Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




မဿဲ 10:1 - Common Language Bible

1 သ​ခင်​ယေ​ရှု​သည်​တစ်​ကျိပ်​နှစ်​ပါး​သော​တ​ပည့် တော်​တို့​ကို​အ​ထံ​တော်​သို့​ခေါ်​တော်​မူ​ပြီး​နောက် ညစ်​ညမ်း​သော​နတ်​များ​ကို​နှင်​ထုတ်​နိုင်​ရန်​နှင့် ရော​ဂါ​အ​မျိုး​မျိုး​ကို​ပျောက်​ကင်း​စေ​နိုင်​ရန် တန်​ခိုး​အာ​ဏာ​ကို​ပေး​အပ်​တော်​မူ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

1 ကိုယ် တော် သည် တ ပည့် တော် ဆယ့် နှစ် ပါး ကို အ ထံ တော် သို့ ခေါ်၍ နတ် ဆိုး တို့ ကို နှင် ထုတ် နိုင် ရန် အာ ဏာ နှင့် အ နာ ရော ဂါ အ မျိုး မျိုး ကင်း ပျောက် စေ နိုင် ရန် အာ ဏာ ကို ပေး အပ် တော် မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

1 တစ်​ကျိပ်​နှစ်​ပါး​သော တ​ပည့်​တော်​တို့​ကို ခေါ်​တော်​မူ​ပြီး​မှ၊ ညစ်​ညူး​သော​နတ်​တို့​ကို နှင်​ထုတ်​ခြင်း​ငှာ​လည်း​ကောင်း၊ အ​နာ​ရော​ဂါ​အ​မျိုး​မျိုး​တို့​ကို ငြိမ်း​စေ​ခြင်း​ငှာ​လည်း​ကောင်း အ​ခွင့်​ပေး​တော်​မူ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

1 ထို့နောက် ကိုယ်တော်​သည် တစ်ဆယ့်နှစ်​ပါး​သော​တပည့်​တော်​တို့​ကို​ခေါ်​၍ ညစ်ညူး​သော​နတ်​တို့​ကို​နိုင်​ရ​သော​အခွင့်​အာဏာ​ကို သူ​တို့​အား​ပေး​တော်မူ​၏။ ဤသည်ကား ထို​နတ်​တို့​ကို​နှင်ထုတ်​စေရန်​နှင့် ရောဂါ​အမျိုးမျိုး​မှစ၍ အဖျားအနာ​ရှိသမျှ​တို့​ကို ပျောက်ကင်း​စေရန်​အတွက်​ဖြစ်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

1 ယေရှု​သည် တပည့်တော်​ဆယ့်နှစ်ပါးတို့​ကို ခေါ်တော်မူ​၍ နတ်ဆိုးများ​ကို နှင်ထုတ်နိုင်သော​အခွင့်အာဏာ​နှင့် အနာရောဂါ​အမျိုးမျိုး၊ ဖျားနာခြင်း​အမျိုးမျိုး​ကို ပျောက်ကင်းစေနိုင်သော အခွင့်အာဏာတို့​ကို ပေးတော်မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

1 တစ်​ကျိပ်​နှစ်​ပါး​သော တ​ပည့်​တော်​တို့​ကို ခေါ်​တော်​မူ​ပြီး​မှ၊ ညစ်​ညူး​သော​နတ်​တို့​ကို နှင်​ထုတ်​ခြင်း​ငှာ​လည်း​ကောင်း၊ အ​နာ​ရော​ဂါ​အ​မျိုး​မျိုး​တို့​ကို ငြိမ်း​စေ​ခြင်း​ငှာ​လည်း​ကောင်း အ​ခွင့်​ပေး​တော်​မူ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




မဿဲ 10:1
26 ပူးပေါင်းရင်းမြစ်များ  

သ​ခင်​ယေ​ရှု​က ``ငါ​အ​မှန်​အ​ကန်​ဆို​သည် ကား​အ​သစ်​ပြု​ပြင်​ရာ​ကာ​လ​တွင်​လူ​သား​သည် ဘုန်း​အ​သ​ရေ​နှင့်​ပြည့်​စုံ​သည့်​ပလ္လင်​တော်​မှာ ထိုင်​တော်​မူ​သော​အ​ခါ ငါ​၏​တ​ပည့်​ဖြစ်​သူ သင်​တို့​သည်​လည်း​ပလ္လင်​တစ်​ဆယ့်​နှစ်​ခု​ပေါ်​မှာ ထိုင်​၍ ဣ​သ​ရေ​လ​အ​နွယ်​တစ်​ဆယ့်​နှစ်​ပါး​ကို တ​ရား​စီ​ရင်​ရ​ကြ​လတ္တံ့။-


ည​ချမ်း​အ​ချိန်​ရောက်​သော်​ကိုယ်​တော်​သည်​တစ်​ကျိပ် နှစ်​ပါး​တို့​နှင့်​အ​တူ​စား​ပွဲ​တွင်​ထိုင်​၍​ည​စာ​စား တော်​မူ​၏။-


ယင်း​သို့​ကိုယ်​တော်​မိန့်​တော်​မူ​စဉ်​၌​ပင်​လျှင် တစ်​ကျိပ်​နှစ်​ပါး​အ​ဝင်​ဖြစ်​သူ​ယု​ဒ​သည်​တုတ်၊ ဋ္ဌား​ကိုင်​ဆောင်​သူ​လူ​အ​မြောက်​အ​မြား​နှင့်​အ​တူ ရောက်​ရှိ​လာ​လေ​သည်။ ထို​သူ​တို့​သည်​ယဇ်​ပု​ရော ဟိတ်​ကြီး​များ​နှင့်​ဘာ​သာ​ရေး​ခေါင်း​ဆောင်​များ က​စေ​လွှတ်​လိုက်​သူ​များ​ဖြစ်​၏။-


ကိုယ်​တော်​သည်​ဂါ​လိ​လဲ​ပြည်​တစ်​လျှောက်​လုံး ကြွ​တော်​မူ​လျက်​တ​ရား​ဇ​ရပ်​များ​တွင်​သွန် သင်​တော်​မူ​၏။ နိုင်​ငံ​တော်​အ​ကြောင်း​သ​တင်း ကောင်း​ကို​ဟော​ပြော​တော်​မူ​၏။-


အ​ကျွန်ုပ်​တို့​အား​ကြီး​မား​သော​စုံ​စမ်း သွေး​ဆောင်​ခြင်း​ကို​ခံ​စေ​တော်​မ​မူ​ဘဲ၊ စာ​တန်​မာရ်​နတ်​ဘေး​ရန်​မှ​ကာ​ကွယ်​တော်​မူ​ပါ' ဟူ​၍​ဆု​တောင်း​ကြ​လော့။


သ​ခင်​ယေ​ရှု​သည်​မြို့​ရွာ​ရှိ​သ​မျှ​သို့​လှည့်​လည်​ပြီး လျှင်​တ​ရား​ဇ​ရပ်​များ​တွင်​သွန်​သင်​၍​နိုင်​ငံ​တော် အ​ကြောင်း​သ​တင်း​ကောင်း​ကို​ဟော​ပြော​လျက် အ​နာ​ရော​ဂါ​အ​မျိုး​မျိုး​တို့​ကို​ပျောက်​ကင်း​စေ တော်​မူ​၏။-


သို့​ဖြစ်​၍​လုပ်​သား​များ​စေ​လွှတ်​ပေး​ရန်​စ​ပါး​ရှင် အား​ဆု​တောင်း​ကြ​လော့'' ဟု​တ​ပည့်​တော်​တို့​အား မိန့်​တော်​မူ​၏။


မြွေ​ဆိုး​များ၊ ကင်း​မြီး​ကောက်​များ​အ​ပေါ်​မှာ နင်း​သွား​၍ စာ​တန်​၌​ရှိ​သ​မျှ​သော​တန်​ခိုး​ကို နှိမ်​နင်း​နိုင်​သည့်​အာ​ဏာ​ကို​သင်​တို့​အား​ငါ​ပေး အပ်​ထား​ပြီ။ အ​ဘယ်​ဘေး​မျှ​သင်​တို့​၌​မ​ရောက်​ရ။-


အ​ဘယ်​ကြောင့်​ဆို​သော်​သင်​တို့​၏​ရန်​သူ​များ မ​ငြင်း​ခုံ​မ​ခု​ခံ​နိုင်​အောင်​သင်​တို့​အား​နှုတ် သတ္တိ၊ ဉာဏ်​သတ္တိ​ကို​ငါ​ပေး​မည်​ဖြစ်​သော​ကြောင့် တည်း။-


ငါ​၏​ခ​မည်း​တော်​က​တိ​ထား​တော်​မူ​ရာ​ကို သင်​တို့​အ​ပေါ်​မှာ​ငါ​သက်​ရောက်​စေ​မည်။ သို့ ရာ​တွင်​သင်​တို့​သည်​ကောင်း​ကင်​က​တန်​ခိုး​ကို မ​ခံ​မ​ယူ​ရ​မီ​တိုင်​အောင် ယေ​ရု​ရှ​လင်​မြို့​၌ စောင့်​နေ​ကြ​လော့'' ဟု​မိန့်​တော်​မူ​၏။


မိုး​လင်း​သော​အ​ခါ​တ​ပည့်​တော်​တို့​ကို​အ​ထံ တော်​သို့​ခေါ်​တော်​မူ​ပြီး​လျှင် ထို​သူ​တို့​အ​နက် တစ်​ဆယ့်​နှစ်​ပါး​ကို​ရွေး​ချယ်​၍​တ​မန်​တော် နာ​မည်​ဖြင့်​သ​မုတ်​တော်​မူ​၏။-


သား​တော်​သည်​မိ​မိ​လက်​သို့​အပ်​နှင်း​ထား သူ​တို့​အား​ထာ​ဝ​ရ​အ​သက်​ကို​ပေး​နိုင်​ရန် ကိုယ်​တော်​သည်​လူ​သား​အ​ပေါင်း​တို့​ကို စိုး​ပိုင်​သော​တန်​ခိုး​အာ​ဏာ​ကို​ပေး​တော် မူ​ပါ​ပြီ။-


ယော​ဟန်​က ``ဘု​ရား​သ​ခင်​ပေး​အပ်​တော်​မ​မူ လျှင် လူ​သည်​အ​ဘယ်​အ​လုပ်​တာ​ဝန်​ကို​မျှ မ​ခံ​မ​ယူ​နိုင်။-


ခ​မည်း​တော်​သည်​သား​တော်​ကို​ချစ်​တော်​မူ သ​ဖြင့် တန်​ခိုး​အာ​ဏာ​ရှိ​သ​မျှ​ကို​သား​တော် လက်​သို့​ပေး​အပ်​တော်​မူ​ပြီ။-


သ​ခင်​ယေ​ရှု​က ``ငါ​သည်​တစ်​ကျိပ်​နှစ်​ပါး သော​သင်​တို့​ကို​ရွေး​ချယ်​ခန့်​ထား​ခဲ့​သည် မ​ဟုတ်​ပါ​လော။ သို့​သော်​လည်း​သင်​တို့​တွင် နတ်​မိစ္ဆာ​တစ်​ဦး​ပါ​လျက်​နေ​၏'' ဟု​မိန့်​တော် မူ​၏။-


သို့​ရာ​တွင်​သင်​တို့​အ​ပေါ်​သို့​သန့်​ရှင်း​သော ဝိ​ညာဉ်​တော်​သက်​ရောက်​သော​အ​ခါ​၌ သင်​တို့ သည်​တန်​ခိုး​ကို​ခံ​ယူ​ရ​ရှိ​ကြ​လိမ့်​မည်။ ထို အ​ခါ​သင်​တို့​သည်​ယေ​ရု​ရှ​လင်​မြို့၊ ယု​ဒ ပြည်​တစ်​ပြည်​လုံး​နှင့်​ရှ​မာ​ရိ​ပြည်​မှ​စ​၍ ကမ္ဘာ​မြေ​ကြီး​အ​စွန်​အ​ဖျား​တိုင်​အောင် ငါ ၏​အ​ကြောင်း​ကို​သက်​သေ​ခံ​သူ​များ​ဖြစ် ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။-


သို့​ရာ​တွင်​နတ်​မိစ္ဆာ​က ``ယေ​ရှု​ကို​ငါ​သိ​၏။ ပေါ​လု​ကို​လည်း​ငါ​သိ​၏။ သို့​သော်​သင်​တို့​ကား မည်​သူ​များ​နည်း'' ဟု​သူ​တို့​အား​မေး​လေ​၏။


ထို​နောက်​မိုး​ကောင်း​ကင်​တွင်​အ​တိတ်​နိ​မိတ် ကြီး​တစ်​ရပ်​ပေါ်​လာ​သည်​ကို​ငါ​မြင်​ရ​၏။ အ​မျိုး​သ​မီး​တစ်​ယောက်​သည်​နေ​ကို​ဝတ်​ရုံ ကာ၊ လ​၏​အ​ပေါ်​တွင်​ခြေ​တင်​၍​ကြယ်​တစ် ဆယ့်​နှစ်​လုံး​ပါ​သည့်​သ​ရ​ဖူ​ကို​ဆောင်း​၍ ထား​၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ