ဉာဏ်ပညာတန်ခိုးကြီးတော်မူသောဘုရားကို မည်သူသည် ဆန့်ကျင်အာခံပြီး အသက်ချမ်းသာရာရဖူးသနည်း။
ထွက်မြောက် 11:10 - မြန်မာ့စံမီသမ္မာကျမ်း မောရှေနှင့်အာရုန်တို့သည် ဖာရောမင်းကြီး၏ရှေ့၌ ဤအံ့ဩဖွယ်အမှုအလုံးစုံတို့ကိုပြုသော်လည်း ထာဝရဘုရားသည် ဖာရောမင်းကြီး၏စိတ်နှလုံးကို မာကျောစေသဖြင့် သူသည် အစ္စရေးအမျိုးသားတို့ကို မိမိပြည်မှ မလွှတ်ပေးဘဲနေလေ၏။ Common Language Bible မောရှေနှင့်အာရုန်တို့သည်ဘုရင်ရှေ့၌အံ့ ဖွယ်သောအမှုတို့ကိုပြသော်လည်း ထာဝရ ဘုရားသည်သူ့ကိုခေါင်းမာစေသဖြင့် ဣသရေလအမျိုးသားတို့အားတိုင်းပြည် မှထွက်ခွင့်မပြုဘဲနေသတည်း။ Garrad Bible ဖာ ရော မင်း ရှေ့ မှာ ဆို ခဲ့ သော သက် သေ နိ မိတ် အ မျိုး မျိုး ကို မော ရှေ နှင့် အာ ရုန် ပြု သော် လည်း ထာ ဝ ရ ဘု ရား သည် ဖာ ရော မင်း ၏ စိတ် နှ လုံး ကို ခဲ ယဉ်း စေ တော် မူ သ ဖြင့် ဣ သ ရေ လ အ မျိုး သား တို့ ကို ပြည် တော် မှ မ လွှတ် ဘဲ နေ သေး သ တည်း။ Judson Bible မောရှေနှင့် အာရုန်တို့သည် ဖာရောဘုရင်ရှေ့မှာ ဤအံ့ဖွယ်သော အမှုအလုံးစုံတို့ကိုပြုသော်လည်း၊ ထာဝရဘုရားသည် ဖာရောဘုရင်၏နှလုံးကို ခိုင်မာစေတော်မူသဖြင့်၊ ဣသရေလအမျိုးသားတို့ကို ပြည်တော်မှ ထွက်သွားရသောအခွင့်ကို မပေးဘဲနေသတည်း။ |
ဉာဏ်ပညာတန်ခိုးကြီးတော်မူသောဘုရားကို မည်သူသည် ဆန့်ကျင်အာခံပြီး အသက်ချမ်းသာရာရဖူးသနည်း။
သို့သော် ထာဝရဘုရားသည် ဖာရောမင်းကြီး၏စိတ်နှလုံးကို မာကျောစေသဖြင့် သူသည် အစ္စရေးအမျိုးသားတို့ကိုမလွှတ်ဘဲနေလေ၏။
ထာဝရဘုရားသည် ဖာရောမင်းကြီး၏စိတ်နှလုံးကို မာကျောစေသဖြင့် သူသည် အစ္စရေးလူမျိုးတို့ကို လွှတ်ပေးလိုသောဆန္ဒမရှိ။
သို့သော် အီဂျစ်ဘုရင်သည် အားကြီးသောလက်တော်ကြောင့်မဟုတ်လျှင် သင်တို့အား သွားခွင့်ပြုမည်မဟုတ်ကြောင်း ငါသိ၏။
ထာဝရဘုရားက မောရှေအား “သင်သည် အီဂျစ်ပြည်သို့ပြန်ရောက်သောအခါ သင်၌ ငါအပ်ပေးသော အံ့ဩဖွယ်အမှုအလုံးစုံတို့ကို ဖာရောမင်းကြီးရှေ့၌ပြုလော့။ သို့ရာတွင် ငါသည် သူ၏စိတ်နှလုံးကို မာကျောစေမည်ဖြစ်၍ သူသည် အစ္စရေးလူမျိုးတို့ကို မလွှတ်ဘဲနေလိမ့်မည်။
ငါသည် ဖာရောမင်းကြီး၏စိတ်နှလုံးကို မာကျောစေ၍ အီဂျစ်ပြည်၌ နိမိတ်လက္ခဏာများနှင့်အံ့ဩဖွယ်အမှုများကို အများအပြားပြမည်။
ထာဝရဘုရားသည် ဖာရောမင်းကြီး၏စိတ်နှလုံးကို မာကျောစေသဖြင့် မောရှေအား ထာဝရဘုရားမိန့်တော်မူခဲ့သည့်အတိုင်း ဖာရောမင်းကြီးသည် မောရှေနှင့်အာရုန်တို့၏စကားကို နားမထောင်ဘဲနေ၏။
အို ထာဝရဘုရား၊ ကိုယ်တော်သည် ကျွန်ုပ်တို့ကို အဘယ်ကြောင့် လမ်းတော်မှလမ်းလွဲစေသနည်း။ ကိုယ်တော်ကို မကြောက်ရွံ့စေရန် ကျွန်ုပ်တို့၏စိတ်ကို အဘယ်ကြောင့် ခိုင်မာစေသနည်း။ ကိုယ်တော်၏အစေအပါး၊ ကိုယ်တော်၏အမွေတော်လူမျိုးစုအတွက် ပြန်လာတော်မူပါ။
“သူတို့သည် မျက်စိဖြင့်မြင်၍ စိတ်နှလုံးဖြင့်နားလည်ကာ ပြောင်းလဲကြသဖြင့် သူတို့ကိုကျန်းမာစေရမည့်အဖြစ်မျိုးမရှိစေရန် ဘုရားသခင်သည် သူတို့၏မျက်စိကို ကွယ်စေတော်မူ၍ သူတို့၏စိတ်နှလုံးကို မာကျောစေတော်မူ၏”ဟု ထပ်မံ၍ ဟောပြောခဲ့သောကြောင့်ဖြစ်၏။
ထို့ကြောင့် ဘုရားသခင်သည် သနားလိုသောသူကို သနားတော်မူ၍ ခေါင်းမာစေလိုသောသူကို ခေါင်းမာစေတော်မူ၏။
သို့ရာတွင် ဘုရားသခင်သည် အမျက်တော်ကိုပြသရန်နှင့် မိမိ၏တန်ခိုးတော်ကိုသိစေရန် အလိုတော်ရှိလျက်နှင့်ပင် ဖျက်ဆီးရန်ပြင်ဆင်ထားသော အမျက်တော်ဆိုင်ရာအိုးခွက်များကို အလွန်စိတ်ရှည်စွာသည်းခံတော်မူလျှင် မည်သို့နည်း။
သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် ဟေရှဘုန်ဘုရင်ရှိဟုန်မင်းကြီး၏စိတ်ကို မာကျောစေတော်မူသောကြောင့် ငါတို့ကို သူ့ပြည်ထဲမှ ဖြတ်သွားခွင့်မပြု။ ထိုသို့ သူ၏စိတ်နှလုံးကို မာကျောစေခြင်းသည် ယနေ့မြင်ရသည့်အတိုင်း သူ့ကို သင်တို့၏လက်သို့အပ်တော်မူရန်အတွက်ဖြစ်၏။
အစ္စရေးလူမျိုးတို့နှင့် စစ်တိုက်ရန် သူတို့ကို ထာဝရဘုရားစိတ်ခိုင်မာစေ၏။ ဤသို့ဖြစ်ခြင်းမှာ သူတို့ကို သုတ်သင်ပယ်ရှင်းမည်ဟု မောရှေအား ထာဝရဘုရားမိန့်တော်မူခဲ့သည့်အတိုင်း သူတို့ကို မသနားမညှာတာဘဲ တစ်ယောက်မကျန်ကွပ်မျက်တော်မူရန်ဖြစ်၏။
ဖာရောမင်းကြီးအပါအဝင် အီဂျစ်လူမျိုးတို့ စိတ်နှလုံးမာကျောခဲ့သကဲ့သို့ အဘယ်ကြောင့် သင်တို့ စိတ်နှလုံးမာကျောကြသနည်း။ သူတို့ကို ဘုရားသခင် ပြင်းထန်စွာဒဏ်ခတ်လိုက်သောအခါ အစ္စရေးလူမျိုးတို့ကို လွှတ်လိုက်ရသဖြင့် အစ္စရေးလူမျိုးတို့ ထွက်လာကြရသည်မဟုတ်လော။