တမန်တော်ဝတ္ထု 2:4 - Garrad Bible4 သန့် ရှင်း သော ဝိ ညာဉ် တော် နှင့် ပြည့် လျက် ဝိ ညာဉ် တော် သွန် သင် သည့် အ တိုင်း၊ အ ခြား ဘာ သာ များ ဖြင့် ဟော ပြော ကြ ၏။ အခန်းကိုကြည့်ပါ။Common Language Bible4 ထိုသူတို့သည်သန့်ရှင်းသောဝိညာဉ်တော်ဖြင့် ပြည့်ဝလျက် ဝိညာဉ်တော်ပေးအပ်တော်မူသည့် တန်ခိုးစွမ်းရည်အတိုင်းဘာသာစကား အမျိုးမျိုးဖြင့်ဟောပြောကြကုန်၏။ အခန်းကိုကြည့်ပါ။Judson Bible4 ထိုသူအပေါင်းတို့သည်လည်း သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်၍၊ ဝိညာဉ်တော်သည် ဟောပြောသောအခွင့်ကို ပေးတော်မူသည်အတိုင်း အမျိုးမျိုးသောဘာသာစကားအားဖြင့် ဟောပြောကြ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း4 ထိုအခါ သူတို့အားလုံးသည် သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်ဝလျက် ဝိညာဉ်တော်သည် သူတို့အား ပြောနိုင်စွမ်းပေးတော်မူသည့်အတိုင်း အခြားသောဘာသာစကားများဖြင့် စတင်ပြောဆိုကြ၏။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း4 ထိုသူတို့အားလုံးသည်လည်း သန့်ရှင်းသောဝိညာဉ်တော်နှင့် ပြည့်ဝ၍ ဝိညာဉ်တော်ပေးသနားတော်မူသည့်အစွမ်းအတိုင်း အမျိုးမျိုးသောဘာသာစကားများကို ဟောပြောကြ၏။ အခန်းကိုကြည့်ပါ။ |
ထာ ဝ ရ ဘု ရား က ထို သူ တို့ နှင့် ငါ ဖွဲ့ သော ပ ဋိ ညာဉ် ဟူ မူ ကား၊ သင့် အ ပေါ် တွင် ကိန်း ဝပ် သော ငါ ၏ ဝိညာဉ် တော်၊ သင့် နှုတ် တွင် ငါ ထည့် သွင်း သော ဗျာ ဒိတ် တော် သည်၊ သင် နှင့် တ ကွ သား မြေး မြစ် တို့၏ နှုတ် တွင်း မှ၊ ယ ခု က စ ၍ ကာ လ အ စဉ် အ ဆက် မ ပယ် မရှား ရ ဟု၊ ထာ ဝ ရ ဘု ရား ဗျာ ဒိတ် ပေး ၍ မိန့် တော် မူ သ တည်း။
ငါ သည် ထာ ဝ ရ ဘု ရား၏ အ မျက် တော် နှင့် ပြည့် လျက်၊ မ ချိ မ ဆံ့ ပန်း လှ ပြီ ဖြစ် ရ ကား။ ထာ ဝ ရ ဘု ရား က၊ လမ်း ရှိ သူ ငယ် တို့ နှင့် စု ရုံး သော လူ ပျို တို့ အ ပေါ် သို့ သွန်း လောင်း လော့။ ယောက်ျား နှင့် မိန်း မ ကို လည်း ကောင်း၊ အို မင်း သူ နှင့် ကြီး ရင့် သူ့ ကို လည်း ကောင်း၊ သုံ့ ပန်း မည် ဖြစ် ၍၊
ဝိ ညာဉ် တော် အား ဖြင့် အ ခါ ခပ် သိမ်း တောင်း လျှောက် ပ ဌ နာ ပြု လျက် ရပ် ခံ ကြ လော့။ ငါ အ တည့် အ လင်း ကြား ပြော သင့် သည် နှင့် အ ညီ သ တင်း တော် မြတ် နက် နဲ ရာ ကို အ တည့် အ လင်း ဖော် ပြ ရန် ဟော ပြော ခြင်း နှုတ် သ တ္တိ ကို သ နား တော် မူ စေ ခြင်း ငှါ ထို သ တင်း တော် မြတ် ကြောင့် အ ကျဉ်း ခံ ရ သော သံ တ မန် ဖြစ် သူ ငါ့ အ ဖို့လည်း ကောင်း၊ သီး သန့် ထား တော် မူ သူ အ ပေါင်း တို့ အ ဖို့လည်း ကောင်း ထို သို့ ပ ဌ နာ ပြု မြဲ ပြု လျက် စောင့် နေ ကြ လော့။
ကောင်း ကင် ဘုံ မှ စေ လွှတ် တော် မူ သည့် သန့် ရှင်း သော ဝိ ညာဉ် တော် အား ဖြင့် ယ ခု ကာ လ သင် တို့ အား ကြား ပြော ပြီး သ တင်း တော် တည်း ဟူ သော ထို အ ကြောင်း အ ရာ များ ကို ကိုယ့် အ ဖို့ မ ဟုတ်၊ သင် တို့ အ ဖို့ ဆင့် ဆို ရ ကြောင်း အ ထင် အ ရှား သိ မြင် ခဲ့ ကြ ၏။ ထို အ ကြောင်း အ ရာ များ ကို စေ တ မန် တော် တို့ ပင် ဒိ ဋ္ဌ သိ မြင် လို ကြ၏။