Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




မြည်​တမ်း​စ​ကား 1:7 - Garrad Bible

7 ယေ ရု ရှ လင် မြို့ သည် ဒု က္ခ ရောက်၍၊ ရပ် တည် မ ရ သော ကာ လ၌၊ ရှေး အ ထက် ကောင်း စား ခဲ့ လေ ရာ ရာ ကို အောက် မေ့ လေ၏။ မြို့ သူ မြို့ သား တို့ သည်၊ ထောက် ပံ့ သူ မဲ့၊ ရန် ဘက် တို့ လက် တွင်း သို့ ကျ ရောက် ကြ စဉ်၊ ထို ရန် ဘက် တို့ သည်၊ ပျက် စီး ရာ ကို သိ မြင် လျက် ပြောင် လှောင် ကြ လေ စွ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

7 အ​ထီး​ကျန်​ယို​ယွင်း​ပျက်​စီး​လျက်​ရှိ​သော ယေ​ရု​ရှ​လင်​မြို့​သည်​ရှေး​ခေတ်​ဟောင်း​က​မိ​မိ ကြီး​ကျယ်​ခမ်း​နား​မှု​ကို​ပြန်​လည်​သ​တိ​ရ​မိ​၏။ ရန်​သူ့​လက်​သို့​ရောက်​ချိန်​၌​သူ့​အား​ကယ်​မည့်​သူ တစ်​ဦး​တစ်​ယောက်​မျှ​မ​ရှိ။ သူ့​အား​နှိမ်​နင်း​အောင်​မြင်​သူ​တို့​သည် သူ​၏​ပြို​လဲ​မှု​ကို​ပြက်​ရယ်​ပြု​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

7 ယေ​ရု​ရှ​လင်​မြို့​သည် ဆင်း​ရဲ​ငြို​ငြင်​ခြင်း​ကို ခံ​ရ​စဉ်​တွင်၊ အ​ရင်​ခံ​စား​ဖူး​သော စည်း​စိမ်​ကို အောက်​မေ့၏။ သူ၏​လူ​တို့​သည် ရန်​သူ​လက်​သို့​ရောက်၍ မ​စ​သော​သူ မ​ရှိ​သော​အ​ခါ၊ ဆန့်​ကျင်​ဘက်​ပြု​သော သူ​တို့​သည် သူ၏​အ​မှု​ကို​မြင်၍၊ သူ၏​ဆုံး​ခြင်း​ကို ကဲ့​ရဲ့​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

7 ဂျေရုဆလင်​မြို့​သည် အနှိပ်စက်​ခံရ​ချိန်​၊ ဆင်းရဲဒုက္ခ​ရောက်​ချိန်​တွင် ယခင်က​စည်းစိမ်​ခံစား​ခဲ့​ရ​သည်​ကို ပြန်လည်​အောက်မေ့​လေ​၏​။ သူ​၏​လူ​များ ရန်သူ့​လက်​သို့​ကျရောက်​ချိန်​တွင် ကယ်​မည့်​သူ​မ​ရှိ​။ သူ​ပြိုလဲ​သွား​သည်​ကို​ကြည့်​၍ ရန်သူ​တို့ ရယ်မော​ကြ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




မြည်​တမ်း​စ​ကား 1:7
23 ပူးပေါင်းရင်းမြစ်များ  

ငါ့ ကို ဘု ရား သ ခင် စောင့် ထိန်း တော် မူ၍၊ ဦး ခေါင်း ပေါ် တွင် မီး ခွက် တော် ထွန်း တောက် သော အ လင်း ကြောင့်၊ မှောင် မိုက် မှာ ငါ လျှောက် သွား နိုင် သော ရှေး ကာ လ လ ရက် များ၌၊ ငါ ဖြစ် ဖူး သ ကဲ့ သို့ ဖြစ် ပြန် ပါ စေ သော။


ဘု ရား သ ခင့် ဗိ မာန် တော် သို့ သွား ရာ ကြွေး ကြော် ခြင်း၊ ထော မ နာ ပြု ခြင်း အ သံ မြွက် ဆို လျက်၊ ဘု ရား ဖူး သူ လူ ပ ရိ သတ် ကို ငါ ဦး ဆောင် ခဲ့ ရ ကြောင်း သ တိ ရ၍၊ ငါ့ စိတ် ဝိ ညာဉ် ကြေ ကွဲ လျက် ရှိ၏။


ဘု ရား သ ခင် ကို သ တိ ရ၍ မြည် တမ်း ခြင်း၊ စဉ်း စား၍ စိတ် ပျက် ခြင်း ရှိ ရ၏။


အ ကျွန်ုပ် တို့ သည် ပြည် နီး ချင်း တို့ ကဲ့ ရဲ့ ရာ၊ ပတ် ဝန်း ကျင် ရှိ သူ တို့ ပြက် ရယ် ပြု၍ သ ရော် ရာ ဖြစ် ကြ ပါ ၏။


ဇိ အုန် မြို့ မှ စ၍ သန့် ရှင်း သော မြို့ များ သည် တော ဖြစ် သည့် ပြင်၊ ယေ ရု ရှ လင် မြို့ လည်း ဆိတ် ညံ ရာ ဖြစ် လေ ပြီ။


ဘိုး ဘေး တို့ ထော မ နာ ပြု ရာ သန့် ရှင်း တင့် တယ် သော၊ အ ကျွန်ုပ် တို့ ဗိ မာန် သည်၊ မီး ကျွမ်း လောင် သည့် ပြင်၊ နှစ် သက် ဖွယ် အ ရပ် ရှိ သ မျှ လည်း၊ မြို့ ဆိုး ကုန်း ဖြစ် ရှာ လေ စွ။


ဣ သ ရေ လ လူ မျိုး ၏ ဘု ရား သ ခင် ငါ ထာ ဝ ရ ဘု ရား က၊ သင် တို့ ကို စစ် ကူ ရန် ချီ လာ သော ဖာ ရော မင်း ၏ အ လုံး အ ရင်း သည် ထွက် ခဲ့ ရာ အိ ဂျစ် ပြည် သို့ ပြန် ချီ ရ သ ဖြင့် ခါ လ ဒဲ တပ် သား တို့ လည်း၊


ဣ သ ရေ လ လူ မျိုး ကို ရည် လျက်၊ သင် ပြော လေ ရာ ရာ ၌၊ ခေါင်း ခါ ၍ ပြောင် လှောင် သည် ကား၊ ခိုး ရာ ပါ သည် ကို တွေ့ ဖူး သော ကြောင့် လော။


ငါ တို့ သည်၊ အ ချည်း နှီး သော စစ် ကူ ခြင်း ကို မျှော် လျက်၊ မျက် စိ အား ကုန် ၏။ ဘေး မ လွတ် စေ နိုင် သော လူ မျိုး ခြား ကို၊ စောင့် စား မျှော် စော ကြ လေ ပြီ။


အ ရှင် ထာ ဝ ရ ဘု ရား ဗျာ ဒိတ် တော် ကို နာ ခံ ကြ လော့။ အ ရှင် ထာ ဝ ရ ဘု ရား က၊ ရှုတ် ချ ခံ ရ သော သန့် ရှင်း ရာ ငါ့ ဌာ န ကို လည်း ကောင်း၊ ဆိတ် ညံ ရာ ရောက် သော ယု ဒ ပြည် ကိုလည်း ကောင်း၊ သုံ့ ပန်း သိမ်း သွား ခံ ရ သော ယု ဒ အ မျိုး သား တို့ ကိုလည်း ကောင်း၊


လက် ပမ်း ပေါက် ခတ် ခြင်း၊ ခြေ ဆောင့် ခြင်း ပြု လျက်၊ ဣ သ ရေ လ ပြည် ကို၊ မုန်း စိတ် နှင့် သင် ရွှင် လန်း သော ကြောင့်၊


ဇိ အုန် မြို့ ကို စိန်း စိန်း ကြည့် လျက် ရှုတ် ချ ကြ ကုန် အံ့ ဟု ဆို သော၊ လူ မျိုး ခြား အ မြောက် အ မြား တို့ သည်၊ ယ ခု ပင် သင့် ကို ဝိုင်း ထား စု ရုံး လျက် နေ ကြ သော် လည်း၊


သ တိ ရ သည့် ကာ လ သူ က ငါ့ အ ဘ ထံ ဝ စွာ စား သောက် ရ သော သူ ရင်း ငှား များ လှ လေ စွ။ ငါ မူ ကား ဤ တွင် မွတ် သိပ် လျက် ပျက် စီး ရ တော့ မည် တ ကား။


အာ ဗြ ဟံ က ငါ့ သား၊ သင် အ သက် ရှင် စဉ် ကိုယ် ပိုင် ကောင်း သော အ ရာ များ ကို ခံ စား ခဲ့ ရ ပြီ။ လာ ဇ ရု မူ ကား၊ မ ကောင်း သော အ ရာ များ ကို ခံ စား ခဲ့ ရ ကြောင်း သ တိ ရ လော့။ ယ ခု မှာ ဤ အ ရပ် တွင် သူ၌ ချမ်း သာ ၏။ သင်၌ ပူ ပြင်း စွာ ခံ ရ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ