နေဟမိ 4:6 - မြန်မာ့စံမီသမ္မာကျမ်း6 မြို့ရိုးကို ပြန်လည်တည်ဆောက်ရာတွင် တည်ဆောက်သူတို့သည် စိတ်အားထက်သန်စွာလုပ်ဆောင်သောကြောင့် မြို့ရိုးတစ်ခုလုံးအမြင့် တစ်ဝက်တိုင်အောင် ပြီးစီးလေ၏။ အခန်းကိုကြည့်ပါ။Common Language Bible6 သို့ဖြစ်၍ငါတို့သည်မြို့ရိုးကိုဆက်လက် တည်ဆောက်ကြရာ ဆောက်လုပ်သူတို့၏စိတ် အားထက်သန်မှုကြောင့် မကြာမီပင်မြို့ရိုး အမြင့်တစ်ဝက်တိုင်အောင်ပြီးလေ၏။ အခန်းကိုကြည့်ပါ။Garrad Bible6 ငါ တို့ မူ ကား၊ မြို့ ရိုး ကို တည် ရာ၊ စိတ် ပါ ကိုယ် ရောက် တည် ဆောက် ကြ သော ကြောင့်၊ ပတ် လည် မြို့ ရိုး အ မြင့် တစ် ဝက် တိ ပြီး စီး သ တည်း။ အခန်းကိုကြည့်ပါ။Judson Bible6 သို့ရာတွင် ငါတို့သည် မြို့ရိုးကိုတည်ကြ၏။ တည်လုပ်သော သူတို့သည် စေတနာကြီးသောကြောင့်၊ မြို့ပတ်လည် မြို့ရိုးအမြင့် တစ်ဝက်တိုင်အောင် ပြီးလေ၏။ အခန်းကိုကြည့်ပါ။ |
ဤသို့ဖြင့် ထာဝရဘုရားသည် ရှာလသေလ၏သား ယုဒဘုရင်ခံဇေရုဗဗေလ၏စိတ်ကိုလည်းကောင်း၊ ယောဇဒက်၏သား ယဇ်ပုရောဟိတ်မင်းယောရှု၏စိတ်ကိုလည်းကောင်း၊ ကြွင်းကျန်သောသူအပေါင်း၏စိတ်ကိုလည်းကောင်း လှုံ့ဆော်သဖြင့် သူတို့သည် လာ၍ မိမိတို့၏ဘုရားသခင် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား၏အိမ်တော်ကို တည်ဆောက်ကြ၏။