Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




နေ​ဟ​မိ 4:6 - Common Language Bible

6 သို့​ဖြစ်​၍​ငါ​တို့​သည်​မြို့​ရိုး​ကို​ဆက်​လက် တည်​ဆောက်​ကြ​ရာ ဆောက်​လုပ်​သူ​တို့​၏​စိတ် အား​ထက်​သန်​မှု​ကြောင့် မ​ကြာ​မီ​ပင်​မြို့​ရိုး အ​မြင့်​တစ်​ဝက်​တိုင်​အောင်​ပြီး​လေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

6 ငါ တို့ မူ ကား၊ မြို့ ရိုး ကို တည် ရာ၊ စိတ် ပါ ကိုယ် ရောက် တည် ဆောက် ကြ သော ကြောင့်၊ ပတ် လည် မြို့ ရိုး အ မြင့် တစ် ဝက် တိ ပြီး စီး သ တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

6 သို့​ရာ​တွင် ငါ​တို့​သည် မြို့​ရိုး​ကို​တည်​ကြ၏။ တည်​လုပ်​သော သူ​တို့​သည် စေ​တ​နာ​ကြီး​သော​ကြောင့်၊ မြို့​ပတ်​လည် မြို့​ရိုး​အ​မြင့် တစ်​ဝက်​တိုင်​အောင် ပြီး​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

6 မြို့ရိုး​ကို ပြန်လည်​တည်ဆောက်​ရာ​တွင် တည်ဆောက်​သူ​တို့​သည် စိတ်အားထက်သန်​စွာ​လုပ်ဆောင်​သောကြောင့် မြို့ရိုး​တစ်ခုလုံး​အမြင့် တစ်ဝက်​တိုင်အောင် ပြီးစီး​လေ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




နေ​ဟ​မိ 4:6
13 ပူးပေါင်းရင်းမြစ်များ  

``အ​ကယ်​စင်​စစ်​ကျွန်​တော်​မျိုး​နှင့်​ကျွန်​တော် မျိုး​၏​လူ​တို့​သည် ကိုယ်​တော်​ရှင်​အား​အ​ဘယ် အ​ရာ​ကို​မျှ​ပေး​လှူ​နိုင်​စွမ်း​မ​ရှိ​ပါ။ ခပ်​သိမ်း သော​အ​ရာ​တို့​သည်​ကိုယ်​တော်​ရှင်​ပေး​သ​နား ထား​သည့်​ဆု​ကျေး​ဇူး​များ​ဖြစ်​သ​ဖြင့် ကျွန် တော်​မျိုး​တို့​သည်​ကိုယ်​တော်​ရှင်​ပိုင်​သည့် အ​ရာ​များ​ကို​သာ​လျှင်​ကိုယ်​တော်​ရှင် အား​ပြန်​လည်​ဆက်​သ​ခြင်း​ဖြစ်​ပါ​၏။-


ငါ​သည်​ဤ​သို့​ပေး​လှူ​ခဲ့​သည့်​ပစ္စည်း​အ​လုံး​စုံ တို့​အ​ပြင် မိ​မိ​ကိုယ်​ပိုင်​ရွှေ​နှင့်​ငွေ​တို့​ကို​လည်း ပေး​လှူ​ခဲ့​၏။ အ​ဘယ်​ကြောင့်​ဆို​သော်​ငါ​သည် ဘု​ရား​သ​ခင်​၏​ဗိ​မာန်​တော်​ကို​လွန်​စွာ​မြတ် နိုး​သော​ကြောင့်​ဖြစ်​ပေ​သည်။-


ထာ​ဝရ​ဘု​ရား​သည်​ဤ​အ​မှု​တို့​ကို​လျင် မြန်​စွာ​ဆောင်​ရွက်​နိုင်​ခွင့်​ပေး​တော်​မူ​သ​ဖြင့် ဟေ​ဇ​ကိ​မင်း​နှင့်​ပြည်​သူ​တို့​သည် ရွှင်​လန်း​ဝမ်း​မြောက်​ကြ​ကုန်​၏။


မြို့​ရိုး​ကို​တည်​ဆောက်​လျက်​နေ​သူ​အ​ကျွန်ုပ် တို့​အား သူ​တို့​သည်​စော်​ကား​ကြ​သော​ကြောင့် သူ​တို့​ပြု​သော​ဒု​စ​ရိုက်​ကို​ခွင့်​လွှတ်​တော်​မ မူ​ပါ​နှင့်။ သူ​တို့​၏​အ​ပြစ်​များ​ကို​မေ့​တော် မ​မူ​ပါ​နှင့်'' ဟု​ဆု​တောင်း​ပတ္ထ​နာ​ပြု​၏။


သမ္ဘာ​လတ်၊ တော​ဘိ​တို့​မှ​စ​၍၊ အာ​ရပ်၊ အမ္မုန်၊ အာ​ဇုတ်​အ​မျိုး​သား​များ​သည်​ယေ​ရု​ရှ​လင် မြို့​ကို​ပြန်​လည်​တည်​ဆောက်​မှု​တိုး​တက်​လျက် ရှိ​ကြောင်း၊ မြို့​ရိုး​ပြို​ပျက်​နေ​သည့်​နေ​ရာ​များ ကို​ဖာ​ထေး​လျက်​ရှိ​ကြောင်း​ကို​ကြား​သိ ကြ​သ​ဖြင့်​လွန်​စွာ​အ​မျက်​ထွက်​ကြ​၏။-


အ​လုပ်​လုပ်​ရက်​ငါး​ဆယ့်​နှစ်​ရက်​ရှိ​သော​အ​ခါ ဧ​လု​လ၊ လ​နှစ်​ဆယ့်​ငါး​ရက်​နေ့​၌​မြို့​ရိုး​ကို လက်​စ​သတ်​ကြ​၏။-


ရန်​သူ​တို့​အား​အ​ရှင်​မင်း​ကြီး​တိုက်​ခိုက် တော်​မူ​သော​နေ့​၌ အ​ရှင်​၏​ပြည်​သား​တို့​သည်​အ​လို​အ​လျောက် ကိုယ်​တော်​နှင့်​လိုက်​ပါ​ချီ​တက်​ကြ​ပါ​လိမ့်​မည်။ နံ​နက်​ချိန်​၌​ကျ​သည့်​ဆီး​နှင်း​ကဲ့​သို့​သန်​စွမ်း သော လူ​ငယ်​လူ​ရွယ်​အ​မြောက်​အ​မြား​သည် အ​ရှင်​မင်း​ကြီး​ရှိ​ရာ​သန့်​ရှင်း​မြင့်​မြတ်​သည့် တောင်​ပေါ်​သို့​ရောက်​ရှိ​ကြ​ပါ​လိမ့်​မည်။


ယေ​ရု​ရှ​လင်​မြို့​သည်​တင့်​တယ်​လျောက်​ပတ်​စွာ ပြန်​လည်​တည်​ဆောက်​ထား​သော​မြို့​ဖြစ်​ပေ​၏။


ထာ​ဝ​ရ​ဘု​ရား​သည်​ယု​ဒ​ဘု​ရင်​ခံ​ရှာ​လ လေ​လ​၏​သား​ဇေ​ရု​ဗ​ဗေ​လ၊ ယဇ်​ပု​ရော ဟိတ်​မင်း​ယော​ဇ​ဒတ်​၏​သား​ယော​ရှု​နှင့် ပြည် နှင်​ဒဏ်​သင့်​ရာ​မှ​ပြန်​လာ​ကြ​သူ​အ​ပေါင်း တို့​အား ဗိ​မာန်​တော်​တည်​ဆောက်​မှု​တွင်​စိတ် အား​ထက်​သန်​၍​လာ​စေ​တော်​မူ​၏။ သူ​တို့ သည်​မိ​မိ​တို့​၏​ဘု​ရား​သ​ခင်​အ​နန္တ​တန် ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​၏​ဗိ​မာန်​တော် တည်​ဆောက်​မှု​ကို၊-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ