ဉာဏ်ပညာတန်ခိုးကြီးတော်မူသောဘုရားကို မည်သူသည် ဆန့်ကျင်အာခံပြီး အသက်ချမ်းသာရာရဖူးသနည်း။
ထွက်မြောက် 15:7 - မြန်မာ့စံမီသမ္မာကျမ်း ကိုယ်တော်ကိုဆန့်ကျင်သောသူတို့ကို ကြီးမားသောဘုန်းတန်ခိုးတော်ဖြင့် မှောက်လှန်တော်မူ၏။ ပြင်းထန်သောအမျက်တော်ကိုလွှတ်တော်မူ၍ ရိုးပြတ်ကဲ့သို့လောင်ကျွမ်းစေတော်မူ၏။ Common Language Bible ကိုယ်တော်သည်ဘုန်းတန်ခိုးအာနုဘော်ဖြင့် ရန်သူများကို ချေမှုန်းတော်မူပါ၏။ ကိုယ်တော်၏အမျက်တော်သည်မီးကဲ့သို့ တောက်လောင်၍ သူတို့ကိုကောက်ရိုးကဲ့သို့လောင်ကျွမ်းစေပါ၏။ Garrad Bible ကိုယ်တော့် တစ် ဘက်၌ ထ ကြွ သူ တို့ ကို ကြီး မြတ် သော ဘုန်း တော် နှင့် ဖြို လှဲ တော် မူ၍ အ မျက် တော် ရှိန် ကို လွှတ် သ ဖြင့် ရိုး ပြတ် ကဲ့ သို့ ကျွမ်း စေ တော် မူ ၏။ Judson Bible ကိုယ်တော် တစ်ဖက်၌ထသောသူတို့ကို၊ ဘုန်းတန်ခိုးအာနုဘော်တော်တို့နှင့် လှဲတော်မူ၏။ အမျက်တော်ကိုလွှတ်၍၊ သူတို့ကိုအမှိုက်ကဲ့သို့ မီးလောင်စေတော်မူ၏။ |
ဉာဏ်ပညာတန်ခိုးကြီးတော်မူသောဘုရားကို မည်သူသည် ဆန့်ကျင်အာခံပြီး အသက်ချမ်းသာရာရဖူးသနည်း။
ကိုယ်တော်၏နာမတော်တစ်ပါးတည်းသာ ချီးမြှောက်ခြင်းခံရ၍ ကိုယ်တော်၏ဘုန်းကျက်သရေသည် မြေကြီးနှင့် ကောင်းကင်အထက်၌ရှိတော်မူသောကြောင့် သူတို့သည် ထာဝရဘုရား၏နာမတော်ကို ချီးမွမ်းကြပါစေ။
သူတို့ကို အမျက်ဒေါသဖြင့် အပြီးသတ်သုတ်သင်တော်မူပါ။ သူတို့မရှိတော့သည်အထိ အပြီးသတ်သုတ်သင်တော်မူပါ။ ထိုအခါ ဘုရားသခင်သည် ယာကုပ်မှစ၍ ကမ္ဘာမြေအစွန်းတိုင်အောင် အုပ်စိုးတော်မူကြောင်း သိကြပါလိမ့်မည်။(စေလာ)
ရှေးကာလကပင်တည်ရှိသည့် အမြင့်ဆုံးကောင်းကင်ကိုစီးတော်မူသောအရှင်ကို သီဆိုချီးမွမ်းကြလော့။ ကိုယ်တော်သည် မိမိအသံ၊ တန်ခိုးကြီးသောအသံကို လွှင့်တော်မူ၏။
အို အကျွန်ုပ်၏ဘုရားသခင်၊ သူတို့ကို လေတိုက်ရာသို့လုံးထွေးလိမ့်ပါသွားတတ်သော ချုံပင်ကဲ့သို့လည်းကောင်း၊ လေတိုက်ရာသို့လွင့်ပါသွားတတ်သည့် ကောက်ရိုးမျှင်ကဲ့သို့လည်းကောင်း ဖြစ်စေတော်မူပါ။
ထို့ကြောင့် မောရှေသည် မိမိ၏လက်ကို ပင်လယ်အပေါ်သို့ဆန့်လိုက်၏။ မိုးလင်းချိန်၌ ပင်လယ်သည် ပုံမှန်အတိုင်း ပြန်၍စီးဆင်း၏။ အီဂျစ်လူမျိုးတို့သည် စီးလာသောရေမှ ထွက်ပြေးကြစဉ်တွင်ပင် ထာဝရဘုရားသည် အီဂျစ်လူမျိုးတို့ကို ပင်လယ်ထဲ၌ လှဲချတော်မူ၏။
သို့ဖြစ်၍ ထိုသူတို့သည် ကောက်ရိုးအစား ရိုးပြတ်ကိုရှာယူရန် အီဂျစ်ပြည်တစ်ပြည်လုံးသို့ ကွဲလွင့်သွားကြလေ၏။
အကယ်စင်စစ် သင့်အား ငါ၏တန်ခိုးကိုပြသရန်နှင့် မြေတစ်ပြင်လုံး၌ ငါ၏နာမကို ကြေညာရန် ငါသည် သင့်ကို တည်နေစေခြင်းဖြစ်၏။
အို ထာဝရဘုရား၊ နားတော်ကိုလှည့်၍ နားထောင်တော်မူပါ။ မျက်စိတော်ကိုဖွင့်၍ ကြည့်ရှုတော်မူပါ။ သနာခရိပ်မင်းကြီး ပေးပို့လိုက်သည့် အသက်ရှင်တော်မူသောဘုရားသခင်အား စော်ကားပြောဆိုသောစကားအလုံးစုံကို နားထောင်တော်မူပါ။
သင်မည်သူ့ကို ကဲ့ရဲ့ပြစ်တင်နေသနည်း၊ မည်သူ့ကို စော်ကားပြောဆိုနေသနည်း၊ မည်သူ့ကို အော်ဟစ်နေသနည်း၊ မည်သူ့ကို မောက်မောက်မာမာကြည့်နေသနည်း။ အစ္စရေးလူမျိုး၏သန့်ရှင်းသောအရှင်ကိုပင် မဟုတ်လော။
သင်သည် ငါ့ကိုအမျက်ထွက်သောကြောင့်၊ သင်စော်ကားပြောဆိုသောစကားကို ငါကြားရသောကြောင့် ငါသည် သင့်ကို နဖားကြိုးတပ်မည်၊ ဇက်ကြိုးတပ်မည်။ သင်လာသောလမ်းဖြင့် သင့်ကိုပြန်စေမည် ဟူ၍မိန့်ဆိုပြီ’ဟု မိန့်တော်မူ၏။
ထာဝရဘုရား၏ကောင်းကင်တမန်သည် ထွက်လာ၍ အဆီးရီးယားတပ်စခန်းထဲတွင် စစ်သည်တစ်သိန်းရှစ်သောင်းငါးထောင်ကို သတ်လေ၏။ နံနက်စောစောထကြသောအခါ အလောင်းကောင်များသာ တွေ့ရ၏။
သူသည် မိမိဘုရား နိသရုတ်ဝတ်ကျောင်း၌ ရှိခိုးကိုးကွယ်နေစဉ် သားတော် အာဒြမ္မေလက်နှင့်ရှရေဇာတို့သည် သူ့ကို ဓားဖြင့် သတ်ပြီးလျှင် အာရရတ်ပြည်သို့ ထွက်ပြေးသွားကြ၏။ သူ၏သားတော်ဧသရဟဒ္ဒုန်သည် သူ့အရိုက်အရာကို ဆက်ခံလေ၏။
ကြည့်ရှုလော့။ သူတို့သည် ရိုးပြတ်ကဲ့သို့ဖြစ်၍ မီးလောင်ကျွမ်းခြင်းခံရမည်။ မီးတောက်မီးလျှံမှ မိမိကိုယ်မိမိ မကယ်နိုင်ကြ။ အနွေးဓာတ်ရဖို့မီးခဲ၊ ထိုင်လှုံစရာမီးအဖြစ်ပင် ကျန်မည်မဟုတ်။
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားမူကား တရားမျှတခြင်းကြောင့် ချီးမြှောက်ခြင်းခံရမည်။ သန့်ရှင်းသောအရှင်သည် မိမိသန့်ရှင်းတော်မူကြောင်းကို ဖြောင့်မတ်ခြင်းအားဖြင့် ထင်ရှားစေတော်မူမည်။
သူတို့သည် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား၏ပညတ်တရားကိုပယ်၍ အစ္စရေးလူမျိုး၏သန့်ရှင်းသောအရှင်မိန့်တော်မူသောစကားကို မထီလေးစားပြုကြ၏။ ထို့ကြောင့် မီးတောက်သည် ရိုးပြတ်ကိုလောင်မြိုက်သကဲ့သို့၊ မီးလျှံသည် မြက်ခြောက်ကိုလောင်ကျွမ်းသကဲ့သို့ သူတို့၏အမြစ်သည် ဆွေးမြည့်၍ သူတို့၏အပွင့်သည်လည်း မြေမှုန့်ကဲ့သို့လွင့်သွားလိမ့်မည်။
အို ထာဝရဘုရား၊ ကိုယ်တော်နှင့်တူသောသူမရှိပါ။ ကိုယ်တော်သည် ကြီးမြတ်တော်မူ၏။ နာမတော်သည် တန်ခိုးတော်ကြောင့် ကြီးမြတ်ပါ၏။
ယခုမူ “ဇိအုန်မြို့၊ အသရေပျက်ပါစေ။ သူ့ကို ငါတို့ ဝမ်းသာအားရကြည့်ရပါစေ”ဟု ဆိုသောလူမျိုးများစွာတို့သည် သင့်ကို ဆန့်ကျင်စုရုံးကြ၏။
ထို့နောက် ထာဝရဘုရားသည် စစ်တိုက်ရာကာလတွင် တိုက်ခိုက်သကဲ့သို့ ထိုလူမျိုးတို့ကို ချီတက်တိုက်ခိုက်တော်မူမည်။
ထိုနေ့ရက်တွင် ဂျေရုဆလင်မြို့မှ အသက်စမ်းရေ စီးထွက်လိမ့်မည်။ ထိုရေသည် နွေရာသီဖြစ်စေ၊ ဆောင်းရာသီဖြစ်စေ အရှေ့ပင်လယ်သို့ တစ်ဝက်၊ အနောက်ပင်လယ်သို့ တစ်ဝက် စီးဆင်းလိမ့်မည်။
ဘုန်းအသရေထင်ရှားတော်မူပြီးနောက်တွင် သင်တို့အားလုယူဖျက်ဆီးသောတစ်ပါးအမျိုးသားတို့ထံသို့ ငါ့ကိုစေလွှတ်တော်မူ၏။ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက “သင်တို့အားထိပါးသောသူသည် မျက်ရှုတော်ကိုထိပါးသောသူဖြစ်၏”ဟု မိန့်တော်မူ၏။
“ကြည့်ရှုလော့။ မီးဖိုမှမီးတောက်လောင်သကဲ့သို့ မီးတောက်လောင်သောနေ့ရက်ရောက်လာ၍ မာနထောင်လွှားသောသူအပေါင်းတို့နှင့် ဆိုးယုတ်သောသူအပေါင်းတို့သည် ရိုးပြတ်ကဲ့သို့ လောင်ကျွမ်းခြင်းခံရမည်။ ရောက်လာမည့်ထိုနေ့ရက်သည် သူတို့ကို အကိုင်းအခက်မှစ၍ အမြစ်ပါမကျန် လောင်ကျွမ်းလိမ့်မည်”ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူ၏။
လက်တော်၌လည်း ဆန်ကောကိုကိုင်ထားလျက် မိမိ၏ကောက်နယ်တလင်းကို အကုန်အစင်ရှင်းလင်းပြီး မိမိ၏ဂျုံဆန်ကို ကျီ၌စုသိမ်း၍ အဖျင်းကိုကား မငြိမ်းနိုင်သောမီးဖြင့်ရှို့တော်မူလိမ့်မည်”ဟု ဆိုလေ၏။
သူသည် မြေပေါ်သို့လဲကျသွားရာ“ရှောလု၊ ရှောလု၊ အဘယ်ကြောင့် ငါ့ကိုညှဉ်းဆဲသနည်း”ဟု သူ့အားပြောသောအသံကိုကြားရ၏။
အို ယေရှုရုန်၊ သင်၏ဘုရားနှင့်တူသောဘုရားမရှိ။ ကိုယ်တော်သည် သင့်ကိုကူညီမစရန် မိုးကောင်းကင်ကိုစီးနင်းတော်မူ၏၊ မိမိအာနုဘော်တော်ဖြင့်မိုးတိမ်ကို စီးနင်းတော်မူ၏။