Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




လုကာ 18:31 - မြန်မာ

31 ထို​အ​ခါ ကိုယ်​တော်​သည် တစ်​ကျိပ်​နှစ်​ပါး​သော တ​ပည့်​တော်​တို့​ကို ခေါ်၍၊ ငါ​တို့​သည် ယေ​ရု​ရှ​လင်​မြို့​သို့ ယ​ခု​သွား​ကြ၏။ ပ​ရော​ဖက်​များ ရေး​မှတ်​သ​မျှ​သည် လူ​သား၌ ပြည့်​စုံ​ရ​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

31 သ​ခင်​ယေ​ရှု​သည်​တစ်​ကျိပ်​နှစ်​ပါး​တို့​ကို ခေါ်​တော်​မူ​ပြီး​လျှင် ``နား​ထောင်​ကြ​လော့။ ငါ တို့​သည်​ယေ​ရု​ရှ​လင်​မြို့​သို့​ခ​ရီး​ပြု​လျက် ရှိ​ကြ​၏။ လူ​သား​အ​ကြောင်း​နှင့်​ပတ်​သက်​၍ ပ​ရော​ဖက်​များ​ဖော်​ပြ​ခဲ့​သည့်​အ​မှု​အ​ရာ အ​လုံး​စုံ​တို့​သည်​ဖြစ်​ပျက်​ရ​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

31 ကိုယ် တော် သည် တစ် ဆယ့် နှစ် ပါး တို့ ကို အ ထံ တော် သို့ ခေါ်၍ ယေ ရု ရှ လင် မြို့ ရောက် ငါ တို့ သွား ကြ သည့် အ လျောက် ပ ရော ဖက် တို့ ဖြင့် ရေး ထား သ မျှ သည် လူ သား ၌ ပြည့် စုံ လိမ့် မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

31 ထို​အ​ခါ ကိုယ်​တော်​သည် တစ်​ကျိပ်​နှစ်​ပါး​သော တ​ပည့်​တော်​တို့​ကို ခေါ်၍၊ ငါ​တို့​သည် ယေ​ရု​ရှ​လင်​မြို့​သို့ ယ​ခု​သွား​ကြ၏။ ပ​ရော​ဖက်​များ ရေး​မှတ်​သ​မျှ​သည် လူ​သား၌ ပြည့်​စုံ​ရ​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

31 ထို့နောက် ကိုယ်တော်​သည် တစ်ဆယ့်နှစ်​ပါး​သော​တပည့်​တော်​တို့​ကို​ခေါ်​၍“နားထောင်​ကြ​လော့။ ငါ​တို့​သည် ဂျေရုဆလင်​မြို့​သို့​သွား​နေ​ကြ​၏။ လူ့သား​နှင့်​ပတ်သက်၍ ပရောဖက်​တို့​ရေး​ထား​သော​အရာ​အားလုံး​တို့​သည် ပြည့်စုံ​ရ​လိမ့်မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

31 ထို့နောက် ကိုယ်တော်​သည် တပည့်တော်​ဆယ့်နှစ်ပါးတို့​ကို ခေါ်​၍ “နားထောင်ကြလော့။ ငါတို့​သည် ဂျေရုဆလင်မြို့​သို့ သွား​လျက်​ရှိ၏။ ထို​မြို့​တွင် လူသား​၏​အကြောင်း​နှင့်​ပတ်သက်​၍ ပရောဖက်တို့​၏​ကြိုတင်​ဟောပြောချက်​ရှိသမျှတို့​သည် ဖြစ်ပျက်​လိမ့်မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




လုကာ 18:31
17 ပူးပေါင်းရင်းမြစ်များ  

ထို​မှ​တစ်​ပါး ကိုယ်​တော်​သည် ယေ​ရု​ရှ​လင်​မြို့​သို့ သွား​ရ​မည်။ လူ​အ​ကြီး​အ​ကဲ၊ ယဇ်​ပု​ရော​ဟိတ်​အ​ကြီး၊ ကျမ်း​ပြု​ဆ​ရာ​တို့​လက်၌ များ​စွာ​ခံ​ရ​မည်။ အ​သေ​သတ်​ခြင်း​ကို​လည်း ခံ​ရ​မည်။ သုံး​ရက်​မြောက်​သော​နေ့၌ ထ​မြောက်​လိမ့်​မည်​ဟူ​သော အ​ကြောင်း​များ​ကို ထို​အ​ခါ​မှ​စ၍ တ​ပည့်​တော်​တို့​အား ပြ​တော်​မူ၏။-


ထို​လှည့်​ဖြား​သော​သူ​က၊ ငါ​သည် သုံး​ရက်​မြောက်​သော​နေ့၌ ထ​မြောက်​မည်​ဟု မ​သေ​မီ​ပြော​သည်​ကို အ​ကျွန်ုပ်​တို့ မှတ်​မိ​ပါ​ပြီ။-


စား​သော​သူ အ​ရေ​အ​တွက်​ကား၊ လူ​လေး​ထောင်​မျှ​လောက် ရှိ​သ​တည်း။ ထို​သူ​တို့​ကို လွှတ်​တော်​မူ​ပြီး​မှ၊-


ယေ​ရှု​က၊ လူ​တစ်​ယောက်​သည် ယေ​ရု​ရှ​လင်​မြို့​မှ ယေ​ရိ​ခေါ​မြို့​သို့​သွား​ရာ​တွင် ဓား​ပြ​နှင့် တွေ့​ကြုံ​လေ၏။ ဓား​ပြ​တို့​သည် ထို​သူ၏​အ​ဝတ်​ကို​ချွတ်၍ နာ​ကျင်​စွာ ရိုက်​နှက်​ပြီး​မှ သေ​လု​မ​တတ်​ရှိ​သော​အ​ခါ ပစ်​ထား၍ သွား​ကြ၏။-


ထို​မှ​တစ်​ပါး၊ လူ​သား​သည် များ​စွာ​ခံ​ရ​မည်။ လူ​အ​ကြီး​အ​ကဲ၊ ယဇ်​ပု​ရော​ဟိတ်​အ​ကြီး၊ ကျမ်း​ပြု​ဆ​ရာ​တို့၏ ငြင်း​ပယ်​ခြင်း​ကို​လည်း​ကောင်း၊ အ​သေ​သတ်​ခြင်း​ကို​လည်း​ကောင်း ခံ​ရ​မည်။ သုံး​ရက်​မြောက်​သော​နေ့၌ ထ​မြောက်​လိမ့်​မည်​ဟူ​သော အ​ကြောင်း​များ​တို့​ကို မိန့်​တော်​မူ၏။


ကောင်း​ကင်​သို့​ဆောင်​ယူ​ခြင်း​ကို ခံ​တော်​မူ​သော​အ​ချိန် ရောက်​သော​အ​ခါ၊ ယေ​ရု​ရှ​လင်​မြို့​သို့ တူ​ရူ​ကြွ​အံ့​သော​ငှာ သ​ဘော​ထား​တော်​မူ၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ