Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




မဿဲ 26:18 - မြန်မာ

18 ကိုယ်​တော်​က၊ မြို့​တွင် ဤ​မည်​သော​သူ၏​အိမ်​သို့ သွား​ကြ၊ ဆ​ရာ​မှာ​လိုက်​သည်​ကား၊ ငါ့​အ​ချိန်​နီး​ပြီ။ သင့်​အိမ်၌ ငါ့​တ​ပည့်​တို့​နှင့်​တ​ကွ ပ​သ​ခါ​ပွဲ​ကို ငါ​ခံ​မည်​ဟု ထို​သူ​ကို ပြော​ကြ​လော့​ဟု မိန့်​တော်​မူ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

18 ကိုယ်​တော်​က ``မြို့​ထဲ​သို့​ဝင်​၍​ဤ​မည်​သော​သူ​ထံ သို့​သွား​၍​ဆ​ရာ​တော်​က `ငါ့​အ​တွက်​သတ်​မှတ် ထား​သည့်​အ​ချိန်​ရောက်​လာ​ပြီ​ဖြစ်​၍​ငါ့​တ​ပည့် များ​နှင့်​အ​တူ​သင်​၏​အိမ်​တွင်​ပ​သ​ခါ​ပွဲ​ကို ကျင်း​ပ​လို​သည်' ဟု​မှာ​ကြား​လိုက်​ကြောင်း​ပြော ကြ​လော့'' ဟု​မိန့်​တော်​မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

18 မြို့ တွင်း ရှိ ဤ မည် သူ့ ထံ သွား ပြီ လျှင် ဆ ရာ က ငါ့ အ ချိန် နီး ပြီ။ တ ပည့် တို့ နှင့် တ ကွ ပ သ ခါ ပွဲ ကို သင့် အိမ် တွင် ငါ ကျင်း ပ မည် ဟူ၍ မှာ လိုက် ကြောင်း ကြား ပြော ကြ လော ဟု မိန့် တော် မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

18 ကိုယ်​တော်​က၊ မြို့​တွင် ဤ​မည်​သော​သူ၏​အိမ်​သို့ သွား​ကြ၊ ဆ​ရာ​မှာ​လိုက်​သည်​ကား၊ ငါ့​အ​ချိန်​နီး​ပြီ။ သင့်​အိမ်၌ ငါ့​တ​ပည့်​တို့​နှင့်​တ​ကွ ပ​သ​ခါ​ပွဲ​ကို ငါ​ခံ​မည်​ဟု ထို​သူ​ကို ပြော​ကြ​လော့​ဟု မိန့်​တော်​မူ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

18 ကိုယ်တော်​က​လည်း“မြို့​ထဲသို့​သွား​၍ တစ်​ယောက်​သော​သူ​အား ‘ငါ​၏​အချိန်​နီး​ပြီ။ ပသခါ​ပွဲတော်​ကို သင့်​ထံ၌ ငါ​၏​တပည့်​များ​နှင့်အတူ​ကျင်းပ​မည်’​ဟူ၍ ဆရာ​က​မှာ​လိုက်​သည်​ဟု ထို​သူ​အား ပြော​ကြ​လော့”​ဟူ၍ မိန့်​တော်မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

18 ယေရှု​က “သင်တို့​သည် မြို့​ထဲသို့ ဝင်​သောအခါ လူ​တစ်ဦး​ကို တွေ့​လိမ့်မည်။ ထို​လူ​ကို တွေ့​လျှင် ဆရာတော်​က ‘ငါ​၏​အချိန် ရောက်လာပြီ။ ငါ​သည် ပသခါပွဲတော်​ညစာ​ကို တပည့်တို့​နှင့်အတူ သင့်​အိမ်​၌ သုံးဆောင်မည်’ ဟု မှာကြားလိုက်သည်​ဟူ၍ ထို​သူ​အား ပြောကြလော့” ဟု မိန့်တော်မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




မဿဲ 26:18
18 ပူးပေါင်းရင်းမြစ်များ  

သူ​တစ်​ပါး​သည် သင်​တို့​အား တစ်​စုံ​တစ်​ခု​ကို​ဆို​လျှင် သ​ခင်​အ​လို​ရှိ​သည်​ဟု ပြန်​ပြော​ကြ​လော့။ ထို​သို့ ပြော​လျှင် ထို​သူ​သည် ချက်​ချင်း​ပေး​လိုက်​မည်​ဟု မှာ​ထား​တော်​မူ၏။-


ဥ​ပ​ဇ္ဈာယ်​ဆ​ရာ​ဟု ခေါ်​ဝေါ်​ခြင်း​ကို မ​ခံ​ကြ​နှင့်။ ခ​ရစ်​တော်​တည်း​ဟူ​သော သင်​တို့​ဥ​ပ​ဇ္ဈာယ်​ဆ​ရာ တစ်​ပါး​တည်း​ရှိ၏။-


သင်​တို့​မူ​ကား အ​ရှင်​ဘု​ရား​ဟု ခေါ်​ဝေါ်​ခြင်း​ကို မ​ခံ​ကြ​နှင့်။ ခ​ရစ်​တော်​တည်း​ဟူ​သော သင်​တို့​ဥ​ပ​ဇ္ဈာယ်​ဆ​ရာ တစ်​ပါး​တည်း​ရှိ၏။ သင်​တို့​အ​ပေါင်း​သည် ညီ​အစ်​ကို​ချင်း ဖြစ်​ကြ၏။-


တ​ပည့်​တော်​တို့​သည် စီ​ရင်​တော်​မူ​သည်​အ​တိုင်း​ပြု၍ ပ​သ​ခါ​ပွဲ​ကို ပြင်​ဆင်​ကြ၏။


နှစ်​ရက်​လွန်​မှ ပ​သ​ခါ​ပွဲ​နေ့​ရောက်​မည်​ကို သင်​တို့​သိ​ကြ၏။ ထို​အ​ခါ လူ​သား​ကို​လက်​ဝါး​ကပ်​တိုင်​မှာ ရိုက်​သတ်​စေ​ခြင်း​ငှာ အပ်​နှံ​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။-


ကိုယ်​တော်​ရင်း​သို့ ချက်​ချင်း​ချဉ်း​ကပ်၍ အ​ရှင်​ဘု​ရား၊ မင်္ဂ​လာ​ရှိ​ပါ​စေ​သော​ဟု ဆို​လျက် နမ်း​လေ၏။-


ထို​သို့ မိန့်​တော်​မူ​စဉ်​တွင် တ​ရား​ဇ​ရပ်​မှူး​အိမ်​မှ လူ​လာ၍၊ ကိုယ်​တော်၏​သ​မီး သေ​ပါ​ပြီ။ အ​ဘယ်​ကြောင့် ဆ​ရာ​ကို နှောင့်​ယှက်​သေး​သ​နည်း​ဟု ဆို​ကြ၏။-


ငါ​သည် ဗိ​မာန်​တော်၌ သင်​တို့​နှင့်​အ​တူ ရှိ​နေ​စဉ်​အ​ခါ သင်​တို့​သည် ငါ့​ကို မ​ဖမ်း​မ​ဆီး​ကြ။ သို့​သော်​လည်း ယ​ခု​အ​ချိန်​ကား သင်​တို့​အ​ချိန်​ဖြစ်၏။ မှောင်​မိုက်​တန်​ခိုး​လည်း​ဖြစ်၏​ဟု မိန့်​တော်​မူ၏။


ထို​သို့​လျှောက်​ပြီး​မှ မာ​သ​သည်​သွား၍ မိ​မိ​ညီ​မ မာ​ရိ​အား၊ အ​ရှင်​ဘု​ရား ရောက်​လာ​တော်​မူ​ပြီ။ သင့်​ကို ခေါ်​တော်​မူ​သည်​ဟု တိတ်​ဆိတ်​စွာ​ခေါ်​လေ၏။-


ယေ​ရှု​က​လည်း၊ လူ​သား​သည် ဘုန်း​ပွင့်​ရ​သော​အ​ချိန်​ရောက်​ပြီ။-


ပ​သ​ခါ​ပွဲ​မ​ခံ​မီ၌ ယေ​ရှု​သည် ဤ​လော​က​မှ​ခ​မည်း​တော်​ထံ​သို့ ပြောင်း​ရ​သော​အ​ချိန် ရောက်​သည်​ကို သိ​တော်​မူ​သည်​ဖြစ်၍၊ ဤ​လော​က၌​ရှိ​သော​မိ​မိ​လူ​တို့​ကို ချစ်​တော်​မူ​သော​ကြောင့် အ​ဆုံး​တိုင်​အောင် ချစ်​တော်​မူ၏။-


ထို​သို့ မိန့်​တော်​မူ​ပြီး​မှ ယေ​ရှု​သည် ကောင်း​ကင်​သို့​ကြည့်​မျှော်၍၊ အို အ​ဘ၊ အ​ကျွန်ုပ်​အ​ချိန်​ရောက်​ပါ​ပြီ။-


ယေ​ရှု​က​လည်း၊ မာ​ရိ​ဟု​ခေါ်​တော်​မူ​လျှင်၊ မာ​ရိ​သည်​လှည့်၍ ရ​ဗ္ဗု​နိ​ဟု ထူး​လေ၏။ ရ​ဗ္ဗု​နိ​အ​နက်​ကား၊ အ​ရှင်​ဘု​ရား​ဟု ဆို​လို​သ​တည်း။-


ကိုယ်​တော်​ကို ဖမ်း​ဆီး​ခြင်း​အ​ခွင့်​ကို ရှာ​ကြ၏။ သို့​သော်​လည်း ကိုယ်​တော်၏​အ​ချိန်​မ​စေ့ မ​ရောက်​သေး​သော​ကြောင့် အ​ဘယ်​သူ​မျှ မ​ဖမ်း​မ​ဆီး​ကြ။-


ယေ​ရှု​က​လည်း၊ ငါ့​အ​ချိန်​မ​ရောက်​သေး။ သင်​တို့​ဖို့ ခပ်​သိမ်း​သော​အ​ချိန် သင့်​လျက်​ရှိ၏။-


ထို​ပွဲ​သို့ သင်​တို့​သွား​ကြ​လော့။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ