တမန်တော်ဝတ္ထု 11:18 - Garrad Bible18 ထို အ ကြောင်း အ ရာ များ ကို ကြား သော် သူ တို့ သည် ဝန် ခံ၍ သို့ ဖြစ် လျှင် အ သက် ရှင် စေ ရန် နောင် တ ရ ခြင်း အ ခွင့် ကို လူ မျိုး ခြား တို့ အား လည်း ဘု ရား သ ခင် သ နား တော် မူ ပြီ ဟု ဆို လျက် ဘုန်း တော် ကို ချီး မြှောက် ကြ၏။ အခန်းကိုကြည့်ပါ။Common Language Bible18 ထိုစကားကိုကြားသောအခါ ထိုသူတို့သည် ပြစ်တင်ဝေဖန်မှုကိုမပြုကြတော့ဘဲ ``ဘုရား သခင်သည်လူမျိုးခြားတို့အားလည်း နောင်တရ ၍အသက်ရှင်ခွင့်ကိုပေးတော်မူပါသည်တကား'' ဟုဆို၍ဘုရားသခင်၏ဂုဏ်တော်ကိုချီးကူး ကြ၏။ အခန်းကိုကြည့်ပါ။Judson Bible18 ဤအကြောင်းအရာတို့ကို ထိုသူတို့သည် ကြားရလျှင် မငြင်းဘဲနေ၍၊ အကယ်စင်စစ် ဘုရားသခင်သည် အသက်ရှင်စေခြင်းအလိုငှာ၊ နောင်တတရားကို တစ်ပါးအမျိုးသားတို့အားလည်း ပေးတော်မူပြီဟု ဘုရားသခင်၏ ဂုဏ်တော်ကိုချီးမွမ်းကြ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း18 သူတို့သည် ထိုစကားကိုကြားသောအခါ တိတ်ဆိတ်သွားကြ၏။ ထို့နောက် ဘုရားသခင်၏ဘုန်းတော်ကိုချီးမွမ်းလျက် “သို့ဖြစ်လျှင် ဘုရားသခင်သည် အသက်ရှင်ခြင်းသို့ရောက်စေသည့်နောင်တတရားကို လူမျိုးခြားတို့အားလည်း ပေးတော်မူပြီ”ဟု ဆိုကြ၏။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း18 ဤအကြောင်းအရာများကို ထိုသူတို့ကြားရသောအခါ ငြိမ်သက်သွားကြပြီး “ဤသို့ဆိုလျှင် ဘုရားသခင်သည် လူမျိုးခြားတို့အား ထာဝရအသက်ရှင်စေရန်နောင်တရခြင်းအခွင့်ကို ပေးသနားတော်မူပြီ” ဟု ဆို၍ ဘုရားသခင်ကို ချီးမွမ်းကြ၏။ အခန်းကိုကြည့်ပါ။ |
ဒါ ဝိဒ် မင်း မျိုး မှ စ သော၊ ယေ ရု ရှ လင် မြို့ သူ မြို့ သား တို့ အ ပေါ်၌၊ ကျေး ဇူး တော် ရ လို၍၊ အ သ နား တော် ခံ သော သ ဘော ကို သွန်း လောင်း သ ဖြင့်၊ ၎င်း တို့ သည်၊ ထိုး ဖောက် ခဲ့ သော သူ့ ကို ရှု မြော်၍ ဧ က ပု တ္တ သား အ တွက် မြည် တမ်း သ ကဲ့ သို့ လည်း ကောင်း၊ သား ဦး အ တွက် ကြင် နာ သ ကဲ့ သို့လည်း ကောင်း၊ မြည် တမ်း ကြင် နာ ကြ လ တ္တံ့။