ငါ့ကို ကွပ်မျက်တော်မူမည်ဆိုလျှင်ပင် ကိုယ်တော့်ကို ငါမျှော်လင့်နေဦးမည်။ ငါ့အမှုကို မျက်မှောက်တော်၌ လျှောက်လဲမည်။
ဆာလံ 138:7 - မြန်မာ့စံမီသမ္မာကျမ်း အကျွန်ုပ်သည် ဆင်းရဲဒုက္ခထဲ၌ ကျင်လည်ရသော်လည်း ကိုယ်တော်သည် အကျွန်ုပ်ကိုအသက်ရှင်စေတော်မူမည်။ ကိုယ်တော်သည် အကျွန်ုပ်ရန်သူတို့၏အမျက်ဒေါသအပေါ်၌ မိမိ၏လက်တော်ကိုဆန့်၍ ကိုယ်တော်၏လက်ယာလက်တော်ဖြင့် အကျွန်ုပ်ကိုကယ်တင်တော်မူမည်။ Common Language Bible ဒုက္ခများပတ်လည်ဝိုင်းလျက်နေချိန်၌ပင်လျှင် ကိုယ်တော်ရှင်သည်ကျွန်တော်မျိုး၏အသက်ကို ကာကွယ်တော်မူပါ၏။ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုး၏ရန်သူတို့၏ အမျက်ကိုဆီးတားတော်မူလျက် တန်ခိုးတော်အားဖြင့်ကျွန်တော်မျိုးကို ကယ်တော်မူပါ၏။ Garrad Bible ဒု က္ခ များ ၌ အ ကျွန်ုပ် ကျင် လည် ရ သော် လည်း၊ ကိုယ် တော် သည် ရှင် ပြန် စေ လျက်၊ ဆန့် တန်း သော လက် ရုံး တော် ဖြင့် ရန် သူ တို့ အမျက် ဒေါ သ ငြိမ်း စေ၍၊ ညာ လက် ရုံး တော် ဖြင့် ကယ် တော် မူ လိမ့် မည်။ Judson Bible အကျွန်ုပ်သည် ဆင်းရဲဒုက္ခများ၌ ကျင်လည်သော်လည်း၊ ကိုယ်တော်သည် အကျွန်ုပ်ကို အသက်ရှင်စေတော်မူလိမ့်မည်။ လက်တော်ကိုဆန့်လျက်၊ ရန်သူတို့၏ အမျက်ဒေါသကိုဆီးတား၍၊ လက်ယာလက်တော်အားဖြင့် အကျွန်ုပ်ကို ကယ်တင်တော်မူလိမ့်မည်။ |
ငါ့ကို ကွပ်မျက်တော်မူမည်ဆိုလျှင်ပင် ကိုယ်တော့်ကို ငါမျှော်လင့်နေဦးမည်။ ငါ့အမှုကို မျက်မှောက်တော်၌ လျှောက်လဲမည်။
လက်ယာလက်တော်၌ခိုလှုံသောသူတို့ကို သူတို့တစ်ဖက်၌ထကြွသောသူများလက်မှ ကယ်တင်တော်မူသောဘုရား၊ ကိုယ်တော်၏မေတ္တာကရုဏာများကို အံ့ဩဖွယ်ပြသတော်မူပါ။
ငါမပြိုင်နိုင်လောက်အောင် ခွန်အားကြီးမားသော ငါ့ရန်သူ၏လက်မှလည်းကောင်း၊ ငါ့ကိုမုန်းသောသူတို့၏လက်မှလည်းကောင်း ငါ့ကိုကယ်နုတ်တော်မူ၏။
ငါဘေးဒုက္ခရောက်ချိန်တွင် သူတို့သည် ငါ့ကို တိုက်ခိုက်ကြသော်လည်း ထာဝရဘုရားသည် ငါ့ကို ထောက်မတော်မူ၏။
ကိုယ်တော်သည် ကယ်တင်ခြင်းဒိုင်းလွှားကို အကျွန်ုပ်အားပေးတော်မူ၏။ ကိုယ်တော်၏လက်ယာလက်တော်သည် အကျွန်ုပ်ကိုဖေးမ၍ ကိုယ်တော်၏နူးညံ့သိမ်မွေ့သောသဘောကြောင့် အကျွန်ုပ်သည် ကြီးမြတ်သူဖြစ်လာရပါ၏။
ထာဝရဘုရားသည် မိမိဘိသိက်ပေးထားသောသူကို ကယ်တင်တော်မူကြောင်း ယခုငါသိ၏။ ကိုယ်တော်သည် သူ့အား လက်ယာလက်တော်၏အစွမ်းတန်ခိုးတော်များဖြင့် ကယ်တင်တော်မူ၏။ မိမိ၏သန့်ရှင်းသောကောင်းကင်ဘုံမှ သူ့ကိုထူးတော်မူ၏။
အမှန်စင်စစ် ဘိုးဘေးတို့သည် ထိုပြည်ကို မိမိတို့ဓားလက်နက်ဖြင့် သိမ်းယူခဲ့ကြသည်မဟုတ်ပါ။ သူတို့အောင်ပွဲရသည်မှာ သူတို့၏လက်ရုံးကြောင့်လည်း မဟုတ်ပါ။ ကိုယ်တော်၏လက်ယာလက်တော်၊ ကိုယ်တော်၏လက်ရုံးတော်နှင့် ကိုယ်တော်၏ မျက်နှာတော်အလင်းကြောင့်သာဖြစ်ပါ၏။ အကြောင်းမူကား ကိုယ်တော်သည် သူတို့ကိုနှစ်သက်တော်မူ၏။
သို့ဖြစ်၍ ကိုယ်တော်ကို ငါခေါ်သောနေ့၌ ငါ၏ရန်သူတို့သည် နောက်ပြန်ဆုတ်ကြလိမ့်မည်။ ဤအမှုအားဖြင့် ဘုရားသခင်သည် ငါ့ဘက်၌ရှိတော်မူသည်ကို ငါသိ၏။
ကိုယ်တော်ချစ်တော်မူသောသူတို့သည် လွတ်မြောက်ခြင်းသို့ရောက်မည့်အကြောင်း ကိုယ်တော်၏လက်ယာလက်တော်ဖြင့်ကယ်တင်ပြီး အကျွန်ုပ်တို့ကို ထူးတော်မူပါ။
ထိုအခါ “အမြင့်ဆုံးသောအရှင်၏လက်ယာလက်တော်သည် ပြောင်းလဲသွားသဖြင့် ငါအားနည်းရချေပြီ”ဟု ငါဆို၏။
ကိုယ်တော်၏လူမျိုးတော်သည် ကိုယ်တော်၌ဝမ်းမြောက်မည့်အကြောင်း အကျွန်ုပ်တို့ကို ပြန်လည်ရှင်သန်စေတော်မူမည်မဟုတ်လော။
အကျဉ်းသားတို့တွင် ဝပ်တွားခြင်း၊ သတ်ဖြတ်ခံရသောသူတို့တွင် လဲကျခြင်းမှတစ်ပါး အခြားမရှိ။ ဤအရာအလုံးစုံဖြစ်စေကာမူ အမျက်တော်မပြေ၊ လက်တော်သည် ဆန့်လျက်ရှိသေး၏။
မကြောက်နှင့်၊ ငါသည် သင်နှင့်အတူရှိ၏။ မစိုးရိမ်နှင့်။ ငါသည် သင်၏ဘုရားသခင်ဖြစ်၏။ အကယ်စင်စစ် သင့်ကို ခိုင်ခံ့စေမည်။ သင့်ကို ကူညီမစမည်။ ငါ၏ဖြောင့်မတ်သောလက်ယာလက်ဖြင့် သင့်ကို ငါထောက်မမည်။
ထာဝရဘုရားသည် မိမိလူမျိုးတော်ကို အမျက်ထွက်၍ သူတို့အပေါ်လက်တော်ကိုဆန့်လျက် ဒဏ်ခတ်တော်မူမည်။ တောင်တို့သည်လှုပ်ခတ်ကြလိမ့်မည်။ သူတို့အလောင်းသည် လမ်းမအလယ်၌ အမှိုက်သရိုက်ကဲ့သို့ဖြစ်လိမ့်မည်။ ဤအရာအလုံးစုံဖြစ်စေကာမူ အမျက်တော်မပြေ၊ လက်တော်သည် ဆန့်လျက်ရှိသေး၏။
ငါကိုယ်တော်တိုင်ဖန်ဆင်းသောဝိညာဉ်၊ ငါကိုယ်တော်တိုင်ဖန်ဆင်းသောဇီဝအသက်တို့သည် ငါ့ရှေ့မှာ မညှိုးငယ်စေရန် ငါသည် အစဉ်အပြစ်တင်မည်မဟုတ်။ အစဉ်အမျက်ထွက်မည်မဟုတ်။
အရှေ့ဘက်မှ ဆီးရီးယားလူမျိုး၊ အနောက်ဘက်မှ ဖိလိတ္တိလူမျိုးတို့သည် အစ္စရေးလူမျိုးကို အငမ်းမရဝါးမျိုကြလိမ့်မည်။ ဤအရာအလုံးစုံဖြစ်စေကာမူ အမျက်တော်မပြေ၊ လက်တော်သည် ဆန့်လျက်ရှိသေး၏။
သူတို့အားလုံးသည် ဘုရားတရားမဲ့သောသူ၊ ဆိုးညစ်သောသူတို့ဖြစ်ကြ၏။ သူတို့အားလုံး၏နှုတ်သည်လည်း မိုက်မဲသောစကားကို ပြောဆိုတတ်ကြ၏။ ထို့ကြောင့် ဘုရားရှင်သည် လူပျိုတို့အပေါ် နှစ်သက်တော်မမူ။ မိဘမဲ့နှင့် မုဆိုးမတို့ကို သနားတော်မမူ။ ဤအရာအလုံးစုံဖြစ်စေကာမူ အမျက်တော်မပြေ၊ လက်တော်သည် ဆန့်လျက်ရှိသေး၏။
မနာရှေအမျိုးက ဧဖရိမ်အမျိုးကို၊ ဧဖရိမ်အမျိုးက မနာရှေအမျိုးကို ဝါးမျို၏။ သူတို့အတူတကွ ယုဒအမျိုးကို ဆန့်ကျင်ကြ၏။ ဤအရာအလုံးစုံဖြစ်စေကာမူ အမျက်တော်မပြေ၊ လက်တော်သည် ဆန့်လျက်ရှိသေး၏။
ထာဝရဘုရားက “အို ဖျက်ဆီးတတ်သောတောင်၊ မြေကြီးတစ်ပြင်လုံးကို ဖျက်ဆီးသောတောင်၊ ကြည့်ရှုလော့။ သင့်ကို ငါစီရင်မည်။ ငါသည် လက်ကိုဆန့်၍ သင့်ကို ချောက်ကမ်းပါးပေါ်မှ လှိမ့်ချပစ်မည်။ သင့်အား မီးကျွမ်းတောင်ဖြစ်စေမည်”ဟု မိန့်တော်မူ၏။
ထိုသို့ယေရှုသည် ဘုရားသခင်၏လက်ယာတော်ဘက်၌ ချီးမြှောက်ခြင်းကိုခံရပြီးနောက် ကတိထားတော်မူသည့်သန့်ရှင်းသောဝိညာဉ်တော်ကို ခမည်းတော်ထံမှခံယူရရှိလျက် သင်တို့တွေ့မြင်ကြားသိသည့်အတိုင်း ထိုဝိညာဉ်တော်ကိုသွန်းလောင်းတော်မူ၏။