Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၂ ရာ​ချုပ် 21:17 - Common Language Bible

17 သူ​တို့​သည်​ယု​ဒ​ပြည်​သို့​ချင်း​နင်း​ဝင် ရောက်​ကာ​နန်း​တော်​ကို​လု​ယက်​ကြ​၏။ ထို နောက်​သား​တော်​အ​ငယ်​ဆုံး​ဖြစ်​သူ​အာ​ခ​ဇိ မှ​တစ်​ပါး​အ​ခြား​သား​တော်​များ​နှင့်​မိ ဖု​ရား​များ​ကို​သုံ့​ပန်း​အ​ဖြစ်​ဖြင့်​ဖမ်း ဆီး​သွား​လေ​သည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

17 ထို သူ တို့ သည် ယု ဒ ပြည် သို့ ချီ တက် တိုက် ဝင် ပြီး လျှင်၊ နန်း တော် တွင် တွေ့ သ မျှ ဥ စ္စာ များ နှင့် မိ ဖု ရား၊ သား တော်၊ သ မီး တော် များ ကို သိမ်း သွား ရာ၊ သား တော် ထွေး အာ ခ ဇိ သာ ကျန် ရစ် လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

17 သူ​တို့​သည် ယု​ဒ​ပြည်​သို့​ချီ​လာ၍ လုပ်​ကြံ​ကြ၏။ နန်း​တော်၌​တွေ့​သ​မျှ​သော ဥ​စ္စာ​များ​နှင့် ရှင်​ဘု​ရင်၏​သား​မ​ယား​များ​တို့​ကို သိမ်း​သွား​ကြ​သ​ဖြင့်၊ အ​ထွေး​ဆုံး​သော​သား အာ​ခ​ဇိ​မှ​တစ်​ပါး၊ တစ်​ယောက်​မျှ မ​ကျန်​ကြွင်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

17 သူ​တို့​သည် ယုဒ​ပြည်​သို့​ချီတက်​သိမ်းပိုက်​ကြ​ပြီး ဘုရင့်​နန်းတော်​တွင် တွေ့​သမျှ​ဥစ္စာ​တို့​ကို ယူဆောင်​သွား​ကြ​၏​။ အငယ်ဆုံး​သား​တော်​ယောခတ်​မှတစ်ပါး ကျန်​သား​တော်​များ​၊ မိဖုရား​များ​ကို​လည်း တစ်ယောက်မကျန် ဖမ်းဆီးခေါ်ဆောင်​သွား​ကြ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ရာ​ချုပ် 21:17
8 ပူးပေါင်းရင်းမြစ်များ  

သူ​သည်​ကွယ်​လွန်​သူ​အာ​ခ​ဇိ​၏​ဆွေ​မျိုး အ​ချို့​နှင့်​တွေ့​၍ သူ​တို့​အား``သင်​တို့​သည် အ​ဘယ်​သူ​များ​ပေ​နည်း'' ဟု​မေး​၏။ ထို​သူ​တို့​က``အာ​ခ​ဇိ​၏​ဆွေ​တော်​မျိုး​တော် များ​ဖြစ်​ပါ​သည်။ အ​ကျွန်ုပ်​တို့​သည်​ယေ​ဇ ဗေ​လ​မိ​ဖု​ရား​၏​သား​တော်​သ​မီး​တော်​များ နှင့် အ​ခြား​မင်း​ဆွေ​မင်း​မျိုး​တို့​အား​ဂါ​ရ​ဝ ပြု​ရန် ယေ​ဇ​ရေ​လ​မြို့​သို့​သွား​ကြ​ပါ​မည်'' ဟု​ဖြေ​ကြား​ကြ​၏။-


အာ​ရပ်​အ​မျိုး​သား​အ​ချို့​တို့​သည်​ဝင်​ရောက် တိုက်​ခိုက်​ကာ ယ​ဟော​ရံ​၏​သား​တော်​အ​ငယ် ဆုံး​အာ​ခ​ဇိ​မှ​တစ်​ပါး အ​ခြား​သား​တော် အ​ပေါင်း​ကို​သတ်​လိုက်​ကြ​၏။ သို့​ဖြစ်​၍​ယေ​ရု ရှ​လင်​မြို့​သား​တို့​သည်​အာ​ခ​ဇိ​အား​ခ​မည်း တော်​၏​အ​ရိုက်​အ​ရာ​ကို​ဆက်​ခံ​၍​နန်း​တက် စေ​ကြ​၏။-


ကု​သ​ရန်​ယေ​ဇ​ရေ​လ​မြို့​သို့​ပြန်​လေ​၏။ ထို​အ​ခါ​အာ​ခ​ဇိ​သည်​လည်း​သူ့​ကို​ကြည့်​ရှု ရန်​ထို​မြို့​သို့​သွား​၏။


(ဖောက်​ပြန်​ဆိုး​ညစ်​သည့်​အ​မျိုး​သ​မီး အာ​သ​လိ​၏​နောက်​လိုက်​တို့​သည် ဗိ​မာန်​တော် ကို​ဖျက်​ဆီး​ပြီး​လျှင်​အ​မြတ်​တ​နိုး​ထား​အပ် သည့်​ပစ္စည်း​အ​သုံး​အ​ဆောင်​များ​ကို ဗာ​လ ဘု​ရား​အား​ဝတ်​ပြု​ကိုး​ကွယ်​ရာ​တွင် အ​သုံး​ပြု​ခဲ့​ကြ​သ​တည်း။)


ယ​ဟော​ရှ​သည်​အာ​မ​ဇိ​ကို​ဖမ်း​ဆီး​ကာ ယေ​ရု​ရှ​လင်​မြို့​သို့​ပို့​ပြီး​လျှင် မြို့​ရိုး​ကို ဧ​ဖ​ရိမ်​တံ​ခါး​မှ​ထောင့်​တံ​ခါး​တိုင်​အောင် ကိုက်​နှစ်​ရာ​မျှ​ကို​ဖြို​ချ​လိုက်​၏။-


သင်​တို့​သည်​ငါ​၏​ရွှေ​ငွေ​ဥစ္စာ​ဘဏ္ဍာ​များ​ကို မိ​မိ​တို့​၏​ဘုံ​ဗိ​မာန်​များ​သို့​ယူ​ဆောင် သွား​ခဲ့​ကြ​၏။-


ထာ​ဝ​ရ​ဘု​ရား​က``ဂါ​ဇ​မြို့​သား​တို့​သည် တစ်​ကြိမ်​ပြီး​တစ်​ကြိမ်​ပြစ်​မှား​ခဲ့​သ​ဖြင့် ငါ​သည်​သူ​တို့​ကို​အ​မှန်​ပင်​ဒဏ်​ပေး​ရ တော့​မည်။ သူ​တို့​သည်​လူ​တစ်​မျိုး​လုံး​ကို ဧ​ဒုံ​ပြည်​သား​များ​လက်​ဝယ်​သို့ ကျွန် အ​ဖြစ်​နှင့်​ရောင်း​စား​ခဲ့​ပြီ။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ