တော်မူခဲ့သည့်အတိုင်း သူတို့ကို မသနားမညှာတာဘဲ တစ်ယောက်မကျန်ကွပ်မျက်တော်မူရန်ဖြစ်၏။
“ခလုတ်တံသင်းဖြစ်သောကျောက်၊ မှားယွင်းစေသောကျောက်” ဖြစ်၏။ သူတို့သည် နှုတ်ကပတ်တရားကို မယုံကြည်သောကြောင့် ခလုတ်တိုက်ကြ၏။ ထိုသို့ဖြစ်ရန် သူတို့ကို သတ်မှတ်ထားခြင်းလည်းဖြစ်၏။