နေဟမိ 9:11 - မြန်မာ့စံမီသမ္မာကျမ်း11 သူတို့ရှေ့၌ပင် ကိုယ်တော်သည် ပင်လယ်ကိုခွဲတော်မူ၍ ပင်လယ်အလယ် ခြောက်သွေ့သောမြေပေါ်တွင် သူတို့ကို ဖြတ်ကူးစေ၏။ သူတို့ကို လိုက်သောသူတို့အား ကျောက်တုံးကို ရေနက်ထဲပစ်ချသကဲ့သို့ ပင်လယ်နက်ထဲသို့ပစ်ချတော်မူ၏။ Ver CapítuloCommon Language Bible11 ကိုယ်တော်သည်ကိုယ်တော်၏လူမျိုးတော်အတွက် ပင်လယ်ကိုဖြတ်၍လမ်းဖောက်ပြီးလျှင် သူတို့အားခြောက်သွေ့သောမြေပေါ်တွင်လျှောက်၍ သွားစေတော်မူပါ၏။ သူတို့အားလိုက်လံဖမ်းဆီးကြသူတို့ကိုမူ ပင်လယ်ရေလှိုင်းတွင် ကျောက်ခဲနစ်သကဲ့သို့ရေထဲ၌နစ်စေတော် မူပါ၏။ Ver CapítuloGarrad Bible11 ဘိုး ဘေး တို့ ရှေ့၊ ရေ ချင်း ခွဲ လျက်၊ ပင် လယ် ထဲ၌ ကြည်း ကြောင်း သွား စေ တော် မူ သည့် ပြင်၊ လိုက် လံ သူ တို့ ကို ကား၊ အား ကြီး သော ရေ ထဲ တွင် ကျောက် ကို ချ သ ကဲ့ သို့၊ နက် ရှိုင်း ရာ သို့ ချ တော် မူ ပါ ၏။ Ver CapítuloJudson Bible11 သူတို့သည် ပင်လယ်အလယ်၌ မြေပေါ်မှာ လျှောက်သွားမည်အကြောင်း သူတို့ရှေ့မှာ ပင်လယ်ကိုခွဲတော်မူ၏။ ညှဉ်းဆဲသော သူတို့ကိုကား၊ နက်သောရေထဲသို့ ကျောက်ကိုပစ်သကဲ့သို့ ပစ်တော်မူ၏။ Ver Capítulo |