Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ရှင်မာကု 14:21 - မြန်မာ

21 ကျမ်း​စာ​လာ​သည်​အ​တိုင်း လူ​သား​သည် သွား​ရ​မည်။ သို့​သော်​လည်း လူ​သား​ကို အပ်​နှံ​သော​သူ​သည် အ​မင်္ဂ​လာ​ရှိ၏။ ထို​သူ​သည် ဖွား​မြင်​ခြင်း​ကို မ​ခံ​ရ​လျှင် အ​နေ​သာ၍ ကောင်း​သည်​ဟု မိန့်​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

21 ကျမ်း​စာ​လာ​သည်​အ​တိုင်း​လူ​သား​သည်​အ​သေ​ခံ ရ​မည်။ သို့​ရာ​တွင်​လူ​သား​အား​ရန်​သူ့​လက်​သို့ အပ်​သူ​သည်​အ​မင်္ဂ​လာ​ရှိ​၏။ မွေး​ဖွား​ခြင်း​ကို မ​ခံ​ရ​လျှင်​သူ့​အ​ဖို့​သာ​၍​ကောင်း​သေး​၏'' ဟု မိန့်​တော်​မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

21 စပ် လျဉ်း သော ကျမ်း ချက် အ တိုင်း လူ့ သား သည် သွား ရ မည် မှန် သော် လည်း လူ့ သား ကို ပို့ အပ် သူ၌ အ မင်္ဂ လာ ရှိ၏။ ထို သူ မ ဖွား ခဲ့ လျှင် ကောင်း သည် ဟု မိန့် တော် မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

21 ကျမ်း​စာ​လာ​သည်​အ​တိုင်း လူ​သား​သည် သွား​ရ​မည်။ သို့​သော်​လည်း လူ​သား​ကို အပ်​နှံ​သော​သူ​သည် အ​မင်္ဂ​လာ​ရှိ၏။ ထို​သူ​သည် ဖွား​မြင်​ခြင်း​ကို မ​ခံ​ရ​လျှင် အ​နေ​သာ၍ ကောင်း​သည်​ဟု မိန့်​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

21 လူ့သား​သည် မိမိ​နှင့်​ပတ်သက်၍​ရေး​ထား​သည့်​အတိုင်း သွား​ရ​မည်​မှန်​၏။ သို့သော် လူ့သား​ကို​အပ်နှံ​သော​သူ​သည် အမင်္ဂလာရှိ​၏။ ထို​သူ​သည် မ​မွေးဖွား​လာ​ခဲ့​လျှင် သူ့​အတွက် သာ၍​ကောင်း​ပေ​လိမ့်မည်”​ဟု မိန့်​တော်မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

21 ကျမ်းစာ​၌ ရေးထားသည့်​အတိုင်း လူသား​သည် အသေခံရမည်။ သို့ရာတွင် လူသား​ကို သစ္စာဖောက်သော​သူ​သည် အမင်္ဂလာ​ရှိ၏။ ထို​သူ​သည် မွေးဖွား​မလာခဲ့​လျှင် ပို၍​ကောင်းသည်” ဟု မိန့်တော်မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်မာကု 14:21
28 ပူးပေါင်းရင်းမြစ်များ  

သို့​ဖြစ်​လျှင် ဤ​သို့​သော အ​မှု​အ​ရာ​တို့​သည် ဖြစ်​ရ​မည်​ဟူ​သော ကျမ်း​စာ​ချက်​သည် အ​ဘယ်​သို့ ပြည့်​စုံ​အံ့​နည်း​ဟု မိန့်​တော်​မူ၏။-


ထို​အ​ကြောင်း​အ​ရာ​မူ​ကား၊ အ​နာ​ဂ​တ္တိ​ကျမ်း​စာ ပြည့်​စုံ​မည်​အ​ကြောင်း​တည်း​ဟု လူ​အ​စု​အ​ဝေး​တို့​ကို မိန့်​တော်​မူ၏။ ထို​အ​ခါ တ​ပည့်​တော်​အ​ပေါင်း​တို့​သည် ကိုယ်​တော်​ကို စွန့်​ပစ်၍​ပြေး​ကြ၏။


ကိုယ်​တော်​က​လည်း၊ တစ်​ကျိပ်​နှစ်​ပါး​အ​ဝင်​ဖြစ်၍ ငါ​နှင့်​အ​တူ ပန်း​ကန်​တွင် နှိုက်​သော​သူ​သည် ငါ့​ကို အပ်​နှံ​လိမ့်​မည်။-


ထို​အ​ခါ စား​လျက်​နေ​ကြ​စဉ်​တွင် ယေ​ရှု​သည်​မုန့်​ကို​ယူ၍၊ ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ပြီး​မှ မုန့်​ကို​ဖဲ့၍၊ ဤ​မုန့်​ကား ငါ၏​ကိုယ်​ဖြစ်၏။ ယူ၍​စား​ကြ​လော့​ဟု မိန့်​တော်​မူ​လျက် တ​ပည့်​တော်​တို့​အား ပေး​တော်​မူ၏။-


ငါ​သည် ဗိ​မာန်​တော်၌ နေ့​တိုင်း ဆုံး​မ​ဩ​ဝါ​ဒ​ပေး​လျက်၊ သင်​တို့​အ​လယ်၌ ရှိ​နေ​စဉ်​အ​ခါ သင်​တို့​သည် ငါ့​ကို မ​ဖမ်း​မ​ဆီး​ကြ။ ဤ​အ​ကြောင်း​အ​ရာ​ကား၊-


ခွဲ​ခန့်​မှတ်​သား​တော်​မူ​သည်​အ​တိုင်း လူ​သား​သည် သွား​ရ​မည်။ သို့​သော်​လည်း လူ​သား​ကို အပ်​နှံ​သော​သူ​သည် အ​မင်္ဂ​လာ​ရှိ၏​ဟု မိန့်​တော်​မူ၏။-


တစ်​ဖန် မိန့်​တော်​မူ​သည်​ကား၊ မော​ရှေ၏ ပ​ည​တ္တိ​ကျမ်း​စာ၌​လည်း​ကောင်း၊ ပ​ရော​ဖက်​တို့၏ ကျမ်း​စာ၌​လည်း​ကောင်း၊ ဆာ​လံ​ကျမ်း​စာ၌​လည်း​ကောင်း၊ ငါ့​ကို​ရည်​မှတ်၍ ရေး​ထား​သ​မျှ​သော​အ​ချက်​တို့​သည် ပြည့်​စုံ​ရ​မည်​ဟု ငါ​သည် သင်​တို့​နှင့်​အ​တူ ရှိ​စဉ်​အ​ခါ သင်​တို့​အား ဟော​ပြော​သော​အ​ကြောင်း​အ​ရာ​တို့​ကား ဤ​အ​ကြောင်း​အ​ရာ​ပေ​တည်း​ဟု မိန့်​တော်​မူ၏။-


ထို​နောက်​မှ ကျမ်း​စာ​ပြည့်​စုံ​စေ​ခြင်း​ငှာ အ​မှု​ရှိ​သ​မျှ​ကုန်​စင်​ပြီး​သည်​ကို သိ​တော်​မူ​လျှင်၊ ရေ​ငတ်​သည်​ဟု မိန့်​တော်​မူ၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ