တောလည် 10:2 - မြန်မာ့စံမီသမ္မာကျမ်း2 “သင့်အတွက် ငွေတံပိုးခရာနှစ်ခုကို ထုလုပ်လော့။ လူထုကိုစုရုံးရာတွင်လည်းကောင်း၊ တပ်စခန်းတို့ ခရီးဆက်ရာတွင်လည်းကောင်း ထိုခရာတို့ကို မှုတ်ရမည်။ Ver CapítuloCommon Language Bible2 ``သင်သည်လူများကိုစုရုံးခေါ်ယူရာ၌လည်း ကောင်း၊ စခန်းဖြုတ်ရာ၌လည်းကောင်း မှုတ်ရန် အချက်ပေးငွေတံပိုးခရာနှစ်လုံးကိုထု လုပ်လော့။- Ver CapítuloGarrad Bible2 ပ ရိ သတ် စည်း ဝေး စေ ခြင်း ငှါ လည်း ကောင်း၊ တပ် များ ချီ စေ ခြင်း ငှါ လည်း ကောင်း ငွေ တံ ပိုး နှစ် လက် ကို ထု လုပ် လော့။ Ver CapítuloJudson Bible2 သင်သည် ပရိသတ်စည်းဝေးစေခြင်းငှာလည်းကောင်း၊ တပ်တို့ကိုချီစေခြင်းငှာလည်းကောင်း၊ မှုတ်ရသော ငွေတံပိုးနှစ်လုံးကို၊ တစ်လုံးလျှင် ငွေတစ်တုံးစီဖြင့် မဆက်ဘဲလုပ်ရမည်။ Ver Capítulo |
အာသပ်၊ ဟေမန်၊ ယေဒုသုန်နှင့် သူတို့၏သားမြေးများ၊ ညီအစ်ကိုများပါဝင်သော လေဝိအမျိုးသီချင်းသည်အပေါင်းတို့သည် ပိတ်ချောထည်ကို ဝတ်ဆင်လျက် လင်းကွင်း၊ စောင်းပြား၊ စောင်းကောက်များကိုင်ဆောင်လျက် ယဇ်ပလ္လင်အရှေ့ဘက်တွင် ရပ်နေကြ၏။ တံပိုးခရာမှုတ်ရသောယဇ်ပုရောဟိတ် အပါးတစ်ရာ့နှစ်ဆယ်တို့လည်း သူတို့နှင့်အတူ ရပ်နေကြ၏။