မြည်တမ်းစကား 1:6 - Garrad Bible6 သ တို့ သ မီး ဇိ အုန် မှ၊ စည်း စိမ် ရှိ သ မျှ ကွယ် ပျောက် သ ဖြင့်၊ မှူး မတ် တို့ သည်၊ စား ကျက် မဲ့ သော သ မင် များ ကဲ့ သို့၊ အ မဲ လိုက် သူ တို့ ရှေ့ အား လျော့၍ ပြေး ရ ကြ၏။ အခန်းကိုကြည့်ပါ။Common Language Bible6 ယေရုရှလင်မြို့၏ကြီးကျယ်ခမ်းနားမှုသည် ရှေးအတိတ်ကာလ၏ဖြစ်ရပ်တစ်ခုသာလျှင် ဖြစ်လေတော့၏။ သူ၏ခေါင်းဆောင်များသည်မုဆိုးတို့၏ဘေးမှ ထွက်ပြေးကြသည့်သမင်များနှင့်တူ၏။ သူတို့သည်အားအင်ကုန်ခန်းလုမတတ်ဖြစ်ကာ နားနေစားသောက်မှုပြုရန်စားကျက်ကိုမရှာနိုင်။ အခန်းကိုကြည့်ပါ။Judson Bible6 ဇိအုန်သတို့သမီး၏ ဂုဏ်အသရေသည် အကြွင်းမဲ့ကွယ်ပျောက်၏။ သူ၏မင်းသားတို့သည် ကျက်စားရာကို ရှာ၍မတွေ့သော သမင်ဒရယ်ကဲ့သို့ ဖြစ်၍၊ လိုက်သောသူရှေ့မှာ အားမရှိဘဲ ပြေးသွားကြပြီ။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း6 ဇိအုန်သမီး၏ခန့်ညားထည်ဝါမှုသည် သူ့ကို စွန့်ပစ်လေပြီ။ သူ၏အကြီးအကဲတို့သည် စားကျက်မြေကိုရှာမတွေ့သော သမင်များကဲ့သို့ဖြစ်လေပြီ။ လိုက်သောသူတို့ရှေ့၌ အားအင်ချည့်နဲ့စွာဖြင့် ပြေးကြရလေပြီ။ အခန်းကိုကြည့်ပါ။ |
ဖိ လိ တ္တိ လူ မျိုး တည်း ဟူ သော၊ က ရေ တေ ကျွန်း သား အ ကြွင်း အ ကျန် တို့ ကို ထာ ဝ ရ ဘု ရား ဖျက် ဆီး တော် မူ သည့် အ လျောက်၊ ဖိ လိ တ္တိ လူ မျိုး တို့ ကို လည်း ကောင်း၊ တု ရု နှင့် ဇိ ဒုန် မြို့ များ၌ ကြွင်း ကျန် သ မျှ စစ် ကူ သူ တို့ ကို လည်း ကောင်း၊ ဖျက် ဆီး ပယ် ရှား ရာ နေ့ ရက် ကာ လ ရောက် တော့ မည် ဖြစ် သော ကြောင့်၊ မြင်း တပ် ဒုံး ခွာ သံ၊ ရ ထား တပ် ပဲ့ တင် သံ၊ ဘီး လည် သံ များ အ တွက်၊ အ ဘ တို့ သည် လက် လျော့၍၊ သား ရင်း တို့ ကို ပင် မ လှည့် မ ကြည့် ဝံ့ ကြ ချေ။