Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




တမန်တော်ဝတ္ထု 3:21 - Garrad Bible

21 သန့် ရှင်း သူ ရှေး ပ ရော ဖက် တို့ နှုတ် ဖြင့် ဘု ရား သ ခင် ဗျာ ဒိတ် ပေး တော် မူ ခဲ့ သည့် အ တိုင်း အ ရာ ခပ် သိမ်း ကို အ သစ် ပြု ပြင် ရာ အ ချိန် ကာ လ မ တိုင် မီ ကောင်း ကင် ဘုံ သည် ထို အ ရှင့် စံ ရာ ဖြစ် ရ မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

21 ရှေး​သန့်​ရှင်း​မြင့်​မြတ်​သော​ပ​ရော​ဖက်​များ မှ​တစ်​ဆင့် ပေး​တော်​မူ​ခဲ့​သော​ဘု​ရား​သ​ခင် ၏​ဗျာ​ဒိတ်​တော်​နှင့်​အ​ညီ အ​ရာ​ခပ်​သိမ်း​တို့ ကို​အ​သစ်​ပြု​ပြင်​ပြောင်း​လဲ​တော်​မူ​ရာ​ကာ​လ မ​တိုင်​မီ ထို​အ​ရှင်​သည်​ကောင်း​ကင်​ဘုံ​တွင်​ရှိ နေ​တော်​မူ​ပေ​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

21 က​မ္ဘာ​ဦး​မှ​စ၍ သန့်​ရှင်း​သော​ပ​ရော​ဖက် ဆ​ရာ​တော်​တို့​နှုတ်​ဖြင့် ဘု​ရား​သ​ခင်​ဗျာ​ဒိတ်​ထား​တော်​မူ​သော ထို​ကပ်​ကာ​လ၊ အ​လုံး​စုံ​သော​အ​ရာ​တို့​ကို အ​သစ်​ပြု​ပြင်​တော်​မူ​သော ကပ်​ကာ​လ​မ​ရောက်​မီ​တိုင်​အောင် ကောင်း​ကင်​ဘုံ​သည် ထို​ခ​ရစ်​တော်​ကို ခံ​ယူ​သိမ်း​ဆည်း​ရ​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

21 ရှေး​ကာလ​မှစ၍ မိမိ​၏​သန့်ရှင်း​သော​ပရောဖက်​တို့​၏​နှုတ်​အားဖြင့် ဘုရားသခင်​မိန့်​တော်မူ​ခဲ့​သည့်​အရာ​တည်းဟူသော အလုံးစုံ​တို့​ကို မူလ​အတိုင်း​ပြန်​ဖြစ်​စေ​မည့်​ကာလ​များ​တိုင်အောင် ကောင်းကင်​သည် ထို​အရှင်​ကို​လက်ခံ​ထား​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

21 ရှေးအခါ​ကပင် သန့်ရှင်းသော​ပရောဖက်များ​အားဖြင့် ဘုရားသခင်​မိန့်တော်မူခဲ့သည့် အရာခပ်သိမ်းတို့​ကို ပြန်လည်​အသစ်​ပြုပြင်မည့်​အချိန်​အထိ ထို​အရှင်​သည် ကောင်းကင်ဘုံ​တွင် ရှိတော်မူမည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




တမန်တော်ဝတ္ထု 3:21
16 ပူးပေါင်းရင်းမြစ်များ  

ရှေး လွန် လေ ပြီး သော အ ခါ ကဲ့ သို့၊ တ ရား မင်း နှင့် မင်း တိုင် ပင် တို့ ကို သင်၌ ငါ ဖြစ် ပြန် စေ ပြီး လျှင်၊ သင့် ကို ဖြောင့် မတ် သော မြို့၊ သ စ္စာ စောင့် သော မြို့ ဟု သ မုတ် ကြ လိမ့် သ တည်း။


အ ချင်း ဂါ လိ လဲ နယ် သား တို့၊ အ ဘယ် ကြောင့် ကောင်း ကင် သို့ ကြည့် လျက် နေ ကြ သ နည်း။ သင် တို့ ထံ မှ ကောင်း ကင် သို့ ချီ ဆောင် ခြင်း ကို ခံ တော် မူ သော ထို ယေ ရှု သည် တက် ကြွ တော် မူ ရာ သင် တို့ မြင် ရ သည့် နည်း တူ ပင် ဆင်း ကြွ တော် မူ လိမ့် မည် ဟု ပြော ဆို ကြ ၏။


ထို အ ရှင် ကို ယုံ ကြည် သော သူ တိုင်း နာ မ တော် အား ဖြင့် အ ပြစ် ပြေ လွတ် ခွင့် ရ မည် ဟူ၍ ပ ရော ဖက် ရှိ သ မျှ တို့ သက် သေ ခံ ကြ သည် ဟု ဟော ပြော လေ၏။


ထို့ ကြောင့် သင် တို့ အ ပြစ် ဒု စ ရိုက် များ ပ ပျောက် စေ ရန် နောင် တ ရ ၍ ပြောင်း လဲ ကြ လော့။ သို့ ပြု လျှင် ထာ ဝ ရ ဘု ရား အ ထံ တော် မှ ချမ်း သာ ရာ အ ချိန် ကာ လ ရောက် လာ လျက် ယေ ရှု တည်း ဟူ သော သင် တို့ အ ဖို့ ခန့် ထား တော် မူ ခဲ့ သော ခ ရစ် တော် ကို စေ လွှတ် တော် မူ လိမ့် မည်။


သခ်ါ ရ တ ရား၏ ကျွန် ခံ ခြင်း အ ဖြစ် နှင့် ကင်း၍ ဘု ရား သ ခင့် သား သ မီး တို့ ဘုန်း ကြီး သော လွတ် ခွင့် အ ဖြစ် ကို မျှော် လင့် ခြင်း ရှိ ကြ သ တည်း။


အ ထက် ကာ လ က ပ ရော ဖက် တို့ ဖြင့် ဘိုး ဘေး တို့ အား အ ထပ် ထပ် အ နည်း နည်း ဗျာ ဒိတ် ပေး တော် မူ ခဲ့ သော ဘု ရား သ ခင် သည်၊


အ ထက် က သန့် ရှင်း သော ပ ရော ဖက် တို့ ဆင့် ဆို ချက် များ ကို လည်း ကောင်း၊ သင် တို့ ဆ ရာ တ မန် တော် များ ဖြင့် ကယ် တင် သော အ ရှင် ဘု ရား ပေး ထား သည့် အ မိန့် ပ ညတ် တော် ကို လည်း ကောင်း သ တိ ရ ကြ လော့။


အ ချင်း ကောင်း ကင် ဘုံ မှ စ၍ သီး သန့် ထား သူ တ မန် တော် ပ ရော ဖက် တို့၊ ထို မြို့ အ တွက် ရွှင် လန်း ကြ လော့။ ဘု ရား သ ခင် သည် ထို မြို့ ကို ဒဏ် ခတ် သ ဖြင့် သင် တို့ အ မှု ကို စီ ရင် တော် မူ ပြီ ဟူ၍ တည်း။


ထို အ ခါ ဤ အ ချက် များ ကား သ စ္စာ ရှိ၍ ဟုတ် မှန် သည်။ ပ ရော ဖက် တို့ ဉာဏ့် ရှင် ထာ ဝ ရ ဘု ရား သ ခင် သည် မ ကြာ မီ ဖြစ် ပျက် ရ မည့် အ ခြင်း အ ရာ များ ကို ကျွန် တော် ရင်း တို့ အား ထင် ရှား စေ ရန် ကိုယ် တော်၏ စေ တ မန် တော် ကို လွှတ် တော် မူ လိုက်၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ