သူတို့ရှေ့၌ပင် ကိုယ်တော်သည် ပင်လယ်ကိုခွဲတော်မူ၍ ပင်လယ်အလယ် ခြောက်သွေ့သောမြေပေါ်တွင် သူတို့ကို ဖြတ်ကူးစေ၏။ သူတို့ကို လိုက်သောသူတို့အား ကျောက်တုံးကို ရေနက်ထဲပစ်ချသကဲ့သို့ ပင်လယ်နက်ထဲသို့ပစ်ချတော်မူ၏။
ထွက်မြောက် 15:5 - မြန်မာ့စံမီသမ္မာကျမ်း နက်ရှိုင်းသောရေထုသည် သူတို့ကိုဖုံးလွှမ်းလေပြီ။ သူတို့သည် ကျောက်တုံးသဖွယ် ရေနက်ရာထဲသို့ နစ်မြုပ်သွားရလေပြီ။ Common Language Bible ပင်လယ်ရေနက်ကသူတို့ကိုဖုံးအုပ်လျက် သူတို့သည်ကျောက်တုံးကဲ့သို့၊အောက်သို့ စုံးစုံးမြုပ်ကြ၏။ Garrad Bible သ မု ဒ္ဒ ရာ လွှမ်း မိုး သ ဖြင့် သူ တို့ သည် နက် ရှိုင်း ရာ သို့ ကျောက် တုံး သ ဖွယ် နစ် သွား ကြ ၏။ Judson Bible နက်စွာသောအရပ်၌ လွှမ်းမိုးလျက်ရှိကြ၏။ ကျောက်ကဲ့သို့ အောက်သို့ဆင်းကြ၏။ |
သူတို့ရှေ့၌ပင် ကိုယ်တော်သည် ပင်လယ်ကိုခွဲတော်မူ၍ ပင်လယ်အလယ် ခြောက်သွေ့သောမြေပေါ်တွင် သူတို့ကို ဖြတ်ကူးစေ၏။ သူတို့ကို လိုက်သောသူတို့အား ကျောက်တုံးကို ရေနက်ထဲပစ်ချသကဲ့သို့ ပင်လယ်နက်ထဲသို့ပစ်ချတော်မူ၏။
ရေသည် သူတို့၏ရန်သူများကိုဖုံးလွှမ်းသဖြင့် ရန်သူထဲတွင် အသက်ရှင်ကျန်ရစ်ခဲ့သူတစ်ဦးမျှမရှိပေ။
အစ္စရေးအမျိုးသားတို့နောက်မှ ပင်လယ်ထဲသို့လိုက်ဝင်ကြသော စစ်ရထားများနှင့်မြင်းစီးသူရဲများ စသည့် ဖာရောမင်းကြီး၏စစ်တပ်တစ်တပ်လုံးအပေါ်သို့ ရေပြန်စီးလာပြီး သူတို့ကို ဖုံးလွှမ်းသဖြင့် တစ်စုံတစ်ယောက်မျှ မကျန်ရစ်ပေ။
ကိုယ်တော်သည် လေကိုရှူထုတ်လိုက်ရာ ပင်လယ်ရေသည် သူတို့ကိုဖုံးလွှမ်း၍ ရေထုအောက်သို့ ခဲသတ္တုသဖွယ်နစ်မြုပ်သွားလေ၏။
ကြောက်ရွံ့ထိတ်လန့်ဖွယ်ဘေးတို့သည် သူတို့အပေါ်သို့ကျရောက်လိမ့်မည်။ အို ထာဝရဘုရား၊ ကိုယ်တော်၏လူမျိုးတော်တို့ကျော်လွန်သွားသည်အထိ၊ ကိုယ်တော်ဝယ်ယူတော်မူသောလူမျိုးတော်တို့ ကျော်လွန်သွားသည်အထိ ကိုယ်တော်၏ကြီးမားသောလက်ရုံးတော်ကြောင့် သူတို့သည် ကျောက်တုံးကဲ့သို့ တိတ်ဆိတ်နေကြလိမ့်မည်။
နက်ရှိုင်းသောရေထုများမရှိမီ၊ ရေနှင့်ပြည့်လျှံသောစမ်းရေတွင်းများမဖြစ်ပေါ်မီ ငါ့ကိုဖြစ်တည်စေတော်မူပြီ။
ယခုတွင် သမုဒ္ဒရာသည် သင့်ကိုရိုက်ချိုးလေပြီ။ သင်၏ကုန်စည်နှင့် သင်၌ရှိသောလူအပေါင်းတို့သည် နက်ရှိုင်းသောသမုဒ္ဒရာထဲတွင် နစ်မြုပ်သွားကြလေပြီ။
“အကျွန်ုပ်သည် ဆင်းရဲဒုက္ခထဲတွင် ထာဝရဘုရားထံ အော်ဟစ်ဆုတောင်းသောအခါ ကိုယ်တော်နားညောင်းတော်မူ၏။ မရဏာနိုင်ငံတွင်းနက်ထဲမှ အကျွန်ုပ်အကူအညီအော်ဟစ်တောင်းခံသောအခါ အကျွန်ုပ်အသံကို ကိုယ်တော်ကြားတော်မူပါ၏။
ကိုယ်တော်သည် အကျွန်ုပ်တို့ကို သနားစုံမက်တော်မူ၍ အကျွန်ုပ်တို့၏ဒုစရိုက်များကို နင်းချေတော်မူမည်။ အပြစ်ရှိသမျှကိုလည်း ပင်လယ်ရေနက်ရာထဲသို့ ပစ်ချတော်မူမည်။
သို့သော် ငါ့ကိုယုံကြည်သည့် ဤငယ်သောသူများထဲမှ တစ်စုံတစ်ဦးကို မှားယွင်းစေသောသူသည် ကြီးမားသောကြိတ်ဆုံကျောက်ကို သူ့လည်ပင်း၌ဆွဲလျက် ပင်လယ်၏ရေနက်ရာတွင် နှစ်မြှုပ်ခံရလျှင် သူ့အတွက် သာ၍ကောင်း၏။
ထို့နောက် ခွန်အားကြီးသောကောင်းကင်တမန်တစ်ပါးသည် ကြီးမားသည့်ကြိတ်ဆုံကဲ့သို့သောကျောက်တုံးတစ်တုံးကိုချီယူ၍ ပင်လယ်ထဲသို့ပစ်ချကာ “ဘေဘီလုံမြို့ကြီးသည် ဤကဲ့သို့ ကြမ်းတမ်းစွာပစ်ချခြင်းကိုခံရ၍ လုံးဝတွေ့ရတော့မည်မဟုတ်။