Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ထွက်​မြောက် 3:9 - Garrad Bible

9 ယ ခု လည်း ဣ သ ရေ လ အ မျိုး သား တို့ အော် ဟစ် သံ သည် ငါ့ ထံ သို့ ရောက် ၍ ထို သူ တို့ အား အိ ဂျစ် လူ တို့ နှိပ် စက် ညှဉ်း ပန်း ခြင်း အ မှု ကို ငါ မြင် ပြီး ဖြစ် သော ကြောင့်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

9 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​အော်​ဟစ်​သံ ကို​ငါ​ကြား​ရ​ပြီ။ သူ​တို့​အား​အီ​ဂျစ်​အ​မျိုး သား​တို့​ရက်​စက်​စွာ​ညှင်း​ဆဲ​ပုံ​ကို​လည်း​ငါ မြင်​ရ​ပြီ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

9 ယ​ခု​တွင်​လည်း ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ငို​ကြွေး​သော​အ​သံ​သည် ငါ့​ထံ​သို့ တက်​ရောက်၍၊ သူ​တို့​ကို အဲ​ဂု​တ္တု​လူ​တို့​သည်​ညှဉ်း​ဆဲ​ခြင်း​အ​မှု​ကို​လည်း ငါ​မြင်​ရ​ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

9 ယခု အစ္စရေး​အမျိုးသား​တို့​၏​အော်ဟစ်ငိုကြွေးသံ​သည် ငါ့​ထံသို့​ရောက်​၍ သူ​တို့​အား အီဂျစ်​လူမျိုး​တို့​ဖိနှိပ်​ညှဉ်းဆဲ​ကြ​သည်​ကို​လည်း ငါ​မြင်​ပြီ​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ထွက်​မြောက် 3:9
22 ပူးပေါင်းရင်းမြစ်များ  

သင် ခံ ရ သော ညှဥ်း ပန်း ခြင်း အ ကြောင်း ထာ၀ ရ ဘု ရား ကြား သိ တော် မူ သည် ကို အ စွဲ ပြု ၍ ထို သား ကို ဣ ရှ မေ လ အ မည် ဖြင့် မှည့် ရ မည်။


အ မ နှင့် ပေါင်း ဖော် သော အ ထီး ရှိ သ မျှ တို့ သည် အ ကျား၊ အ ပြောက်၊ အ ကွက် ရှိ ကြ၏။ သင့် အ ပေါ်၌ လာ ဗန် ပြု လေ သ မျှ ကို ငါ ရှု မြင် ၏။


ရှု ရိ ဘု ရင် သည် နင်း နယ် ရာ အ ဖျင်း အ မှုန် ကဲ့ သို့ ဖြစ် သည့် တိုင် အောင် ဣ သ ရေ လ စစ် သည် တို့ ကို ဖျက် ဆီး ရာ ယော ခတ် မင်း တွင် မြင်း စီး သူ ရဲ ငါး ကျိပ်၊ စစ် ရ ထား ဆယ် စီး၊ ခြေ သည် သူ ရဲ တစ် သောင်း မျှ သာ ကျန် ရှိ တော့ သည် ဖြစ်၍ ထာ ဝ ရ ဘု ရား ထံ ယောခတ် မင်း အ သ နား တော် ခံ သော အ ခါ ဣ သ ရေ လ အ မျိုး ခံ ရ သော ရှု ရိ ဘု ရင် နှိပ် စက် ခြင်း ကို ထာ ဝ ရ ဘု ရား ရှု မှတ် သ ဖြင့်၊ နား ညောင်း တော် မူ လျက် ရှု ရိ လက် မှ ထွက် လွတ် စေ ရန် ကယ် ဆယ် သူ့ ကို ပေါ် ထွန်း စေ တော် မူ သော ကြောင့် ဣ သ ရေ လ အ မျိုး သား တို့ သည် ယ မန် နည်း တူ ကိုယ့် အိမ် တွင် နေ ထိုင် ခွင့် ရ ကြ၏။ သို့ ရာ တွင် ဣ သ ရေ လ အ မျိုး အား ပြစ် မှား စေ သော ယေ ရော ဗောင် မင်း မျိုး၏ ပြစ် မှု များ ကို မ စွန့်။ လိုက် လျှောက် သည့် ပြင်၊ ရှ မာ ရိ မြို့ တံ ခွန် တိုင် ကို လည်း ချန် ထား သေး ၏။


လူ မျိုး တော်၏ မင်း ဖြစ် သူ ဟေ ဇ ကိ ထံ ပြန် သွား၍ သင့် ပ ဌ နာ စ ကား ကို ငါ နာ ယူ ပြီ။ မျက် ရည် ပေါက် ကို လည်း ရှု မြင် ပြီ။ ငါ သည် ချမ်း သာ စေ၍ တ တိ ယ နေ့၌ ဗိ မာန် တော် သို့ တက် ဖူး ခွင့် ရ လိမ့် မည်။ အ သက် တာ့ ပြင်၊ ဆယ့် ငါး နှစ် ပို မို ပေး ဦး မည်။ ငါ ဘု ရား အ တွက် ကျွန် တော် ရင်း ဒါ ဝိဒ် အ တွက် ဤ မြို့ ကို ကွယ် ကာ လျက် သင် နှင့် တ ကွ အာ ရှု ရိ ဘု ရင့် လက် တွင်း မှ လွတ် မြောက် စေ မည် ဟု သင့် အ ဘ ဒါ ဝိဒ်၏ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား မိန့် တော် မူ ကြောင်း ကို ဆင့် ဆို လော့ ဟူ၍ တည်း။


ကိုယ် တော် သည်၊ အိ ဂျစ် ပြည်၌ အ ကျွန်ုပ် တို့ ဘိုး ဘေး များ ခံ ရ သော ညှဉ်း ပန်း ခြင်း ကို သိ မြင်၍၊ ပင် လယ် နီ အ နီး သူ တို့ ဟစ် သံ ကို ကြား တော် မူ သ ဖြင့်၊


ထာ ဝ ရ ဘု ရား က၊ ဆင်း ရဲ သား တို့ ကို လု ယက် ခြင်း၊ နွမ်း ပါး သူ တို့ ညည်း တွား ခြင်း အ တွက်၊ ယ ခု ငါ ထ၍၊ တောင့် တ ကြ သော လုံ ခြုံ ရာ ၌ ကွယ် ကာ မည် ဟု မိန့် တော် မူ ၏။


သို့ မှ ဂုဏ် တော် အ ပေါင်း ကို အ ကျွန်ုပ် ဖော် ပြ ပါ မည်။ သ တို့ သ မီး ဇိ အုန် မြို့ တံ ခါး များ ၌၊ ကယ် တင် တော် မူ ခြင်း ကို အ ကြောင်း ပြု ၍ ရွှင် လန်း ပါ မည်။


အ လုပ် အ ငန်း တာ နှင့် နှိပ် စက် စေ ရန် လ မိုင်း ဝန် ခန့် ထား သ ဖြင့် ဖာ ရော မင်း အ ဖို့ ရိ က္ခာ တော် သို ရာ ပိ သုံ မြို့၊ ရာ မ သက် မြို့ များ ကို တည် ဆောက် ရ ကြ ၏။


ထို အ ခါ ဖာ ရော မင်း က၊ ဖွား သော သား ယောက်ျား တိုင်း ကို နိ လ မြစ် ထဲ သို့ ပစ် ချ စေ။ သား မိန်း မ တိုင်း ကို ကား၊ အ ရှင် ထား စေ ဟု ပြည် သူ ခပ် သိမ်း တို့ အား အ မိန့် ထုတ် လေ ၏။


ထို နောက် မှ အိ ဂျစ် ပြည် တွင် ယော သပ် ကို မ သိ သော ဘု ရင် သစ် ပေါ် ထွန်း ရာ၊


ကာ လ အ တန် ကြာ သော် အိ ဂျစ် ဘု ရင် ကွယ် လွန် သ တည်း။ ဣ သ ရေ လ အ မျိုး သား တို့ လည်း ကျွန် ခံ ရ သော အ ဖြစ် ကြောင့် ညည်း တွား အော် ဟစ် ကြ ကုန်၏။ ထို အ ဖြစ် ကြောင့် ဟစ် ကြ သော အ သံ သည် ဘု ရား သ ခင့် အ ထံ တော် သို့ တက် ရောက် ၍၊


ဣ သ ရေ လ အ မျိုး သား တို့ ကို ရှု မြင် သိ မှတ် တော် မူ ၏။


ထို အ ခါ ထာ ဝ ရ ဘု ရား က၊ အိ ဂျစ် ပြည် ရှိ ငါ့ လူ မျိုး ခံ ရ သော ညှဉ်း ပန်း ခြင်း ကို ဒိ ဋ္ဌ ငါ မြင် ပြီ။ အ အုပ် အ ချုပ် တို့ ကြောင့် အော် ဟစ် သံ ကို ငါ ကြား ပြီ။ ၎င်း တို့ ဒု က္ခ ဝေ ဒ နာ အ ကြောင်း ကို လည်း ငါ သိ ပြီ။


တစ် ဖန် တုံ၊ နေ အောက် တွင် ညှဉ်း ပန်း ပြု လုပ် သ မျှ ကို ငါ သိ မြင် ရ သည် မှာ၊ ညှဉ်း ပန်း ခံ ရ သူ တို့ သည် ငို ကြွေး ရ ကြ လျက်၊ နှစ် သိမ့် စေ သူ မ ရှိ။ ညှဉ်း ပန်း သူ တို့ သည် လက် ရုံး ရည် ရှိ လျက် နှင့်၊ နှစ် သိမ့် စေ သူ မ ရှိ ချေ။


ပြည် နိုင် ငံ တွင် ဆင်း ရဲ သား တို့ ကို ညှဉ်း ပန်း ခြင်း၊ မ တ ရား သ ဖြင့် စီ ရင် ခြင်း၊ တ ရား လွှဲ ဖယ် ခြင်း များ ကို မြင် လျှင်၊ အံ့ အား မ သင့် နှင့်။ အ ကြီး အ ကဲ တို့ အ ပေါ် တွင် မင်း များ ရှိ ကြ သည့် ပြင်၊ ကြည့် ရှု သော အ ရှင် တစ် ပါး ရှိ သေး၏။


နွမ်း ပါး သူ တို့ ကို ညှဉ်း ပန်း လျက်၊ ဆင်း ရဲ သူ တို့ ကို နှိပ် စက် လျက်၊ အ ရှင် လင် တို့ အား သောက် ရန် တိုက် ပါ လော့ ဟု၊ ဆို တတ် သည့် ဗာ ရှန် နွား မ သ ဖွယ် ဖြစ် သော ရှ မာ ရိ တောင် တန်း သူ တို့ နာ ခံ ရ မည့် အ ချက် ဟူ မူ ကား၊


ငါ တို့ အော် ဟစ် ကြ သော အ သံ ကို၊ ဘိုး ဘေး တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား နား ညောင်း တော် မူ သည့် အ လျောက်၊ နှိပ် စက် ညှဉ်း ဆဲ အ ပင် အ ပန်း ခံ ရ ခြင်း များ ကို ထောက် ရှု တော် မူ၍၊


နက် ဖြန် ဤ အ ချိန်၊ ဗင်္ယာ မိန် နယ် သား တစ် ဦး သည် သင် ရှိ ရာ သို့ ငါ စေ လွတ် သည့် အ တိုင်း သင် သည် ဣ သ ရေ လ လူ မျိုး တော့် အ ပေါ် တွင် မင်း အ ဖြစ် ဘိ သိက် သွန်း ရ မည်။ ငါ့ လူ မျိုး တော် ကို ဖိ လိ တ္တိ လူ မျိုး တို့ လက် တွင်း မှ သူ ကယ် ဆယ် လ တ္တံ့။ ငါ့ ထံ လူ မျိုး တော် အော် ဟစ် သံ ရောက် သည် ဖြစ်၍၊ ငါ ကြည့် ရှု သည် ဟု မိန့် တော် မူ နှင့် သည့် အ လျောက် ရှ မွေ လ တွေ့ မြင် လျှင်


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ