မြည်တမ်းစကား 1:8 - Garrad Bible8 ယေ ရု ရှ လင် မြို့ သည်၊ ပြစ် မှား လွန် ကျူး ပြီ ဖြစ် ၍၊ ညစ် ညူး ရာ ရောက် လေ ပြီ။ ရို သေ သူ အ ပေါင်း တို့ သည်၊ ရှက် ဖွယ် ရာ ကို မြင် လျက်၊ ညည်း တွား၍ ကျော ခိုင်း သော ထို မြို့ ကို၊ မ ထီ လေး စား ပြု ကြ သည် တ ကား။ အခန်းကိုကြည့်ပါ။Common Language Bible8 သူ၏ဂုဏ်အသရေကင်းမဲ့ရလေပြီ။ အဝတ်အချည်းစည်းနှင့်စက်ဆုတ်ရွံရှာဖွယ် ဖြစ်၍နေ၏။ သူသည်ညည်းတွားကာရှက်သဖြင့်မျက်နှာကို အုပ်၍ထား၏။ ယေရုရှလင်မြို့သည်ဆိုးရွားသည့်အပြစ် ဒုစရိုက်အားဖြင့်မိမိကိုယ်ကိုညစ်ညမ်း စေခဲ့၏။ အခန်းကိုကြည့်ပါ။Judson Bible8 ယေရုရှလင်မြို့ ပြစ်မှားသောအပြစ်သည် အလွန်များသောကြောင့်၊ ရွံရှာဖွယ် ဖြစ်လေ၏။ သူ့ကို ရိုသေဖူးသောသူအပေါင်းတို့သည် သူ၌ အချည်းစည်းရှိခြင်းကို မြင်သောကြောင့် မထီမဲ့မြင်ပြုကြ၏။ သူသည်လည်း ညည်းတွား၍ နောက်သို့ပြန်သွားလေ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း8 ဂျေရုဆလင်မြို့သည် အပြစ်ကျူးလွန်လေပြီ။ ထို့ကြောင့် ရွံရှာဖွယ်ဖြစ်လေပြီ။ သူ့ကိုဂုဏ်ပြုချီးမွမ်းသောသူရှိသမျှတို့သည် သူ၌အဝတ်မပါအချည်းစည်းဖြစ်နေသည်ကိုမြင်သဖြင့် သူ့ကိုစက်ဆုပ်ရွံရှာကြလေပြီ။ သူသည်လည်း ညည်းတွားလျက် လှည့်ထွက်သွားလေပြီ။ အခန်းကိုကြည့်ပါ။ |
လွင် ပြင် ရှိ ကုန်း ပေါ် တွင်၊ သင်၏ မှား ယွင်း ခြင်း၊ ဟီ ခြင်း၊ ယုတ် မာ စွာ ပြည် တန် ဆာ လုပ် ခြင်း တည်း ဟူ သော စက် ဆုပ် ဖွယ် အ မှု များ ကို၊ ငါ သိ မြင် သည် နှင့် အ ညီ၊ သင့် မျက် နှာ ပေါ် ၌၊ အ ရှက် ထင် ရှား သည့် တိုင် အောင် ထ မီ ကို လှစ် မည်။ အို ယေ ရု ရှ လင် မြို့၊ သင် သည် အ မင်္ဂ လာ ရှိ လေ စွ။ သန့် ရာ မ ရောက် လျက် နေ သည် မှာ၊ မည် မျှ ကြာ အံ့ နည်း။
သို့ ဖြစ် ၍ ငါ ထာ ဝ ရ ဘု ရား က၊ သင် တို့ သည် အ ပေါင်း အ ဖော် ချင်း၊ ဆွေ မျိုး သား ချင်း တို့ အား၊ လွတ် သွား ခွင့် ကြော် ငြာ ရန် ဗျာ ဒိတ် တော် ကို နား မ ထောင် ကြ သည့် အ တွက် ငါ လည်း သင် တို့ ကို သ တ္တ န္တ ရ ကပ်၊ ရော ဂ န္တ ရ ကပ်၊ ဒု ဗ္ဘိ က္ခ န္တ ရ ကပ် များ အ တွင်း သို့၊ လွတ် သွား ခွင့် ကြော် ငြာ သည့် အ လျောက်၊ မြေ ပေါ် ရှိ တိုင်း နိုင် ငံ အ ရပ် ရပ် တွင် ထိတ် လန့် ဖွယ် ထား မည်။
ဣ သ ရေ လ အ မျိုး သား တို့ သည်၊ ကိုယ့် ဒု စ ရိုက် ကြောင့် သိမ်း သွား ခံ ရ ကြောင်း၊ သ စ္စာ တော် ကို ဖောက် ကျော် သည့် အ တွက် မျက် နှာ တော် လွှဲ သော ငါ သည်၊ ဓား ဘေး ဖြင့် ကျ ဆုံး ကြ သည့် တိုင် အောင်၊ ရန် သူ တို့ လက် တွင်း သို့ အပ် ပေး ခဲ့ ကြောင်း၊ မ သန့် ရာ ရောက်၍၊ သ စ္စာ တော် ဖောက် ကျော် မှု နှင့် အ မျှ၊ ငါ စီ ရင် လျက် မျက် နှာ တော် လွှဲ ခဲ့ ကြောင်း များ ကို၊ လူ မျိုး ခြား တို့ သိ ရ ကြ လ တ္တံ့။
သို့ ဖြစ်၍ သင့် ဘိုး ဘေး မှ စ သော သား စဉ် မြေး ဆက် တို့ သည် ငါ ရှေ့ တွင် အ မြဲ သွား လာ ရ မည် ဟု မိန့် ခဲ့ သော် လည်း ငါ့ ကို ရို သေ သော သူ တို့ အ ပေါ် တွင် ဂုဏ် ရှိ စေ မည်။ ငါ့ ကို မ ထီ မဲ့ မြင် ပြု သူ တို့ ကား အ သ ရေ ကင်း လိမ့် မည် ဖြစ် သော ကြောင့် မိန့် ခဲ့ ရင်း အ ချက် ငါ နှင့် ကင်း ဝေး စေ သ တည်း ဟု ဣ သ ရေ လ လူ မျိုး၏ ဘု ရား သ ခင် ငါ ထာ ဝ ရ ဘု ရား မိန့် ဆို ပြန် ၏။