တစ်ဖန် ထာဝရဘုရားက မောရှေအား
ထာဝရဘုရားသည်မောရှေအား၊-
မော ရှေ အား ထာ ဝ ရ ဘု ရား မိန့် တော် မူ ပြန် သည် ကား၊
တစ်ဖန် ထာဝရဘုရားသည် မောရှေအားမိန့်တော်မူသည်ကား
ထိုအခါ သူတို့က “သခင့်အစေအပါးဖြစ်သောအကျွန်ုပ်တို့သည် ခါနာန်ပြည်က ဖခင်တစ်ဦးတည်း၏သားများဖြစ်ကြ၍ ညီအစ်ကိုတစ်ဆယ့်နှစ်ယောက်ရှိပါ၏။ အငယ်ဆုံးသည် ယခု အကျွန်ုပ်တို့ဖခင်နှင့်အတူနေခဲ့ပါ၏။ ကျန်တစ်ယောက်ကား မရှိတော့ပါ”ဟု လျှောက်ကြ၏။
ဤသူတို့ကား ပါဒန်အာရံပြည်၌ ယာကုပ်အတွက် လေအာမွေးဖွားပေးသော လေအာ၏သားများဖြစ်ကြ၏။ သမီးဒိနအပါအဝင် ယာကုပ်၏သားသမီးစုစုပေါင်းမှာ သုံးဆယ့်သုံးယောက်ဖြစ်၏။
ဒါဝိဒ်မင်းကြီးအပါအဝင် အစ္စရေးအမျိုးအနွယ်အပေါင်းတို့သည် ကြွေးကြော်သံ၊ တံပိုးမှုတ်သံများနှင့်တကွ ထာဝရဘုရား၏သေတ္တာတော်ကို သယ်ဆောင်လာကြ၏။
ရှင်ဘုရင်သည် အစဉ်အလာအတိုင်း တိုင်နားတွင် ရပ်နေပြီး မှူးမတ်များ၊ တံပိုးခရာမှုတ်သူများက ရှင်ဘုရင်အား ခြံရံလျက် ရှိနေသည်ကိုလည်းကောင်း၊ ပြည်သူပြည်သားအပေါင်းတို့က ဝမ်းမြောက်ပျော်ရွှင်စွာတံပိုးခရာမှုတ်နေကြသည်ကိုလည်းကောင်း အာသလိဘုရင်မ မြင်ရလျှင် သူ့အဝတ်ကိုဆုတ်ဖြဲလျက် “လျှို့ဝှက်ကြံစည်မှုပါတကား၊ လျှို့ဝှက်ကြံစည်မှုပါတကား”ဟု အော်ဟစ်လေ၏။
ရှင်ဘုရင်သည် အဝင်ဝတိုင်နားတွင် ရပ်နေပြီး မှူးမတ်များ၊ တံပိုးခရာမှုတ်သူများလည်း ရှင်ဘုရင်အား ခြံရံလျက် ရှိနေသည်ကိုလည်းကောင်း၊ ပြည်သူပြည်သားအပေါင်းတို့က ဝမ်းမြောက်ပျော်ရွှင်စွာတံပိုးခရာတူရိယာမှုတ်လျက် သီချင်းများချီးမွမ်းသီဆိုနေကြသည်ကိုလည်းကောင်း အာသလိဘုရင်မ မြင်ရလျှင် သူ့အဝတ်ကိုဆုတ်ဖြဲလျက် “လျှို့ဝှက်ကြံစည်မှုပါတကား၊ လျှို့ဝှက်ကြံစည်မှုပါတကား”ဟု အော်ဟစ်လေ၏။
အာသပ်၊ ဟေမန်၊ ယေဒုသုန်နှင့် သူတို့၏သားမြေးများ၊ ညီအစ်ကိုများပါဝင်သော လေဝိအမျိုးသီချင်းသည်အပေါင်းတို့သည် ပိတ်ချောထည်ကို ဝတ်ဆင်လျက် လင်းကွင်း၊ စောင်းပြား၊ စောင်းကောက်များကိုင်ဆောင်လျက် ယဇ်ပလ္လင်အရှေ့ဘက်တွင် ရပ်နေကြ၏။ တံပိုးခရာမှုတ်ရသောယဇ်ပုရောဟိတ် အပါးတစ်ရာ့နှစ်ဆယ်တို့လည်း သူတို့နှင့်အတူ ရပ်နေကြ၏။
ယဇ်ပုရောဟိတ်တို့သည် မိမိတို့တာဝန်ကျရာနေရာတွင် ရပ်နေရ၏။ လေဝိအမျိုးတို့ကလည်း ဒါဝိဒ်မင်းကြီးရေးဖွဲ့ခဲ့သော ထာဝရဘုရားအားချီးမွမ်းခြင်းသီချင်းကို ထာဝရဘုရားထံ ချီးမွမ်းသီဆိုရန် တူရိယာများဖြင့် ရပ်နေကြ၏။ သူတို့က “ကိုယ်တော်၏မေတ္တာကရုဏာတော်သည် အစဉ်အမြဲတည်ပါ၏”ဟု သီဆိုသောအခါ မျက်နှာချင်းဆိုင်တွင်ရပ်နေသော ယဇ်ပုရောဟိတ်တို့သည် တံပိုးများကိုမှုတ်ကြ၏။ အစ္စရေးလူမျိုးအပေါင်းတို့မူကား မတ်တတ်ရပ်လျက်နေကြ၏။
ထာဝရဘုရား၏ဗိမာန်တော်တည်ဆောက်သောသူတို့သည် အုတ်မြစ်ကိုချသောအခါ ဝတ်စုံဝတ်ဆင်ထားသောယဇ်ပုရောဟိတ်တို့သည် တံပိုးခရာကိုကိုင်လျက်၊ အာသပ်၏သားလေဝိအမျိုးတို့သည်လည်း လင်းကွင်းများကိုကိုင်လျက် အစ္စရေးဘုရင်ဒါဝိဒ်မင်းကြီးလက်ထက်ကအတိုင်းနေရာယူ၍ ထာဝရဘုရားကိုချီးမွမ်းကြသည်မှာ
ဘုရားသခင်သည် ဝမ်းမြောက်စွာကြွေးကြော်သော အသံနှင့် တက်သွားတော်မူ၏။ ထာဝရဘုရားသည် တံပိုးမှုတ်သံနှင့် တက်သွားတော်မူ၏။
ငါတို့၏ပွဲနေ့တည်းဟူသော လဆန်းနေ့၊ လပြည့်နေ့၌ တံပိုးကိုမှုတ်ကြလော့။
တံပိုးခရာနှင့် သိုးချိုမှုတ်သံများဖြင့် ရှင်ဘုရင်တည်းဟူသော ထာဝရဘုရား၏ရှေ့တော်၌ ဝမ်းမြောက်စွာကြွေးကြော်ကြလော့။
အစ္စရေးအမျိုးသားတို့သည် တပ်ဖွဲ့အလိုက် မိမိတို့၏စခန်း၌လည်းကောင်း၊ မိမိတို့၏အလံနားတွင်လည်းကောင်း စခန်းချရမည်။
“သင့်အတွက် ငွေတံပိုးခရာနှစ်ခုကို ထုလုပ်လော့။ လူထုကိုစုရုံးရာတွင်လည်းကောင်း၊ တပ်စခန်းတို့ ခရီးဆက်ရာတွင်လည်းကောင်း ထိုခရာတို့ကို မှုတ်ရမည်။
သတ္တမလ၊ ပထမနေ့တွင် သန့်ရှင်းသောဓမ္မစည်းဝေးခြင်းကို ပြုရမည်။ မည်သည့်အလုပ်ကိုမျှ မလုပ်ရ။ ထိုနေ့သည် သင်တို့ တံပိုးမှုတ်ရသောနေ့ဖြစ်၏။
အစ္စရေးလူမျိုးတို့၏ခေါင်းဆောင်များ၊ ဘိုးဘေးတို့၏အိမ်ထောင်စုအကြီးအမှူးများဖြစ်သည့် စာရင်းဝင်သူတို့ကို ကြီးကြပ်ရသော အမျိုးအနွယ်တို့၏ခေါင်းဆောင်များသည် လှူဖွယ်ဝတ္ထုများကို ပူဇော်ကြ၏။
ထာဝရဘုရား၏အမိန့်တော်အတိုင်း သူတို့ စခန်းချကြ၏၊ ထာဝရဘုရား၏အမိန့်တော်အတိုင်း သူတို့ ခရီးပြုကြ၏။ မောရှေမှတစ်ဆင့် ထာဝရဘုရားမိန့်တော်မူသည့်အတိုင်း သူတို့သည် ထာဝရဘုရား၏ညွှန်ကြားချက်ကို စောင့်လျက်နေကြ၏။
ထို့နောက် လူ့သားသည် ကျယ်လောင်သောတံပိုးမှုတ်သံနှင့်အတူ မိမိ၏ကောင်းကင်တမန်တို့ကိုစေလွှတ်သဖြင့် သူတို့သည် ကိုယ်တော်ရွေးကောက်ထားသောသူတို့ကို ကောင်းကင်အစွန်းတစ်ဖက်မှ အခြားအစွန်းတစ်ဖက်တိုင်အောင် အရပ်လေးမျက်နှာမှ စုစည်းကြလိမ့်မည်။
ယဇ်ပုရောဟိတ်ခုနစ်ပါးတို့သည် သေတ္တာတော်ရှေ့မှနေ၍ သိုးချိုတံပိုးခုနစ်ခုကို ကိုင်ဆောင်သွားရမည်။ ခုနစ်ရက်မြောက်သောနေ့တွင် မြို့ကို ခုနစ်ပတ်လှည့်ပတ်ရမည်။ တံပိုးကိုမှုတ်ရမည်။
ထို့နောက် ဘုရားသခင်၏ရှေ့တော်၌ ရပ်နေသောကောင်းကင်တမန်ခုနစ်ပါးကို ငါမြင်ရ၏။ သူတို့အား တံပိုးခရာခုနစ်ခုကိုပေးထား၏။
သူတို့ သုံးဖွဲ့စလုံး လက်ဝဲလက်၌ မီးတုတ်၊ လက်ယာလက်၌ တံပိုးကို ကိုင်ဆောင်ပြီး တံပိုးကိုမှုတ်၍ ရေအိုးကိုရိုက်ခွဲကာ “ထာဝရဘုရား၏ဓား၊ ဂိဒေါင်၏ဓား”ဟု ကြွေးကြော်ကြပြီး