ဆာလံ 18:35 - မြန်မာ့စံမီသမ္မာကျမ်း35 ကိုယ်တော်သည် ကယ်တင်ခြင်းဒိုင်းလွှားကို အကျွန်ုပ်အားပေးတော်မူ၏။ ကိုယ်တော်၏လက်ယာလက်တော်သည် အကျွန်ုပ်ကိုဖေးမ၍ ကိုယ်တော်၏နူးညံ့သိမ်မွေ့သောသဘောကြောင့် အကျွန်ုပ်သည် ကြီးမြတ်သူဖြစ်လာရပါ၏။ Ver CapítuloCommon Language Bible35 အို ထာဝရဘုရား၊ ကိုယ်တော်သည်ကျွန်တော်မျိုးအားကွယ်ကာ စောင့်ရှောက်၍ကယ်တော်မူပါ၏။ ကိုယ်တော်ရှင်ကြည့်ရှုပြုစုတော်မူသဖြင့် ကျွန်တော်မျိုးသည်ကြီးမြင့်လာရပါ၏။ ကိုယ်တော်၏တန်ခိုးတော်အားဖြင့်ဘေးမဲ့ လုံခြုံစွာ နေရပါ၏။ Ver CapítuloGarrad Bible35 ကိုယ် တော် သည်၊ ကယ် တင် ခြင်း ဒိုင်း လွှား ကို လည်း သ နား တော် မူ၍၊ ညာ လက် တော် ဖြင့် အ ကျွန်ုပ် ကို ထူ ပင့် လျက်၊ သိမ် မွေ့ နူး ညံ့ တော် မူ ခြင်း ဖြင့် ကြီး မြင့် စေ တော် မူ ပါ ပြီ။ Ver CapítuloJudson Bible35 ကိုယ်တော်သည် ကယ်တင်တော်မူခြင်း ဒိုင်းလွှားကိုအပ်၍၊ လက်ယာလက်တော်အားဖြင့် မစတော်မူ၏။ သည်းခံတော်မူခြင်းအားဖြင့် အကျွန်ုပ်သည်ချီးမြှောက်ခြင်းသို့ ရောက်ပါ၏။ Ver Capítulo |
အို အစ္စရေးလူမျိုး၊ သင်သည် မင်္ဂလာရှိ၏။ ထာဝရဘုရားကယ်တင်တော်မူသောလူမျိုး၊ သင်နှင့်မည်သူတူသနည်း။ ကိုယ်တော်သည် သင့်ကိုကူညီမစသောဒိုင်းလွှား၊ သင်ဂုဏ်ယူဝါကြွားရာဓား ဖြစ်တော်မူ၏။ သင်၏ရန်သူတို့သည် သင့်ရှေ့၌ခယဝပ်တွားကြရလိမ့်မည်။ သင်သည် သူတို့အထွတ်အမြတ်ထားရာနေရာတို့ကို နင်းလိမ့်မည်”ဟု ကောင်းချီးပေးလေ၏။