Biblia Todo Logo
La Biblia Online
- Anuncios -




ထွက်​မြောက် 8:11 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

11 ဖား​များ​သည် အရှင့်​ထံမှ​လည်းကောင်း​၊ အရှင့်​နန်းဆောင်​များ​ထဲမှ​လည်းကောင်း​၊ အရှင့်​အမှုထမ်း​များ​နှင့် အရှင့်​လူ​များ​ထဲမှ​လည်းကောင်း ထွက်သွား​၍ နိုင်း​မြစ်​၌​သာ​ကျန်ရှိ​ကြ​လိမ့်မည်​”​ဟု ပြန်လျှောက်​လေ​၏​။

Ver Capítulo Copiar

Common Language Bible

11 ဖား​တို့​ကို​ကိုယ်​တော်​၏​နန်း​တော်​နှင့်​ကိုယ် တော်​၏​မှူး​မတ်​ပြည်​သူ​တို့​ထံ​မှ​ဖယ်​ရှား​၍ မြစ်​ထဲ​၌​သာ​နေ​စေ​လိမ့်​မည်'' ဟု​လျှောက် ထား​ပြီး​လျှင်၊-

Ver Capítulo Copiar

Garrad Bible

11 ဖား များ သည် ကိုယ် တော် နှင့် နန်း တော် ဆောင် များ မှ လည်း ကောင်း၊ ကျေး ကျွန် သင်း ပင်း ပြည် သူ ပြည် သား တို့ ထံ မှ လည်း ကောင်း ပ ပျောက်၍ မြစ်၌ သာ ကျန် ရှိ ပါ အံ့ ဟု မော ရှေ လျှောက် ပြီး လျှင်၊

Ver Capítulo Copiar

Judson Bible

11 ဖား​တို့​သည်​ကိုယ်​တော်​နှင့် ကိုယ်​တော်​အိမ်​များ၊ ကျွန်​များ၊ လူ​များ​ထံ​မှ​ထွက်​သွား၍ မြစ်၌​သာ​နေ​ကြ​လိမ့်​မည်​ဟု မော​ရှေ​လျှောက်​ပြီး​လျှင်၊

Ver Capítulo Copiar




ထွက်​မြောက် 8:11
7 Referencias Cruzadas  

ထာဝရဘုရား​က မောရှေ​အား “​သင်​သည် အီဂျစ်​ပြည်​သို့​ပြန်​ရောက်​သောအခါ သင်​၌ ငါ​အပ်ပေး​သော အံ့ဩဖွယ်အမှု​အလုံးစုံ​တို့​ကို ဖာရော​မင်းကြီး​ရှေ့​၌​ပြု​လော့​။ သို့ရာတွင် ငါ​သည် သူ​၏​စိတ်နှလုံး​ကို မာကျော​စေ​မည်​ဖြစ်၍ သူ​သည် အစ္စရေး​လူမျိုး​တို့​ကို မ​လွှတ်​ဘဲ​နေ​လိမ့်မည်​။


သို့သော် ထာဝရဘုရား​မိန့်ဆို​တော်မူ​သည့်​အတိုင်း ဖာရော​မင်းကြီး​၏​စိတ်နှလုံး​သည် မာကျော​၍ မောရှေ​နှင့်​အာရုန်​တို့​၏​စကား​ကို နား​မ​ထောင်​ဘဲ​နေ​၏​။


ထာဝရဘုရား​က မောရှေ​အား “​ဖာရော​မင်းကြီး​၏​စိတ်နှလုံး​သည် ခိုင်မာ​၍ အစ္စရေး​လူမျိုး​တို့​ကို လွှတ်​ရန်​ငြင်းဆန်​၏​။


ထို့နောက် မောရှေ​နှင့်​အာရုန်​တို့​သည် ဖာရော​မင်းကြီး​ထံမှ​ထွက်သွား​ကြ​၏​။ ဖာရော​မင်းကြီး​အပေါ်​၌ ဖား​များ​ကျရောက်​စေ​တော်မူ​သော​အမှု​ကြောင့် မောရှေ​သည် ထာဝရဘုရား​ထံ အော်ဟစ်​တောင်းလျှောက်​လေ​၏​။


ထိုအခါ ထာဝရဘုရား​သည် မောရှေ​တောင်းလျှောက်​သည့်​အတိုင်း​ပြု​သဖြင့် ဖား​များ​သည် အိမ်​များ​၊ ခြံဝင်း​များ​၊ လယ်​များ​ထဲ၌ သေ​ကြ​ကုန်​၏​။


နိုင်း​မြစ်​သည် ဖား​များ​နှင့်​ပြည့်နှက်​လိမ့်မည်​။ ထို​ဖား​များ​သည်​တက်လာ​၍ သင်​၏​နန်းတော်​၊ သင်​အိပ်​သော​အခန်း​နှင့်​အိပ်ရာ​ထဲသို့​လည်းကောင်း​၊ သင့်​အမှုထမ်း​များ​နှင့်​ပြည်သူပြည်သား​တို့​၏​အိမ်​ထဲသို့​လည်းကောင်း​၊ သင်​၏​မီးဖို​များ​နှင့်​မုန့်နယ်ခွက်​များ​ထဲသို့​လည်းကောင်း ဝင်​ကြ​လိမ့်မည်​။


မောရှေ​က​လည်း ဖာရော​မင်းကြီး​အား “​ဖား​များ​ကို အရှင့်​ထံမှ​လည်းကောင်း​၊ အရှင့်​နန်းဆောင်​များ​ထဲမှ​လည်းကောင်း သုတ်သင်ဖယ်ရှား​၍ နိုင်း​မြစ်​၌​သာ​ကျန်ရှိ​စေရန် အရှင်​နှင့် အရှင့်​အမှုထမ်း​များ​၊ အရှင့်​ပြည်သူပြည်သား​များ​အတွက် အကျွန်ုပ်​ဆုတောင်း​ရ​မည့်​အချိန်​ကို သတ်မှတ်​ပေး​ပါ​”​ဟု လျှောက်​လေ​၏​။


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos