Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ရှင်မာကု 14:20 - မြန်မာ

20 ကိုယ်​တော်​က​လည်း၊ တစ်​ကျိပ်​နှစ်​ပါး​အ​ဝင်​ဖြစ်၍ ငါ​နှင့်​အ​တူ ပန်း​ကန်​တွင် နှိုက်​သော​သူ​သည် ငါ့​ကို အပ်​နှံ​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

20 ကိုယ်​တော်​က ``ထို​သူ​သည်​တစ်​ကျိပ်​နှစ်​ပါး​တွင် အ​ပါ​အ​ဝင်​ဖြစ်​၏။ ငါ​နှိုက်​သော​ပန်း​ကန်​တွင် နှိုက်​၍​စား​သူ​ဖြစ်​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

20 ပန်း ကန် တွင် ငါ နှင့် အ တူ နှိုက် သူ၊ တစ် ဆယ့် နှစ် ပါး ပါ ဝင် သူ ဖြစ် သ တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

20 ကိုယ်​တော်​က​လည်း၊ တစ်​ကျိပ်​နှစ်​ပါး​အ​ဝင်​ဖြစ်၍ ငါ​နှင့်​အ​တူ ပန်း​ကန်​တွင် နှိုက်​သော​သူ​သည် ငါ့​ကို အပ်​နှံ​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

20 ကိုယ်တော်​က​လည်း“တစ်ဆယ့်နှစ်​ပါး​သော​သူ​တို့​ထဲမှ တစ်​ဦး​ဖြစ်​ပြီး ငါ​နှင့်အတူ​တစ်​ပန်းကန်​ထဲတွင် လက်​နှိုက်​သော​သူ​ဖြစ်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

20 ကိုယ်တော်​က “ထို​သူ​သည် သင်တို့​ဆယ့်နှစ်ပါး​ထဲမှ ဖြစ်​၍ ငါ့​နှင့်အတူ ပန်းကန်​တွင် မုန့်​ကို တို့စားသောသူ​ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်မာကု 14:20
9 ပူးပေါင်းရင်းမြစ်များ  

ကိုယ်​တော်​က​လည်း ငါ​နှင့်​အ​တူ ပန်း​ကန်​တွင် လက်​နှိုက်​သော​သူ​သည် ငါ့​ကို အပ်​နှံ​လိမ့်​မည်။-


ထို​သို့ မိန့်​တော်​မူ​စဉ်​တွင်​ပင် တ​ပည့်​တော်​တစ်​ကျိပ်​နှစ်​ပါး​အ​ဝင် ဖြစ်​သော ယု​ဒ​ရှ​ကာ​ရုတ်​လာ၏။ ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​တို့​နှင့် လူ​တို့​တွင်​အ​ကြီး​အ​ကဲ​ဖြစ်​သော​သူ​များ စေ​လွှတ်​သော လူ​အ​စု​အ​ဝေး​အ​ပေါင်း​တို့​သည် ဓား​နှင့် တုတ်​များ​ကို ကိုင်​လျက်​ပါ​ကြ၏။-


တ​ပည့်​တော်​တို့​သည် ဝမ်း​နည်း၍၊ အ​ကျွန်ုပ်​လော၊ အ​ကျွန်ုပ်​လော​ဟု တစ်​ယောက်​နောက်​တစ်​ယောက် အ​သီး​အ​သီး မေး​လျှောက်​ကြ၏။-


ကျမ်း​စာ​လာ​သည်​အ​တိုင်း လူ​သား​သည် သွား​ရ​မည်။ သို့​သော်​လည်း လူ​သား​ကို အပ်​နှံ​သော​သူ​သည် အ​မင်္ဂ​လာ​ရှိ၏။ ထို​သူ​သည် ဖွား​မြင်​ခြင်း​ကို မ​ခံ​ရ​လျှင် အ​နေ​သာ၍ ကောင်း​သည်​ဟု မိန့်​တော်​မူ၏။


ထို​သို့ မိန့်​တော်​မူ​စဉ်​တွင်​ပင် တ​ပည့်​တော် တစ်​ကျိပ်​နှစ်​ပါး​အ​ဝင်​ဖြစ်​သော ယု​ဒ​ရှ​ကာ​ရုတ်​နှင့်​အ​တူ ယဇ်​ပု​ရော​ဟိတ်​အ​ကြီး၊ ကျမ်း​ပြု​ဆ​ရာ၊ လူ​အ​ကြီး​အ​ကဲ​များ​စေ​လွှတ်​သော​လူ​အ​စု​အ​ဝေး​အ​ပေါင်း​တို့​သည် ဓား​နှင့် တုတ်​များ​ကို​ကိုင်​လျက် ချက်​ချင်း​လာ​ကြ၏။-


ထို​သို့ မိန့်​တော်​မူ​စဉ်​တွင်​ပင် တ​ပည့်​တော်​တစ်​ကျိပ်​နှစ်​ပါး​အ​ဝင်​ဖြစ်​သော ယု​ဒ​ရှ​ကာ​ရုတ်​သည် လူ​အ​ပေါင်း​တို့​ကို လမ်း​ပြ​လျက်​လာ၍၊ ယေ​ရှု​ကို​နမ်း​ခြင်း​ငှာ ချဉ်း​ကပ်​လေ၏။-


ယေ​ရှု​က​လည်း၊ ဤ​မုန့်​တစ်​လုပ်​စာ​ကို ငါ​နှစ်၍​ပေး​သော​သူ​ဖြစ်၏​ဟု မိန့်​တော်​မူ​ပြီး​လျှင်၊ မုန့်​တစ်​လုပ်​စာ​ကို နှစ်​ပြီး​မှ ရှိ​မုန်၏​သား​ယု​ဒ​ရှ​ကာ​ရုတ်​အား ပေး​တော်​မူ၏။-


ထို​သို့​မိန့်​တော်​မူ​သော်၊ တစ်​ကျိပ်​နှစ်​ပါး​အ​ဝင်​ဖြစ်၍ ကိုယ်​တော်​ကို​အပ်​နှံ​မည့်​သူ၊ ရှိ​မုန်၏​သား​ယု​ဒ​ရှ​ကာ​ရုတ်​ကို ဆို​လို​သ​တည်း။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ