Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




မဿဲ 10:1 - မြန်မာ

1 တစ်​ကျိပ်​နှစ်​ပါး​သော တ​ပည့်​တော်​တို့​ကို ခေါ်​တော်​မူ​ပြီး​မှ၊ ညစ်​ညူး​သော​နတ်​တို့​ကို နှင်​ထုတ်​ခြင်း​ငှာ​လည်း​ကောင်း၊ အ​နာ​ရော​ဂါ​အ​မျိုး​မျိုး​တို့​ကို ငြိမ်း​စေ​ခြင်း​ငှာ​လည်း​ကောင်း အ​ခွင့်​ပေး​တော်​မူ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

1 သ​ခင်​ယေ​ရှု​သည်​တစ်​ကျိပ်​နှစ်​ပါး​သော​တ​ပည့် တော်​တို့​ကို​အ​ထံ​တော်​သို့​ခေါ်​တော်​မူ​ပြီး​နောက် ညစ်​ညမ်း​သော​နတ်​များ​ကို​နှင်​ထုတ်​နိုင်​ရန်​နှင့် ရော​ဂါ​အ​မျိုး​မျိုး​ကို​ပျောက်​ကင်း​စေ​နိုင်​ရန် တန်​ခိုး​အာ​ဏာ​ကို​ပေး​အပ်​တော်​မူ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

1 ကိုယ် တော် သည် တ ပည့် တော် ဆယ့် နှစ် ပါး ကို အ ထံ တော် သို့ ခေါ်၍ နတ် ဆိုး တို့ ကို နှင် ထုတ် နိုင် ရန် အာ ဏာ နှင့် အ နာ ရော ဂါ အ မျိုး မျိုး ကင်း ပျောက် စေ နိုင် ရန် အာ ဏာ ကို ပေး အပ် တော် မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

1 တစ်​ကျိပ်​နှစ်​ပါး​သော တ​ပည့်​တော်​တို့​ကို ခေါ်​တော်​မူ​ပြီး​မှ၊ ညစ်​ညူး​သော​နတ်​တို့​ကို နှင်​ထုတ်​ခြင်း​ငှာ​လည်း​ကောင်း၊ အ​နာ​ရော​ဂါ​အ​မျိုး​မျိုး​တို့​ကို ငြိမ်း​စေ​ခြင်း​ငှာ​လည်း​ကောင်း အ​ခွင့်​ပေး​တော်​မူ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

1 ထို့နောက် ကိုယ်တော်​သည် တစ်ဆယ့်နှစ်​ပါး​သော​တပည့်​တော်​တို့​ကို​ခေါ်​၍ ညစ်ညူး​သော​နတ်​တို့​ကို​နိုင်​ရ​သော​အခွင့်​အာဏာ​ကို သူ​တို့​အား​ပေး​တော်မူ​၏။ ဤသည်ကား ထို​နတ်​တို့​ကို​နှင်ထုတ်​စေရန်​နှင့် ရောဂါ​အမျိုးမျိုး​မှစ၍ အဖျားအနာ​ရှိသမျှ​တို့​ကို ပျောက်ကင်း​စေရန်​အတွက်​ဖြစ်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

1 ယေရှု​သည် တပည့်တော်​ဆယ့်နှစ်ပါးတို့​ကို ခေါ်တော်မူ​၍ နတ်ဆိုးများ​ကို နှင်ထုတ်နိုင်သော​အခွင့်အာဏာ​နှင့် အနာရောဂါ​အမျိုးမျိုး၊ ဖျားနာခြင်း​အမျိုးမျိုး​ကို ပျောက်ကင်းစေနိုင်သော အခွင့်အာဏာတို့​ကို ပေးတော်မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




မဿဲ 10:1
26 ပူးပေါင်းရင်းမြစ်များ  

ယေ​ရှု​က၊ ငါ​အ​မှန်​ဆို​သည်​ကား၊ အ​လုံး​စုံ​သော​အ​ရာ​တို့​ကို အ​သစ်​ပြု​ပြင်​သော​ကာ​လ၌ လူ​သား​သည် ဘုန်း​ရှိ​သော ပ​လ္လင်​တော်​ပေါ်​မှာ ထိုင်​တော်​မူ​သော​အ​ခါ၊ ငါ့​နောက်​သို့​လိုက်​ကြ​သော သင်​တို့​သည် တစ်​ဆယ်​နှစ်​ခု​သော ပ​လ္လင်​ပေါ်​မှာ ထိုင်​လျက်၊ ဣ​သ​ရေ​လ​လူ တစ်​ဆယ်​နှစ်​မျိုး​ကို စစ်​ကြော​စီ​ရင်​ရ​ကြ​လ​တ္တံ့။-


ညဉ့်​ဦး​ယံ​အ​ချိန်​ရောက်​မှ တ​ပည့်​တော်​တစ်​ကျိပ်​နှစ်​ပါး​တို့​နှင့် အ​တူ စား​ပွဲ၌​လျောင်း​တော်​မူ၏။-


ထို​သို့ မိန့်​တော်​မူ​စဉ်​တွင်​ပင် တ​ပည့်​တော်​တစ်​ကျိပ်​နှစ်​ပါး​အ​ဝင် ဖြစ်​သော ယု​ဒ​ရှ​ကာ​ရုတ်​လာ၏။ ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​တို့​နှင့် လူ​တို့​တွင်​အ​ကြီး​အ​ကဲ​ဖြစ်​သော​သူ​များ စေ​လွှတ်​သော လူ​အ​စု​အ​ဝေး​အ​ပေါင်း​တို့​သည် ဓား​နှင့် တုတ်​များ​ကို ကိုင်​လျက်​ပါ​ကြ၏။-


ယေ​ရှု​သည် တ​ရား​ဇ​ရပ်​တို့၌ ဆုံး​မ​ဩ​ဝါ​ဒ​ပေး​လျက်၊ နိုင်​ငံ​တော်​နှင့်​ယှဉ်​သော ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ဟော​လျက်၊ လူ​တို့​တွင် အ​နာ​ရော​ဂါ​အ​မျိုး​မျိုး​တို့​ကို ငြိမ်း​စေ​လျက်၊ ဂါ​လိ​လဲ​ပြည် တစ်​ပြည်​လုံး​ကို ဒေ​သ​စာ​ရီ လှည့်​လည်​တော်​မူ၏။


အ​ပြစ်​သွေး​ဆောင်​ရာ​သို့ မ​လိုက်​မ​ပါ​စေ​ဘဲ၊ မ​ကောင်း​သော​အ​မှု​အ​ရာ​မှ​လည်း ကယ်​နုတ်​တော်​မူ​ပါ။ အ​စိုး​ပိုင်​သော​အ​ခွင့်​နှင့် ဘုန်း​တန်​ခိုး​အာ​နု​ဘော်​သည် က​မ္ဘာ​အ​ဆက်​ဆက် ကိုယ်​တော်၌​ရှိ​ပါ၏။ အာ​မင် ဟု ဆု​တောင်း​ကြ​လော့။-


ယေ​ရှု​သည် တ​ရား​ဇ​ရပ်​တို့၌ ဆုံး​မ​ဩ​ဝါ​ဒ​ပေး​လျက်၊ နိုင်​ငံ​တော်​နှင့်​ယှဉ်​သော ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ဟော​လျက်၊ လူ​များ​ခံ​ရ​သော အ​နာ​ရော​ဂါ​အ​မျိုး​မျိုး​တို့​ကို ငြိမ်း​စေ​လျက်၊ မြို့​ရွာ​ရှိ​သ​မျှ​တို့​ကို ဒေ​သ​စာ​ရီ လှည့်​လည်​တော်​မူ၏။ လူ​အ​စု​အ​ဝေး​တို့​ကို မြင်​တော်​မူ​လျှင် သ​နား​ခြင်း​စိတ်​ရှိ​တော်​မူ၏။-


ထို​ကြောင့် လုပ်​ဆောင်​သော​သူ​တို့​ကို စ​ပါး​ရိတ်​စေ​ခြင်း​ငှာ စေ​လွှတ်​တော်​မူ​မည်​အ​ကြောင်း၊ စ​ပါး​ရှင်​ကို ဆု​တောင်း​ကြ​လော့​ဟု တ​ပည့်​တော်​တို့​အား မိန့်​တော်​မူ၏။


သင်​တို့​သည် မြွေ၊ ကင်း​မြီး​ကောက်​တို့​ကို နိုင်​ရ​သော​အ​ခွင့်​နှင့် ရန်​သူ​များ​ကို​နိုင်​ရ​သော အ​ခွင့်​တန်​ခိုး​ကို ငါ​ပေး၏။ သင်​တို့​ကို အ​ဘယ်​ဘေး​မျှ မ​ညှဉ်း​ဆဲ​ရ။-


အ​ကြောင်း​မူ​ကား၊ ရန်​သူ​အ​ပေါင်း​တို့​သည် မ​ငြင်း​ခုံ​မ​ဟန့်​တား​နိုင်​သော နှုတ်​သ​တ္တိ၊ ဉာဏ်​သ​တ္တိ​ကို ငါ​ပေး​မည်။-


ငါ့​ခ​မည်း​တော်၏ က​တိ​ရှိ​သည်​အ​တိုင်း သင်​တို့၌ ငါ​ပြု​ဦး​မည်။ သို့​ဖြစ်၍ သင်​တို့​သည် ကောင်း​ကင်​က​တန်​ခိုး​ကို မ​ခံ​မီ​တိုင်​အောင် ယေ​ရု​ရှ​လင်​မြို့၌ နေ​ကြ​ဦး​လော့​ဟု မိန့်​တော်​မူ၏။


မိုး​လင်း​သော​အ​ခါ တ​ပည့်​တော်​တို့​ကို ခေါ်​တော်​မူ၍၊-


ကိုယ်​တော်​သည် သား​တော်​လက်​သို့ အပ်​ပေး​တော်​မူ​သ​မျှ​သော​သူ​တို့​အား ထာ​ဝ​ရ​အ​သက်​ကို ပေး​စေ​ခြင်း​ငှာ၊ လူ​မျိုး​အ​ပေါင်း​တို့​ကို အ​စိုး​ရ​သော​အ​ခွင့်​တန်​ခိုး​ကို သား​တော်​အား ပေး​တော်​မူ​သည်​နှင့်​အ​ညီ၊ သား​တော်​သည် ကိုယ်​တော်၏​ဘုန်း​ကို ထင်​ရှား​စေ​ပါ​မည်​အ​ကြောင်း သား​တော်၏​ဘုန်း​ကို ထင်​ရှား​စေ​တော်​မူ​ပါ။-


ယော​ဟန်​က၊ ကောင်း​ကင်​ဘုံ​မှ ပေး​တော်​မ​မူ​လျှင် လူ​သည် အ​ဘယ်​အ​ရာ​ကို​မျှ မ​ခံ​နိုင်​ရာ။ ငါ​သည် ခ​ရစ်​တော်​မ​ဟုတ်။-


ခ​မည်း​တော်​သည် သား​တော်​ကို ချစ်​တော်​မူ၍၊ ခပ်​သိမ်း​သော​အ​ရာ​တို့​ကို သား​တော်​လက်​သို့ အပ်​ပေး​တော်​မူ​ပြီ။ -


ယေ​ရှု​က​လည်း၊ တစ်​ကျိပ်​နှစ်​ပါး​သော​သင်​တို့​ကို ငါ​ရွေး​ကောက်​သည် မ​ဟုတ်​လော။ သို့​သော်​လည်း သင်​တို့​တွင် ရန်​သူ​တစ်​ယောက်​ပါ​သည်​ဟု မိန့်​တော်​မူ၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ