ဟေရှာယ 9:21 - မြန်မာ့စံမီသမ္မာကျမ်း21 မနာရှေအမျိုးက ဧဖရိမ်အမျိုးကို၊ ဧဖရိမ်အမျိုးက မနာရှေအမျိုးကို ဝါးမျို၏။ သူတို့အတူတကွ ယုဒအမျိုးကို ဆန့်ကျင်ကြ၏။ ဤအရာအလုံးစုံဖြစ်စေကာမူ အမျက်တော်မပြေ၊ လက်တော်သည် ဆန့်လျက်ရှိသေး၏။ Ver CapítuloCommon Language Bible21 မနာရှေသားချင်းစုနှင့်ဧဖရိမ်သားချင်း စုသည်အပြန်အလှန်တိုက်ခိုက်ကြပြီးလျှင် သူတို့နှစ်ဦးပေါင်း၍ယုဒသားချင်းစုကို တိုက်ခိုက်ကြတော့၏။ သို့နှင့်လည်းထာဝရ ဘုရားသည်အမျက်တော်မပြေဘဲအပြစ် ဒဏ်ခတ်တော်မူရန်လက်တော်ကိုချိန်ရွယ် လျက်ပင်ထားတော်မူ၏။ Ver CapítuloJudson Bible21 မနာရှေအမျိုးသည် ဧဖရိမ်အမျိုးကိုလည်းကောင်း၊ ဧဖရိမ်အမျိုးသည် မနာရှေအမျိုးကိုလည်းကောင်း ကိုက်စားကြလိမ့်မည်။ ထိုနှစ်မျိုးတို့သည် ယုဒအမျိုးကို တညီတညွတ်တည်း ရန်ပြုကြလိမ့်မည်။ သို့သော်လည်း၊ အမျက်တော်သည်မငြိမ်း၊ လက်တော်သည် ဆန့်လျက်ရှိသေး၏။ Ver Capítulo |
သူတို့အားလုံးသည် ဘုရားတရားမဲ့သောသူ၊ ဆိုးညစ်သောသူတို့ဖြစ်ကြ၏။ သူတို့အားလုံး၏နှုတ်သည်လည်း မိုက်မဲသောစကားကို ပြောဆိုတတ်ကြ၏။ ထို့ကြောင့် ဘုရားရှင်သည် လူပျိုတို့အပေါ် နှစ်သက်တော်မမူ။ မိဘမဲ့နှင့် မုဆိုးမတို့ကို သနားတော်မမူ။ ဤအရာအလုံးစုံဖြစ်စေကာမူ အမျက်တော်မပြေ၊ လက်တော်သည် ဆန့်လျက်ရှိသေး၏။