Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




တမန်တော်ဝတ္ထု 3:22 - Garrad Bible

22 မော ရှေ က ထာ ဝ ရ ဘု ရား သ ခင် သည် သင် တို့ ဆွေ မျိုး သား ချင်း အ နက် ပ ရော ဖက် တစ် ပါး ကို ငါ ကဲ့ သို့ ပေါ် ထွန်း စေ တော် မူ မည်။ ထို ပ ရော ဖက် ဟော သ မျှ ကို သင် တို့ နာ ယူ ကြ ရ မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

22 မော​ရှေ​က`သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​သည် ငါ့​ကို​စေ​လွှတ်​တော်​မူ​သည့်​နည်း တူ ပ​ရော​ဖက်​တစ်​ပါး​ကို​လည်း​သင်​တို့​ထံ သို့​စေ​လွှတ်​တော်​မူ​လိမ့်​မည်။ ထို​အ​ရှင်​သည် သင်​တို့​အ​မျိုး​သား​ထဲ​မှ​ဖြစ်​လိမ့်​မည်။ ထို အ​ရှင်​ဟော​ပြော​သ​မျှ​သော​စ​ကား​တို့​ကို သင်​တို့​သည်​နာ​ယူ​ကြ​ရ​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

22 ငါ​တို့​ဘိုး​ဘေး​များ​တို့​အား​လည်း မော​ရှေ​က၊ သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည်၊ သင်​တို့​အ​မျိုး​သား​ချင်း​တို့​အ​ထဲ၌ ငါ​နှင့်​တူ​သော ပ​ရော​ဖက်​တစ်​ပါး​ကို သင်​တို့​အ​ဖို့​ပေါ်​ထွန်း​စေ​တော်​မူ​မည်။ ထို​ပ​ရော​ဖက် ဟော​ပြော​သော​အ​ရာ​တို့​ကို သင်​တို့​သည် နား​ထောင်​ရ​ကြ​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

22 မောရှေ​က​လည်း ‘သင်​တို့​၏​ဘုရားသခင်​ထာဝရ​ဘုရား​သည် သင်​တို့​၏​ညီအစ်ကို​များ​ထဲမှ ငါ​နှင့်​တူ​သော​ပရောဖက်​တစ်​ပါး​ကို သင်​တို့​အတွက်​ပေါ်ထွန်း​စေ​တော်မူ​လိမ့်မည်။ သင်​တို့​အား ထို​သူ​ပြော​သမျှ​တို့​ကို သင်​တို့​နားထောင်​ကြ​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

22 မောရှေ​က ‘သင်တို့​၏​ဘုရားသခင် ထာဝရဘုရား​သည် သင်တို့​၏​အမျိုး​ထဲမှ ငါ​ကဲ့သို့သော ပရောဖက်​တစ်ပါး​ကို သင်တို့​အတွက် ပေါ်ထွန်းစေတော်မူ​လိမ့်မည်။ ထို​ပရောဖက်​ပြောသမျှ​ကို သင်တို့​သည် နားထောင်ကြ​ရမည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




တမန်တော်ဝတ္ထု 3:22
22 ပူးပေါင်းရင်းမြစ်များ  

ဂါ လိ လဲ နယ် နာ ဇ ရက် မြို့ မှ ပ ရော ဖက် ယေ ရှု ဖြစ် သည် ဟု ဖြေ ဆို ကြ၏။


သို့ ရာ တွင် ယေ ရု ရှ လင် မြို့ မှ တစ် ပါး ပ ရော ဖက် ဖြစ် သူ တို့ ပျက် စီး ရိုး မ ဟုတ် သော ကြောင့် ယ နေ့ နက် ဖြန် သန် ဖက် များ တွင် ငါ ခ ရီး သွား ရ ဦး မည်။


မည် သည့် အ ဖြစ် အ ပျက် နည်း ဟု မေး တော် မူ ပြန် သော် ဘု ရား သ ခင့် ရှေ့၊ ပြည် သူ ပြည် သား တို့ ရှေ့၊ လက် သ တ္တိ နှုတ် သ တ္တိ နှင့် ပြည့် စုံ သော ပ ရော ဖက် ဖြစ် သူ နာ ဇ ရက် မြို့ သား ယေ ရှု အ ကြောင်း၊


ငါ့ကိုယုံကြည်သူသည် မှောင်မိုက်၌မတည်မနေစေရန် အလင်းအဖြစ်ဤလောကသို့ ငါရောက်လာပြီ။


ငါဧကန်အမှန်ဆိုသည်ကား၊ ငါ့စကားကိုကြားနာ၍ စေလွှတ်တော်မူလိုက်သောအရှင်ကိုယုံကြည်သူသည် ထာဝရအသက်ကိုရသဖြင့် စီရင်ဆုံးဖြတ်မခံရ။ သေခြင်းအနေမှ ရှင်ခြင်းအနေသို့ကူးပြောင်းပြီးသူဖြစ်၏။


တစ်ဖန်တုံ၊ လူပရိသတ်အားယေရှုက ငါသည်ဤလောက၏အလင်းဖြစ်၏၊ ငါ့နောက်လိုက်သောသူသည် မှောင်မိုက်၌သွားလာရမည်မဟုတ်။ အသက်အလင်းကို ရလိမ့်မည်ဟုမိန့်တော်မူ၏။


သင် တို့ ဆွေ မျိုး သား ချင်း အ နက် ပ ရော ဖက် တစ် ပါး ကို ငါ ကဲ့ သို့ ဘု ရား သ ခင် ပေါ် ထွန်း စေ တော် မူ မည် ဟု ဣ သ ရေ လ အ မျိုး သား တို့ အား ပြော ဆို သူ၊


ရုပ် ခ န္ဓာ ကြောင့် အား နည်း ရ သော ပ ညတ် တ ရား တော် မ တတ် စွမ်း နိုင် သော် လည်း ဘု ရား သ ခင် မူ ကား ရုပ် ခ န္ဓာ အ တိုင်း မ ဟုတ်။ နာမ် ခ န္ဓာ အ တိုင်း လျှောက် လိုက် သော ငါ တို့၌ ပ ညတ် တ ရား တော့် ဥ ပ ဒေ သ များ ကို ပြည့် စုံ စေ ခြင်း ငှါ အ ပြစ် ပြည့် သော ရုပ် ခ န္ဓာ သ ဏ္ဌာန် နှင့် သား တော် ရင်း ကို အ ပြစ် အ တွက် စေ လွှတ် လျက် အ ပြစ် ကို ရုပ် ခ န္ဓာ တော်၌ စီ ရင် ဒဏ် ခတ် တော် မူ ၏။


ဘိုး တော် ဘေး တော် များ မှ ဆင်း သက် ခွင့်၊ ရုပ် ခ န္ဓာ အ လျောက် ခ ရစ် တော် နှင့် တော် စပ် ခွင့် ရ သူ တို့ ဖြစ် ကြ သ တည်း။ ထို အ ရှင် သည် ရှိ သ မျှ အ ပေါ် တွင် အုပ် စိုး လျက် က မ္ဘာ အ ဆက် ဆက် မင်္ဂ လာ နှင့် ပြည့် စုံ သော ဘု ရား ဖြစ် တော် မူ၏။ အာ မင်။


အ ချိန် ကာ လ ပြည့် သော် ဘု ရား သ ခင် သည် ပ ညတ် တ ရား အောက် ရှိ နေ သူ တို့ ကို ရွေး နုတ် စေ ခြင်း ငှာ လည်း ကောင်း၊ သား အ ဖြစ် ကို ငါ တို့ ရ စေ ခြင် ငှာ လည်း ကောင်း၊ မိန်း မ မှ ပ ညတ် တ ရား အောက် ဖွား မြင် ခံ မည့် သား တော် ကို စေ လွှတ် တော် မူ ၏။


ထို ကြောင့် ငါ တို့ မျော ပါ မည် စိုး၍ ကြား နာ ခဲ့ သော အ ရာ များ ကို အ ထူး ဂ ရု ပြု သင့် ကြ၏။


စုံ လင် ခြင်း သို့ ရောက် ပြီး လျှင် လိုက် နာ သူ ခပ် သိမ်း တို့ အ ဖို့ ထာ ဝ ရ ကယ် တင် ရာ အ ကြောင်း ရင်း ဖြစ် သည့် အ လျောက်၊


မ ကြာ မီ ဖြစ် ပျက် ရ မည့် အ ခြင်း အ ရာ များ ကို ကျွန် တော် ရင်း တို့ အား ထင် ရှား စေ ရန် ဘု ရား သ ခင် သ နား တော် မူ၍ ကိုယ် တော်၏ ကျွန် ယော ဟန့် ထံ စေ တ မန် တော် အား ဖြင့်၊ ယေ ရှု ခ ရစ် ဆင့် ဆို ဖော် ပြ တော် မူ သော ဗျာ ဒိတ် တော် အ တိုင်း၊


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ