တမန်တော်ဝတ္ထု 11:19 - Garrad Bible19 ထို အ ခါ သ တေ ဖန် နှင့် စပ်၍ ပေါ် ပေါက် ရ သော ဒု က္ခ ကြောင့် ကွဲ လွင့် ရ သူ တို့ သည် ဖိ နိတ် ပြည်၊ ကု ပ ရု ကျွန်း၊ အ န္တိ အုတ် မြို့ များ တိုင် အောင် သွား ပြီး လျှင်၊ ယု ဒ လူ မျိုး တို့ အား သာ တ ရား တော် ကို ဟော ပြော လျက် နေ ကြ သော် လည်း၊ အခန်းကိုကြည့်ပါ။Common Language Bible19 သခင်ယေရှုကိုယုံကြည်သူတို့သည် သတေဖန် အသတ်ခံရချိန်၌ဖြစ်ပေါ်လာသောနှိပ်စက် ညှဉ်းဆဲမှုကြောင့် အရပ်ရပ်သို့ကွဲလွင့်သွား ကြ၏။ ထိုသူအချို့တို့သည်ဖိနိတ်ပြည်၊ ကုပရုကျွန်း၊ အန္တိအုတ်မြို့သို့တိုင်အောင် ရောက်ရှိကြ၏။ သူတို့သည်ဘုရားသခင်၏ နှုတ်ကပတ်တရားတော်ကိုယုဒအမျိုး သားတို့အားသာဟောပြောကြ၏။- အခန်းကိုကြည့်ပါ။Judson Bible19 ထိုမှတစ်ပါး၊ သတေဖန်၏အမှုကြောင့် ညှဉ်းဆဲခြင်းကိုခံရ၍ အရပ်ရပ်သို့ ကွဲပြားသောသူတို့သည် ဖိနိတ်၊ ကုပရု၊ အန္တိအုတ်မြို့များသို့ တိုင်အောင်သွား၍၊ ယုဒ လူတို့အားသာ နှုတ်ကပတ်တရားတော်ကို ဟောပြောကြ၏။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း19 သတေဖန်နှင့်ဆက်စပ်၍ ဖြစ်ပေါ်လာသည့်နှိပ်စက်ခြင်းကြောင့် ကွဲလွင့်သွားကြသောသူတို့သည် ဖိုနီးရှားနယ်မှစ၍ ဆိုက်ပရပ်ကျွန်းနှင့် အန္တိအုတ်မြို့အထိ ရောက်သွားကြ၏။ သူတို့သည် ဂျူးလူမျိုးတို့မှတစ်ပါး မည်သူ့ကိုမျှ နှုတ်ကပတ်တရားကိုမဟောပြောကြချေ။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း19 သတေဖန်သေဆုံးပြီးနောက် ဖြစ်ပေါ်လာသည့် ညှဉ်းပန်းနှိပ်စက်ခြင်းကြောင့် ကွဲလွင့်ပျံ့နှံ့သွားကြသောသူများသည် ဖိုနီးရှားပြည်၊ ဆိုက်ပရပ်ကျွန်းနှင့် ဆီးရီးယားပြည်ရှိအန္တိအုတ်မြို့ထိတိုင် ရောက်သွားကြပြီး ဂျူးလူမျိုးတို့ကိုသာ ဘုရားသခင်၏နှုတ်ကပတ်တရားကို ဟောပြောကြ၏။ အခန်းကိုကြည့်ပါ။ |
ပေါ လု နှင့် ဗာ န ဗ တို့ က ဘု ရား သ ခင်၏ တ ရား တော် ကို သင် တို့ အား ဦး စွာ ဟော ပြော ရ၏။ သို့ ရာ တွင် သင် တို့ ပစ် ပယ် လျက် ထာ ဝ ရ အ သက် နှင့် မ ထိုက် တန် ကြောင်း ကိုယ် တိုင် ဆုံး ဖြတ် ကြ သော ကြောင့် မြေ ကြီး အ စွန်း အ ဖျား တိုင် အောင် ကယ် တင် ရာ ကယ် တင် ကြောင်း အ လို့ ငှါ၊ လူ မျိုး ခြား တို့ ရှေ့ အ လင်း သ ဖွယ် သင့် ကို ငါ ခန့် ထား သည် ဟူ သော ထာ ဝ ရ ဘု ရား အ မိန့် တော် ကို ရ သည့် အ တိုင်း၊ ငါ တို့ သည် လူ မျိုး ခြား တို့ ထံ လှည့် တော့ မည် ဟု ရဲ ရင့် စွာ ပြန် ဆို ကြ၏။
ထို အ ခါ တ မန် တော် များ၊ ဥ က္က ဋ္ဌ များ မှ စ၍ တစ် သင်း လုံး သည် ပေါ လု နှင့် ဗာ န ဗ တို့ ပြင် ညီ အစ် ကို တို့ တွင် အ ကြီး အ မှူး ဖြစ် သူ ဗာ ရှ ဗ္ဗ ခေါ် ယု ဒ နှင့် သိ လ တို့ ကို အ သင်း တော် မှ ရွေး ကောက်၍ အ န္တိ အုတ် မြို့ သို့ စေ လွှတ် သင့် ကြောင်း သ ဘော တူ ကြ သည့် အ တိုင်း သူ တို့ လက် ဖြင့် ပေး လိုက် သော စာ မှာ၊