Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




လုကာ 18:32 - မြန်မာ

32 တစ်​ပါး​အ​မျိုး​သား​တို့​လက်​သို့ အပ်​နှံ​ခြင်း၊ ပြက်​ရယ်​ပြု​ခြင်း၊ ညှဉ်း​ဆဲ​ခြင်း၊ တံ​တွေး​နှင့် ထွေး​ခြင်း​ကို ခံ​ရ​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

32 လူ​သား​ကို​လူ​မျိုး​ခြား​တို့​၏​လက်​သို့​အပ်​နှံ ကြ​လိမ့်​မည်။ သူ့​ကို​ပြောင်​လှောင်​စော်​ကား​၍ တံ​တွေး​နှင့်​ထွေး​ကြ​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

32 လူ့ သား သည် လူ မျိုး ခြား တို့ ထံ ပို့ အပ် ခံ၍ သ ရော် ခြင်း၊ ဆဲ ရေး ခြင်း၊ တံ တွေး ထွေး ခြင်း များ ကို ခံ ရ ပြီး လျှင်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

32 တစ်​ပါး​အ​မျိုး​သား​တို့​လက်​သို့ အပ်​နှံ​ခြင်း၊ ပြက်​ရယ်​ပြု​ခြင်း၊ ညှဉ်း​ဆဲ​ခြင်း၊ တံ​တွေး​နှင့် ထွေး​ခြင်း​ကို ခံ​ရ​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

32 အကြောင်းမူကား သူ​သည် လူမျိုးခြား​တို့​ထံ အပ်နှံ​ခြင်း​ကို​ခံရ​လျက် ပြောင်လှောင်​ခြင်း၊ နှိပ်စက်​ခြင်း၊ တံတွေး​နှင့်​ထွေး​ခြင်း​တို့​ကို​ခံရ​လိမ့်မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

32 လူသား​သည် လူမျိုးခြားတို့​၏​လက်​သို့ အပ်နှံခြင်းခံရ​၍ ပြက်ရယ်ပြုခြင်း၊ စော်ကားခြင်း၊ တံတွေး​နှင့်​ထွေးခြင်း​တို့​ကို ခံရ​လိမ့်မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




လုကာ 18:32
26 ပူးပေါင်းရင်းမြစ်များ  

ထို​မှ​တစ်​ပါး ကိုယ်​တော်​သည် ယေ​ရု​ရှ​လင်​မြို့​သို့ သွား​ရ​မည်။ လူ​အ​ကြီး​အ​ကဲ၊ ယဇ်​ပု​ရော​ဟိတ်​အ​ကြီး၊ ကျမ်း​ပြု​ဆ​ရာ​တို့​လက်၌ များ​စွာ​ခံ​ရ​မည်။ အ​သေ​သတ်​ခြင်း​ကို​လည်း ခံ​ရ​မည်။ သုံး​ရက်​မြောက်​သော​နေ့၌ ထ​မြောက်​လိမ့်​မည်​ဟူ​သော အ​ကြောင်း​များ​ကို ထို​အ​ခါ​မှ​စ၍ တ​ပည့်​တော်​တို့​အား ပြ​တော်​မူ၏။-


လူ​သား​အား ပြက်​ရယ်​ပြု​ခြင်း၊ ရိုက်​ပုတ်​ခြင်း၊ လက်​ဝါး​ကပ်​တိုင်​မှာ ရိုက်​ထား​ခြင်း​ကို ပြု​စေ​ခြင်း​ငှာ တစ်​ပါး​အ​မျိုး​သား​တို့ လက်​သို့ အပ်​နှံ​ကြ​လိမ့်​မည်။ သုံး​ရက်​မြောက်​သော​နေ့၌ ထ​မြောက်​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။


ကြွင်း​သော​သူ​တို့​သည်​လည်း လု​လင်​တို့​ကို​ဖမ်း​ဆီး၍ ညှဉ်း​ဆဲ​ခြင်း၊ အ​သေ​သတ်​ခြင်း​ကို ပြု​ကြ၏။-


ထို​အ​ခါ မျက်​နှာ​တော်​ကို တံ​တွေး​နှင့် ထွေး​ကြ၏။ လက်​သီး​နှင့် ထိုး​ကြ၏။-


ကိုယ်​တော်​ကို ချည်​နှောင်​ပြီး​လျှင် မြို့​ဝန်​မင်း ပု​န္တိ​ပိ​လတ်​ထံ​သို့ ဆောင်​သွား၍ အပ်​လိုက်​ကြ၏။-


ထို​အ​ခါ အ​ချို့​တို့​သည် ကိုယ်​တော်​ကို တံ​တွေး​နှင့် ထွေး​ကြ၏။ မျက်​နှာ​တော်​ကို​ဖုံး​ပြီး​လျှင် လက်​သီး​နှင့် ထိုး​လျက်၊ ပ​ရော​ဖက်​ပြု၍ ဟော​တော်​မူ​ပါ​ဟု ဆို​ကြ၏။ မင်း​လု​လင်​တို့​သည်​လည်း ပါး​တော်​ကို လက်​နှင့်​ပုတ်​ကြ၏။


နံ​နက်​အ​ချိန်​တွင် ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​တို့​သည် မ​ဆိုင်း​မ​လင့်​ဘဲ လူ​အ​ကြီး​အ​ကဲ၊ ကျမ်း​ပြု​ဆ​ရာ၊ လွှတ်​အ​ရာ​ရှိ​အ​ပေါင်း​တို့​နှင့် တိုင်​ပင်​ခြင်း​ကို​ပြု၍၊ ယေ​ရှု​ကို​ချည်​နှောင်​ပြီး​လျှင်၊ ပိ​လတ်​မင်း​ထံ​သို့ ဆောင်​သွား၍ အပ်​လိုက်​ကြ၏။-


သူ​တို့​သည် လူ​သား​ကို​ရိုက်​ပုတ်၍ သတ်​ကြ​လိမ့်​မည်။ သုံး​ရက်​မြောက်​သော​နေ့၌ ထ​မြောက်​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။-


ထို​အ​ခါ မင်း​အ​ရာ​ရှိ​အ​ပေါင်း​တို့​သည်​ထ၍ ကိုယ်​တော်​ကို ပိ​လတ်​မင်း​ထံ​သို့ ဆောင်​သွား​ကြ​ပြီး​လျှင်၊-


ဟေ​ရုဒ်​မင်း​သည် စစ်​သူ​ရဲ​တို့​နှင့်​တ​ကွ ကိုယ်​တော်​ကို မ​ခန့်​မ​ညား​ဘဲ ပြက်​ရယ်​ပြု၍ တင့်​တယ်​သော​အ​ဝတ်​ကို ဝတ်​စေ​ပြီး​မှ ပိ​လတ်​မင်း​ထံ​သို့ ပို့​ပြန်​စေ၏။-


လူ​များ​တို့​သည်​လည်း ကြည့်​ရှု​လျက် ရပ်​နေ​ကြ၏။ ထို​သူ​တို့​နှင့်​အ​တူ မင်း​အ​ရာ​ရှိ​တို့​က၊ ဤ​သူ​သည် သူ​တစ်​ပါး​တို့​ကို ကယ်​တင်​တတ်၏။ ခ​ရစ်​တော်​တည်း​ဟူ​သော ဘု​ရား​သ​ခင် ရွေး​ချယ်​တော်​မူ​သော​သူ​မှန်​လျှင် ကိုယ်​ကို​ကယ်​တင်​ပါ​လေ​စေ​ဟူ၍ ပြက်​ရယ်​ပြု​ကြ၏။-


ထို​သို့​မိန့်​တော်​မူ​လျှင်၊ အ​နီး​အ​ပါး၌​ရပ်​နေ​သော မင်း​လု​လင်​တစ်​ယောက်​က၊ သင်​သည် ယဇ်​ပု​ရော​ဟိတ်​မင်း​ကို ဤ​သို့​ပြန်​ပြော​ရာ​သ​လော​ဟု ဆို​လျက် ယေ​ရှု​ကို​ရိုက်​လေ၏။-


နံ​နက်​အ​ချိန်​ရောက်​လျှင်၊ ယေ​ရှု​ကို က​ယာ​ဖ​ထံ​မှ အိမ်​တော်​ဦး​သို့ ဆောင်​သွား​ကြ၏။ ထို​သူ​တို့​သည် အာ​ပတ်​နှင့်​ကင်း​လွတ်၍ ပ​သ​ခါ​ပွဲ​ကို ခံ​ရ​မည်​အ​ကြောင်း အိမ်​တော်​ဦး​ထဲ​သို့ ကိုယ်​တိုင်​မ​ဝင်​ကြ။-


ဤ​သူ​သည် လူ​ဆိုး​မ​ဟုတ်​လျှင် အ​ကျွန်ုပ်​တို့​သည် ကိုယ်​တော်၌​မ​အပ်​ပါ​ဟု လျှောက်​ကြ၏။-


ထို​သို့​လျှောက်​သော်၊ ယေ​ရှု​သည်​အ​ဘယ်​သို့ မိ​မိ​သေ​ရ​မည်​အ​ရိပ်​ကို​ပေး၍၊ မိန့်​တော်​မူ​သော​စ​ကား​တော် ပြည့်​စုံ​မည်​အ​ကြောင်း​တည်း။


ပိ​လတ်​မင်း​က၊ ငါ​သည်​ယု​ဒ​လူ​ဖြစ်​သ​လော။ သင်၏​လူ​မျိုး​နှင့်​တ​ကွ ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​တို့​သည် သင့်​ကို​ငါ၌​အပ်​ကြ​ပြီ။ သင်​သည် အ​ဘယ်​သို့​ပြု​မိ​သ​နည်း​ဟု မေး​လျှင်၊-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ