Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




မြည်​တမ်း​စ​ကား 5:7 - Garrad Bible

7 သေ လွန် ပြီး သော ဘိုး ဘေး တို့ ပြစ် မှု ကြောင့်။ ဒု စ ရိုက် ဝန် ကို ထမ်း ဆောင် ရ ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

7 ကျွန်​တော်​မျိုး​တို့​၏​ဘိုး​ဘေး​များ​သည်​အ​ပြစ် ကူး​ပြီး​နောက်​သေ​လွန်​သွား​ကြ​သ​ဖြင့် ကျွန်​တော်​မျိုး​တို့​သည်​သူ​တို့​၏​အ​ပြစ်​ဝန်​ကို ထမ်း​ရ​ကြ​ပါ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

7 ဘိုး​ဘေး​တို့​သည် ပြစ်​မှား၍ သေ​ပြီး​မှ၊ အ​ကျွန်ုပ်​တို့​သည် သူ​တို့ အ​ပြစ်​များ​ကို ခံ​ရ​ပါ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

7 အကျွန်ုပ်​တို့​ဘိုးဘေး​တို့​သည် အပြစ်ပြု​ပြီး သေဆုံး​သွား​ကြ​ပြီ​။ သူ​တို့​၏​အပြစ်ဝန်​ကို အကျွန်ုပ်​တို့ ထမ်း​ရ​ကြ​ပါ​ပြီ​။

အခန်းကိုကြည့်ပါ။ ကော်ပီ




မြည်​တမ်း​စ​ကား 5:7
15 ပူးပေါင်းရင်းမြစ်များ  

ကျွန် တော် မျိုး တို့ သည် ခါ နာန် ပြည်၌ တစ် ဘ တည်း သား ဆယ့် နှစ် ယောက် ဖြစ် ကြ ပါ၏။ ညီ ထွေး ကား အ ဘ ထံ ယ ခု နေ ရစ် ပါ ၏။ တစ် ယောက် မှာ မူ မ ရှိ ပါ ဟု လျှောက် ပြန် ကြ လျှင်၊


အ ဘ ယာ ကုပ် က လည်း သင် တို့ သည် ငါ့ အား သား ဆုံး ပါး စေ ခဲ့ ပြီ။ ယော သပ် မ ရှိ။ ရှိ မောင် မ ရှိ။ ဗင်္ယာ မိန် ကို လည်း ခေါ် သွား ကြ ဦး မည်။ ငါ့ အ ပေါ် တွင် ဤ အ မှု အ လုံး စုံ သင့် ရောက် ပြီ တ ကား ဟု သူ တို့ အား ဆို လျှင်၊


အ ကျွန်ုပ် လွန် ကျူး သော ပြစ် မှု ကို မ ဖြေ မ လွှတ်၊ ဒု စ ရိုက် ကို လည်း မ ဆောင် မ သွား ဘဲ၊ အ ဘယ့် ကြောင့် နေ တော် မူ ပါ သ နည်း။ အ ကျွန်ုပ် သည် မြေ မုန့်၌ ယ ခု အိပ် ရ ပါ မည်။ လိုက် စစ် ရှာ ဖွေ တော် မူ သော် လည်း၊ အ ကျွန်ုပ် ရှိ မည် မ ဟုတ် ပါ ဟု မြွက် ဆို လေ၏။


အ ကျွန်ုပ် ကို ရှု မြင် သော သူ လည်း၊ ရှု ကြည့် ရ တော့ မည် မ ဟုတ် ပါ။ ရှု ကြည့် တော် မူ ပါ က အ ကျွန်ုပ် မ ရှိ ပြီ။


အ သို့ ဆို သော်၊ သင့် ဘု ရား သ ခင် ငါ ထာ ဝ ရ ဘု ရား သည် မ ရှု စိတ် သော ဘု ရား၊ ငါ့ ကို မုန်း ထား သော သူ တို့ အ မျိုး အ စဉ် တ တိ ယ စ တု တ္ထ အ ဆက် တိုင် အောင် ဘိုး ဘေး တို့ ပြစ် မှု ကို သား မြေး မြစ် တို့ အ ပေါ် တင်၍ စီ ရင် သော ဘု ရား၊


အို ထာ ဝ ရ ဘု ရား၊ အ ကျွန်ုပ် တို့ သည်၊ ကိုယ် တော် အား ပြစ် မှား မိ သည့် အ လျောက်၊ ကိုယ့် ဆိုး သွမ်း မှု နှင့်၊ ဘိုး ဘေး တို့ ဒု စ ရိုက် ကို ဝန် ခံ ကြ ပါ ၏။


ငါ၏ ပ ညတ် တ ရား ကို မ စောင့် ရှောက် ဘဲ၊ ငါ့ ကို စွန့် ပစ် ပယ် ထား ကြ သည့် ပြင်၊ အ ခြား ဘု ရား များ နောက် လိုက် လျှောက် ဝတ် ပြု ရှိ ခိုး လျက်၊


ဗျာ ဒိတ် တော် ကို မ နာ ခံ သည့် တိုင် အောင်၊ ခက် မာ သော ကိုယ့် သ ဘော အ တိုင်း၊ အ သီး အ သီး တို့ လိုက် လျှောက် ကြ သည် မှာ၊ ဘိုး ဘေး တို့ ထက် ဆိုး သွမ်း သော ကြောင့် တည်း။


ထာ ဝ ရ ဘု ရား က၊ ရာ မ မြို့ ၌ မြည် တမ်း သံ၊ သည်း စွာ ငို ကြွေး သံ ကို ကြား ရ ၏။ ရာ ခေ လ သည် သား သ မီး တို့ အ တွက် ငို ကြွေး ၍၊ ဆုံး ပါး ကြ သော ကြောင့်၊ နှစ် သိမ့် ခြင်း ကို မ ခံ လို ဟု မိန့် တော် မူ ၏။


ထို ကာ လ၌၊ ဘိုး ဘေး တို့ သည်၊ ချဉ် သော စ ပျစ် သီး ကို သုံး ဆောင် ခြင်း ကြောင့်၊ သား မြေး တို့ သွား ကျိန်း ခံ ရ ကြ သည် တ ကား ဟု ဆို လေ့ ရှိ တော့ မည် မ ဟုတ်။


သင် သည် ကိုယ့် ကာ မ ဂုဏ် ဝန် နှင့် ရွံ ရှာ ဖွယ် မှု ဝန် ကို ထမ်း ဆောင် ရ လ တ္တံ့ ဟု၊ ထာ ဝ ရ ဘု ရား မိန့် တော် မူ ကြောင်း၊


ဘိုး ဘေး တို့ သည်၊ ချဉ် သော စ ပျစ် သီး ကို သုံး ဆောင် ခြင်း ကြောင့်၊ သား မြေး တို့ သွား ကျိန်း ခံ ရ ကြ သည် ဟူ သော စ ကား ပုံ ကို၊ ဣ သ ရေ လ ပြည်၌ အ ဘယ့် ကြောင့် သုံး ကြ သ နည်း။


ပ ရော ဖက် တို့ လည်း ကာ လ အ စဉ် အ သက် ရှင် ကြ သ လော။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ