လုကာ 2:28 - မြန်မာ28 ရှုမောင်သည် ယေရှုကို လက်နှင့်ချီပိုက်၍၊- အခန်းကိုကြည့်ပါ။Common Language Bible28 ရှုမောင်သည်သူငယ်တော်ကိုပွေ့ချီ၍ဘုရား သခင်၏ဂုဏ်ကျေးဇူးတော်ကိုချီးကူးလျက်၊ အခန်းကိုကြည့်ပါ။Garrad Bible28 ချီ ပွေ့ ပြီး လျှင်၊ ဘု ရား သ ခင့် ဂုဏ် တော် ကို ချီး မွမ်း လျက်၊ အခန်းကိုကြည့်ပါ။Judson Bible28 ရှုမောင်သည် ယေရှုကို လက်နှင့်ချီပိုက်၍၊- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း28 ထိုအခါ ရှိမောင်သည် သူငယ်ကိုပွေ့ချီလျက် ဘုရားသခင်၏ကျေးဇူးတော်ကိုချီးမွမ်းကာ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း28 ထိုအခါ ရှိမောင်သည် သူငယ်ကို ပွေ့ချီလျက်ဘုရားသခင်၏ဂုဏ်တော်ကို ချီးမွမ်း၍ အခန်းကိုကြည့်ပါ။ |
ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရားသည် မင်္ဂလာရှိတော်မူစေသတည်း။ အကြောင်းမူကား၊ ကမ္ဘာဦးမှစ၍ ပေါ်ထွန်းသော မိမိသန့်ရှင်းသော ပရောဖက်တို့နှုတ်ဖြင့် ဗျာဒိတ်ထားတော်မူသည်နှင့်အညီ၊ ငါတို့သည် ရန်သူဘေးနှင့် ကင်းလွတ်၍ ဘုရားသခင့်ရှေ့တော်၌ တစ်သက်လုံး သန့်ရှင်းဖြောင့်မတ်ခြင်း ပါရမီအားဖြင့် ဘုရားဝတ်ကို ရဲရင့်စွာပြုရသောအခွင့်ကို ပေးမည်ဟု ငါတို့အဘအာဗြဟံအား ကျိန်ဆိုခြင်းကတိတော်တည်းဟူသော သန့်ရှင်းသောပဋိညာဉ်တရားကို အောက်မေ့တော်မူသဖြင့်လည်းကောင်း၊ ငါတို့ ဘိုးဘေးများနှင့် ဝန်ခံတော်မူသော သနားခြင်းကျေးဇူးကို ပြုတော်မူသဖြင့်လည်းကောင်း၊ မိမိလူမျိုးကို အကြည့်အရှု ကြွလာလျက် ရွေးနုတ်ခြင်းကျေးဇူးကိုပြုတော်မူ၍၊ ငါတို့ကို ရန်သူလက်မှလည်းကောင်း၊ မုန်းသောသူရှိသမျှတို့ လက်မှလည်းကောင်း ကယ်လွှတ်မည်အကြောင်း၊ ကယ်လွှတ်ခြင်းဦးချိုကို မိမိကျွန်ဒါဝိဒ်အမျိုးထဲ၌ ငါတို့အား ပေါ်ထွန်းစေတော်မူပြီ။