မဿဲ 10:2 - Common Language Bible2 တမန်တော်တစ်ဆယ့်နှစ်ပါး၏နာမည်များကား ပေတရုခေါ်ရှိမုန်နှင့်သူ့ညီအန္ဒြေ၊- အခန်းကိုကြည့်ပါ။Garrad Bible2 ထို တ မန် တော် ဆယ့် နှစ် ပါး တို့ အ မည် ကား ညီ အစ် ကို ဖြစ် သူ ပေ တ ရု ခေါ် ရှိ မုန် နှင့် အ န္ဒြေ၊ ဇေ ဗေ ဒဲ၏ သား ညီ အစ် ကို ဖြစ် သူ ယာ ကုပ် နှင့် ယော ဟန်၊ အခန်းကိုကြည့်ပါ။Judson Bible2 တစ်ကျိပ်နှစ်ပါးသော တပည့်တော်တို့၏ အမည်ကား၊ ပထမမှာ၊ ပေတရုဟူ၍ ခေါ်ဝေါ်သော ရှိမုန်နှင့် သူ့ညီအန္ဒြေ၊- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း2 တစ်ဆယ့်နှစ်ပါးသောတမန်တော်တို့၏နာမည်များကား ပထမမှာ ပေတရုဟုခေါ်သောရှိမုန်နှင့် သူ့ညီအန္ဒြေ၊ ဇေဗေဒဲ၏သား ယာကုပ်နှင့်သူ့ညီယောဟန်၊ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း2 ထိုတမန်တော်ဆယ့်နှစ်ပါးတို့၏အမည်များမှာ ရှေးဦးစွာ ပေတရုဟူ၍လည်း ခေါ်ဝေါ်သောရှိမုန်၊ ထို့နောက် သူ၏ညီ အန္ဒြေ၊ ဇေဗေဒဲ၏သား ယာကုပ်၊ ယာကုပ်၏ညီ ယောဟန်၊ အခန်းကိုကြည့်ပါ။မြန်မာ2 တစ်ကျိပ်နှစ်ပါးသော တပည့်တော်တို့၏ အမည်ကား၊ ပထမမှာ၊ ပေတရုဟူ၍ ခေါ်ဝေါ်သော ရှိမုန်နှင့် သူ့ညီအန္ဒြေ၊- အခန်းကိုကြည့်ပါ။ |
ကိုယ်တော်သည်ထိုအရပ်မှဆက်လက်၍လျှောက် သွားတော်မူသောအခါ အခြားညီအစ်ကိုနှစ် ယောက်ဖြစ်သောယာကုပ်နှင့်ယောဟန်တို့ကို မြင်တော်မူ၏။ သူတို့သည်ဇေဗေဒဲ၏သားများ ဖြစ်၍ မိမိတို့ဖခင်နှင့်အတူလှေထဲတွင်ပိုက် ကွန်များကိုအသင့်ပြင်လျက်ရှိနေကြ၏။ ကိုယ်တော်သည်သူတို့အားနောက်တော်သို့ လိုက်ရန်ခေါ်ယူတော်မူသောအခါ၊-
လူသားတို့အားဆုကျေးဇူးများကိုချပေး တော်မူသောအရှင်သည်လည်း ကိုယ်တော်ပင်ဖြစ် ပေသည်။ ကိုယ်တော်သည်လူအချို့တို့ကိုတမန် တော်အရာ၌လည်းကောင်း၊ အချို့တို့ကိုပရော ဖက်အရာ၌လည်းကောင်း၊ အချို့တို့ကိုဧဝံ ဂေလိတရားဟောဆရာအရာ၌လည်းကောင်း၊ အချို့တို့ကိုသင်းအုပ်ဆရာနှင့်ဋ္ဌမ္မပညာဆရာ အရာ၌လည်းကောင်းခန့်ထားတော်မူ၏။-
သခင်ယေရှုခရစ်၏တမန်တော်ပေတရုထံ မှပုန္တုပြည်၊ ဂလာတိပြည်၊ ကပ္ပဒေါကိပြည်၊ အာရှိပြည်နှင့်ဗိသုနိပြည်တို့တွင်ဧည့်သည် အာဂန္တုအဖြစ်နှင့်ပျံ့နှံ့နေထိုင်လျက်ရှိကြ သောဘုရားသခင်ရွေးချယ်တော်မူသည့် လူစုတော်ထံသို့စာရေးလိုက်ပါသည်။ သခင် ယေရှု၏စကားတော်ကိုနားထောင်၍ကိုယ် တော်၏သွေးတော်အားဖြင့်အပြစ်များမှ ပြေလွတ်ကြစေရန်ခမည်းတော်ဘုရား သခင်သည်အကြံအစည်တော်အရသင် တို့ကိုရွေးချယ်တော်မူ၏။ ဝိညာဉ်တော် အားဖြင့်လည်းသင်တို့ကိုသန့်ရှင်းမြင့် မြတ်စေတော်မူ၏။ သင်တို့သည်ကိုယ်တော်၏ထံတော်မှ ကျေးဇူး တော်နှင့်ငြိမ်သက်ခြင်းကိုကြွယ်ဝစွာခံစား ရကြပါစေသတည်း။
ယေရှုခရစ်၏အစေခံနှင့်တမန်တော်ဖြစ်သူ ရှိမုန်ပေတရုထံမှ ငါတို့ဘုရားသခင်နှင့် ကယ်တင်ရှင်ဖြစ်တော်မူသောယေရှုခရစ်၏ ဖြောင့်မတ်ခြင်းတရားကြောင့် ငါတို့ခံယူရသည့် ယုံကြည်ခြင်းကဲ့သို့အဖိုးထိုက်သည့်ယုံကြည် ခြင်းကိုရရှိကြကုန်သောသူတို့ထံသို့ စာရေးလိုက်သည်။
ဤကျမ်းစောင်တွင်ယေရှုခရစ်ပေးတော်မူ သော ဗျာဒိတ်တော်အကြောင်းကိုမှတ်တမ်း တင်ထား၏။ ဘုရားသခင်သည်ခရစ်တော် အားဤဗျာဒိတ်တော်ကိုပေးရခြင်းမှာ များ မကြာမီဖြစ်ပျက်ရမည့်အမှုအရာများ ကို မိမိ၏အစေခံတို့အားသိစေရန်ဖြစ် ပေသည်။ ခရစ်တော်သည်မိမိ၏အစေခံ ယောဟန်ထံသို့ကောင်းကင်တမန်ကိုစေ လွှတ်၍ ဤဗျာဒိတ်တော်ကိုပြန်ကြားစေ တော်မူ၏။-