၂ ရာချုပ် 20:24 - Common Language Bible24 ယုဒတပ်မတော်သည်သဲကန္တာရရှိကင်းမျှော် စင်သို့ရောက်သောအခါ ရန်သူတို့ဘက်သို့ကြည့် လိုက်ရာတစ်ယောက်မကျန်မြေပေါ်တွင်လဲသေ နေကြသည်ကိုမြင်ရကြ၏။ အခန်းကိုကြည့်ပါ။Garrad Bible24 ယု ဒ ရဲ မက် တို့ သည်၊ တော ရှိ မြော် စင် သို့ ရောက်၍၊ ထို အ လုံး အ ရင်း ကို ရှု ကြည့် ရာ၊ တစ် ယောက် မ ကျန်၊ မြေ ပေါ် တွင် ကျ ဆုံး သော အ လောင်း များ ကို မြင် ရ ကြ သ ဖြင့်၊ အခန်းကိုကြည့်ပါ။Judson Bible24 ယုဒလူတို့သည် တော၌ရှိသော ကင်းမျှော်စင်သို့ရောက်၍၊ ထိုအလုံးအရင်းကို ကြည့်ရှုသောအခါ၊ ထိုလူအပေါင်းတို့သည် တစ်ယောက်မျှမလွတ်၊ မြေပေါ်မှာလဲသော အသေကောင်ဖြစ်ကြ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း24 ယုဒလူမျိုးတို့သည် တောကန္တာရရှိ ကင်းမျှော်စင်သို့ရောက်၍ စစ်သည်ထုကြီးကို ကြည့်သောအခါ မြေပေါ်လဲကျသေဆုံးနေသောအလောင်းများကိုသာ တွေ့ရလေ၏။ လွတ်မြောက်သောသူတစ်ယောက်မျှမရှိ။ အခန်းကိုကြည့်ပါ။ |
ယောရှဖတ်နှင့်သူ၏စစ်သည်တော်တို့သည် ရန်သူ တို့၏ဥစ္စာပစ္စည်းများကိုသိမ်းယူရန်လာရောက် ကြသောအခါသိုးနွားအမြောက်အမြား၊ ရိက္ခာ၊ အဝတ်အစားနှင့်အခြားအဖိုးတန်ပစ္စည်းများ ကိုတွေ့ရှိကြလေသည်။ သူတို့သိမ်းယူသည့်ဥစ္စာ ပစ္စည်းမှာအလွန်ပင်များသဖြင့် သုံးရက်တိုင်တိုင် သိမ်းယူသော်လည်းမကုန်ချေ။-
ဗာဗုလုန်အမျိုးသားတို့အားလူအချို့ သည်တိုက်ခိုက်ကြလိမ့်မည်။ ငါအမျက် ဒေါသထွက်၍ကွပ်မျက်မည့်လူတို့၏ အလောင်းများဖြင့် သူတို့သည်ဤမြို့ကို ပြည့်နှက်နေစေကြလိမ့်မည်။ မြို့သူမြို့ သားတို့ပြုကျင့်ခဲ့သည့်ဒုစရိုက်များ ကြောင့်ငါသည်ဤမြို့ကိုမျက်နှာလွှဲ တော်မူပြီ။-