Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




မဿဲ 10:2 - မြန်မာ

2 တစ်​ကျိပ်​နှစ်​ပါး​သော တ​ပည့်​တော်​တို့၏ အ​မည်​ကား၊ ပ​ထ​မ​မှာ၊ ပေ​တ​ရု​ဟူ၍ ခေါ်​ဝေါ်​သော ရှိ​မုန်​နှင့် သူ့​ညီ​အ​န္ဒြေ၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

2 တ​မန်​တော်​တစ်​ဆယ့်​နှစ်​ပါး​၏​နာ​မည်​များ​ကား ပေ​တ​ရု​ခေါ်​ရှိ​မုန်​နှင့်​သူ့​ညီ​အန္ဒြေ၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

2 ထို တ မန် တော် ဆယ့် နှစ် ပါး တို့ အ မည် ကား ညီ အစ် ကို ဖြစ် သူ ပေ တ ရု ခေါ် ရှိ မုန် နှင့် အ န္ဒြေ၊ ဇေ ဗေ ဒဲ၏ သား ညီ အစ် ကို ဖြစ် သူ ယာ ကုပ် နှင့် ယော ဟန်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

2 တစ်​ကျိပ်​နှစ်​ပါး​သော တ​ပည့်​တော်​တို့၏ အ​မည်​ကား၊ ပ​ထ​မ​မှာ၊ ပေ​တ​ရု​ဟူ၍ ခေါ်​ဝေါ်​သော ရှိ​မုန်​နှင့် သူ့​ညီ​အ​န္ဒြေ၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

2 တစ်ဆယ့်နှစ်​ပါး​သော​တမန်တော်​တို့​၏​နာမည်​များ​ကား ပထမ​မှာ ပေတရု​ဟု​ခေါ်​သော​ရှိမုန်​နှင့် သူ့​ညီ​အန္ဒြေ၊ ဇေဗေဒဲ​၏​သား ယာကုပ်​နှင့်​သူ့​ညီ​ယောဟန်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

2 ထို​တမန်တော်​ဆယ့်နှစ်ပါးတို့​၏​အမည်များ​မှာ ရှေးဦးစွာ ပေတရု​ဟူ၍​လည်း ခေါ်ဝေါ်သော​ရှိမုန်၊ ထို့နောက် သူ​၏​ညီ အန္ဒြေ၊ ဇေဗေဒဲ​၏​သား ယာကုပ်၊ ယာကုပ်​၏​ညီ ယောဟန်၊

အခန်းကိုကြည့်ပါ။ ကော်ပီ




မဿဲ 10:2
44 ပူးပေါင်းရင်းမြစ်များ  

ခြောက်​ရက်​လွန်​သော​အ​ခါ ယေ​ရှု​သည် ပေ​တ​ရု၊ ယာ​ကုပ်၊ ယာ​ကုပ်​ညီ ယော​ဟန်​တို့​ကို ခေါ်၍၊ မြင့်​လှ​စွာ​သော တောင်​ပေါ်​တွင် ဆိတ်​ကွယ်​ရာ​အ​ရပ်​သို့ ဆောင်​ကြွ​တော်​မူ၏။-


ထို​အ​ခါ ဇေ​ဗေ​ဒဲ၏​သား​တို့​အ​မိ​သည် သား​တို့​နှင့်​အ​တူ အ​ထံ​တော်​သို့​ချဉ်း၍ ပျပ်​ဝပ်​လျက် ဆု​ကျေး​ဇူး​ကို တောင်း​ပန်​လေ၏။ ကိုယ်​တော်​က သင်​သည် အ​ဘယ်​ဆု​ကျေး​ဇူး​ကို အ​လို​ရှိ​သ​နည်း​ဟု မေး​တော်​မူ​သော်၊-


ပေ​တ​ရု​နှင့် ဇေ​ဗေ​ဒဲ၏​သား​နှစ်​ယောက်​တို့​ကို ခေါ်​သွား၍၊ နှ​လုံး​မ​သာ စိတ်​ပူ​ပန်​ခြင်း​သို့ ရောက်​တော်​မူ၏။-


ဂါ​လိ​လဲ​အိုင်​နား​မှာ ကြွ​တော်​မူ​စဉ်၊ ပေ​တ​ရု​ဟူ၍​ခေါ်​ဝေါ်​သော ရှိ​မုန်​နှင့် အ​န္ဒြေ၊ ညီ​အစ်​ကို နှစ်​ယောက်​တို့​သည် တံ​ငါ​ဖြစ်၍၊ အိုင်​တွင် ပိုက်​ကွန်​ဖြန့်​ချ​သည်​ကို မြင်​တော်​မူ​လျှင်၊


ထို​မှ​လွန်​ပြန်​လျှင် အ​ခြား​သော​ညီ​အစ်​ကို​နှစ်​ယောက်၊ ဇေ​ဗေ​ဒဲ၏​သား​ယာ​ကုပ်​နှင့် ယော​ဟန်​တို့​သည် သူ​တို့​အ​ဘ​နှင့်​အ​တူ လှေ​ပေါ်​မှာ ပိုက်​ကွန်​ပြင်​နေ​သည်​ကို မြင်၍ ခေါ်​တော်​မူ၏။


တ​ရား​ဇ​ရပ်​မှ ထွက်​ကြ​လျှင်၊ ရှိ​မုန်၊ အ​န္ဒြေ​တို့​အိမ်​သို့ ယာ​ကုပ်၊ ယော​ဟန်​နှင့်​တ​ကွ ချက်​ချင်း​သွား​ကြ၏။-


ထို​နောက် သံ​လွင်​တောင်​ပေါ်​မှာ ဗိ​မာန်​တော်​ရှေ့​ရှု ထိုင်​တော်​မူ​စဉ်၊ ပေ​တ​ရု၊ ယာ​ကုပ်၊ ယော​ဟန်၊ အ​န္ဒြေ​တို့​က၊-


တ​မန်​တော်​တို့​သည် ယေ​ရှု​ထံ​တော်၌ စု​ဝေး၍၊ မိ​မိ​တို့​ပြု​သ​မျှ သွန်​သင်​သ​မျှ​တို့​ကို ကြား​လျှောက်​ကြ၏။-


ထို​ကြောင့်၊ ဘု​ရား​သ​ခင်၏ ဉာဏ်​စီ​ရင်​တော်​မူ​သည်​ကား၊ ပ​ရော​ဖက်၊ တ​မန်​တော်​တို့​ကို သူ​တို့​ရှိ​ရာ​သို့ ငါ​စေ​လွှတ်​မည်။ သူ​တို့​သည် ထို​ပ​ရာ​ဖက်၊ တ​မန်​တော်​အ​ချို့​တို့​ကို ညှဉ်း​ဆဲ​ကြ​လိမ့်​မည်။ အ​ချို့​တို့​ကို သတ်​ကြ​လိမ့်​မည်။-


အ​ချိန်​ရောက်​မှ တ​မန်​တော်​တစ်​ကျိပ်​နှစ်​ပါး​တို့​နှင့်​အ​တူ စား​ပွဲ၌ လျောင်း​တော်​မူ၍၊-


ကိုယ်​တော်​က၊ ငါ​တို့ စား​ဖို့​ရာ သင်​တို့​သည်​သွား၍ ပ​သ​ခါ​ပွဲ​ကို ပြင်​ဆင်​ကြ​လော့​ဟု ပေ​တ​ရု​နှင့် ယော​ဟန်​ကို စေ​လွှတ်​တော်​မူ၏။-


ယေ​ရှု​က​လည်း၊ ကြောက်​ရွံ့​ခြင်း မ​ရှိ​နှင့်။ သင်​သည်​ယ​ခု​မှ​စ၍ လူ​တို့​ကို​ဖမ်း​မိ​သော​သူ ဖြစ်​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။-


တ​မန်​တော်​တို့​သည် အ​ထံ​တော်​သို့​ပြန်​လာ၍ မိ​မိ​တို့​ပြု​သ​မျှ​တို့​ကို ကြား​လျှောက်​ကြ၏။ ကိုယ်​တော်​သည် သူ​တို့​ကို​ခေါ်၍၊ ဗက်​ဇဲ​ဒ​မြို့​နယ်​အ​တွင်း တော၌ ဆိတ်​ကွယ်​ရာ​အ​ရပ်​သို့ ကြွ​တော်​မူ၏။ လူ​အ​စု​အ​ဝေး​တို့​သည် သိ​လျှင် နောက်​တော်​သို့ လိုက်​ကြ၏။-


ဖိ​လိ​ပ္ပု​သည်​သွား၍ အ​န္ဒြေ​ကို ကြား​ပြော​ပြီး​မှ၊ ထို​သူ​နှစ်​ယောက်​တို့​သည် ယေ​ရှု​ကို​လျှောက်၏။-


ယေ​ရှု​ချစ်​တော်​မူ​သော တ​ပည့်​တော်​သည် ရင်​ခွင်​တော်​နား​မှာ လျောင်း​သ​ဖြင့်၊-


ရှိ​မုန်​ပေ​တ​ရု​နှင့် ယေ​ရှု​ချစ်​တော်​မူ​သော အ​ခြား​တ​ပည့်​တော်​ဆီ​သို့ ပြေး​သွား၍၊ သင်္ချိုင်း​တော်​မှ သ​ခင်​ကို​ယူ​သွား​ကြ​ပြီ။ အ​ဘယ်​မှာ​ထား​ကြ​သည်​ကို မ​သိ​ဟု​ပြော​ဆို၏။-


ရှိ​မုန်​ပေ​တ​ရု​နှင့် ဒိ​ဒု​မု​ဟု​အ​မည်​ရှိ​သော သော​မ၊ ဂါ​လိ​လဲ​ပြည် ကာ​န​မြို့​သား နာ​သ​နေ​လ၊ ဇေ​ဗေ​ဒဲ၏ သား​နှစ်​ယောက်၊ အ​ခြား​သော​တ​ပည့်​တော်​နှစ်​ယောက်​တို့​သည် အ​တူ​ရှိ​ကြ၏။-


ယေ​ရှု​ချစ်​တော်​မူ၍ အ​ထက်​က ည​စာ​စား​သော​အ​ခါ၌ ရင်​တော်​ကို​မှီ၍​လျောင်း​လျက်၊ သ​ခင်၊ ကိုယ်​တော်​ကို အပ်​နှံ​သော​သူ​ကား အ​ဘယ်​သူ​နည်း​ဟု မေး​သော​တ​ပည့်​တော်​သည်​လည်း နောက်​တော်​သို့ လိုက်​သည်​ကို ပေ​တ​ရု​သည်​လှည့်၍​မြင်​လျှင်၊-


ထို​တ​ပည့်​တော်​ကား၊ ဤ​အ​ကြောင်း​အ​ရာ​တို့​ကို သက်​သေ​ခံ၍ ရေး​ထား​သော​သူ​ဖြစ်၏။


ထို​ကြောင့် ယေ​ရှု​သည် တစ်​ကျိပ်​နှစ်​ပါး​သော​သူ​တို့​အား၊ သင်​တို့​သည်​လည်း ထွက်​သွား​ခြင်း​ငှာ အ​လို​ရှိ​ကြ​သ​လော​ဟု မေး​တော်​မူ​လျှင်၊-


ယေ​ရှု​က​လည်း၊ တစ်​ကျိပ်​နှစ်​ပါး​သော​သင်​တို့​ကို ငါ​ရွေး​ကောက်​သည် မ​ဟုတ်​လော။ သို့​သော်​လည်း သင်​တို့​တွင် ရန်​သူ​တစ်​ယောက်​ပါ​သည်​ဟု မိန့်​တော်​မူ၏။-


ထို​သို့​မိန့်​တော်​မူ​သော်၊ တစ်​ကျိပ်​နှစ်​ပါး​အ​ဝင်​ဖြစ်၍ ကိုယ်​တော်​ကို​အပ်​နှံ​မည့်​သူ၊ ရှိ​မုန်၏​သား​ယု​ဒ​ရှ​ကာ​ရုတ်​ကို ဆို​လို​သ​တည်း။


ရှိ​မုန်​ပေ​တ​ရု၏​ညီ အ​န္ဒြေ​အ​မည်​ရှိ​သော တ​ပည့်​တော်​က၊-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ