Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၂ ရာ​ချုပ် 20:25 - Common Language Bible

25 ယော​ရှ​ဖတ်​နှင့်​သူ​၏​စစ်​သည်​တော်​တို့​သည် ရန်​သူ တို့​၏​ဥစ္စာ​ပစ္စည်း​များ​ကို​သိမ်း​ယူ​ရန်​လာ​ရောက် ကြ​သော​အ​ခါ​သိုး​နွား​အ​မြောက်​အ​မြား၊ ရိက္ခာ၊ အ​ဝတ်​အ​စား​နှင့်​အ​ခြား​အ​ဖိုး​တန်​ပစ္စည်း​များ ကို​တွေ့​ရှိ​ကြ​လေ​သည်။ သူ​တို့​သိမ်း​ယူ​သည့်​ဥစ္စာ ပစ္စည်း​မှာ​အ​လွန်​ပင်​များ​သ​ဖြင့် သုံး​ရက်​တိုင်​တိုင် သိမ်း​ယူ​သော်​လည်း​မ​ကုန်​ချေ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

25 ယော ရှ ဖတ် မင်း နှင့် သူ ရဲ တို့ ပါ၊ လက် ရ သိမ်း ယူ ရန် ချဉ်း လာ ရာ၊ မ သယ် ပိုး နိုင် အောင် များ ပြား သော အ ဖိုး ထိုက် တန် ဆာ၊ အ ဝတ် အ စား၊ ပ စ္စည်း များ ကို တွေ့ သည် နှင့်၊ အ လွန် များ ပြား သော ကြောင့်၊ သုံး ရက် တိုင် တိုင် သိမ်း ဆည်း ချွတ် ယူ လျက် နေ ပြီး မှ၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

25 ယော​ရှ​ဖတ်​နှင့် သူ၏​လူ​တို့​သည်၊ ရန်​သူ​တို့​ဥ​စ္စာ​ကို လု​ယူ​ခြင်း​ငှာ လာ​ကြ​သော​အ​ခါ၊ အ​သေ​ကောင်​တို့၌ များ​စွာ​သော​ဥ​စ္စာ၊ အ​ဖိုး​ထိုက်​သော တန်​ဆာ​တို့​ကို တွေ့​သ​ဖြင့်၊ ထမ်း၍​မ​သွား​နိုင်​အောင် ချွတ်​ယူ​ကြ၏။ လက်​ရ​ဥ​စ္စာ အ​လွန်​များ​သော​ကြောင့်၊ သုံး​ရက်​ပတ်​လုံး လု​ယူ​ထုပ်​ထား​လျက် နေ​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

25 ထို့ကြောင့် ယောရှဖတ်​မင်းကြီး​နှင့် သူ​၏​လူ​တို့​သည် တိုက်ရာပါပစ္စည်း​များ​ကို လာရောက်​သိမ်းယူ​ကြ​၏​။ အလောင်း​များ​၌ ပစ္စည်းဥစ္စာ​များ​၊ အဖိုးတန်​အသုံးအဆောင်​များ အမြောက်အမြား တွေ့ရှိ​၍ မိမိ​တို့​အတွက် ချွတ်ယူ​ကြ​၏​။ တိုက်ရာပါပစ္စည်း အလွန်များပြား​သဖြင့် တစ်ချီတည်း​မ​သယ်​နိုင်​။ သုံး​ရက်​တိုင်တိုင် သယ်သွား​ကြ​ရ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ရာ​ချုပ် 20:25
15 ပူးပေါင်းရင်းမြစ်များ  

ယု​ဒ​တပ်​မ​တော်​သည်​သဲ​ကန္တာ​ရ​ရှိ​ကင်း​မျှော် စင်​သို့​ရောက်​သော​အ​ခါ ရန်​သူ​တို့​ဘက်​သို့​ကြည့် လိုက်​ရာ​တစ်​ယောက်​မ​ကျန်​မြေ​ပေါ်​တွင်​လဲ​သေ နေ​ကြ​သည်​ကို​မြင်​ရ​ကြ​၏။


လေး​ရက်​မြောက်​သော​နေ့​၌​သူ​တို့​သည်​ဗ​ရာ​ခ ချိုင့်​ဝှမ်း​တွင်​စု​ရုံး​ကြ​လျက် ဘု​ရား​သ​ခင်​ပြု တော်​မူ​သော​ကျေး​ဇူး​တော်​အ​ပေါင်း​အ​တွက် ကိုယ်​တော်​အား​ထော​မ​နာ​ပြု​ကြ​ကုန်​၏။ ဤ သည်​ကို​အ​ကြောင်း​ပြု​၍​ထို​ချိုင့်​ဝှမ်း​ကို ဗ​ရာ​ခ ဟု​ခေါ်​ဝေါ်​သ​မုတ်​ကြ​လေ​သည်။-


ဣ​သ​ရေ​လ​အ​မျိုး​သ​မီး​တိုင်း​က​မိ​မိ​၏ အီ​ဂျစ်​ပြည်​သား​အိမ်​နီး​ချင်း​တို့​ထံ​မှ​သော် လည်း​ကောင်း၊ မိ​မိ​အိမ်​မှာ​တည်း​ခို​သော​အီ​ဂျစ် အ​မျိုး​သ​မီး​တို့​ထံ​မှ ရွှေ၊ ငွေ၊ လက်​ဝတ်​တန် ဆာ​နှင့်​အ​ဝတ်​အ​ထည်​များ​ကို​တောင်း​ယူ​ကြ လိမ့်​မည်။ သင်​တို့​သည်​သင်​တို့​၏​သား​သ​မီး များ​အား​ထို​ပစ္စည်း​များ​ဖြင့်​တန်​ဆာ​ဆင်​ပေး ကြ​ခြင်း​ဖြင့်​အီ​ဂျစ်​ပြည်​သား​တို့​၏​ဥစ္စာ ပစ္စည်း​များ​ကို​အ​ပိုင်​ရ​ရှိ​ကြ​လိမ့်​မည်'' ဟု မိန့်​တော်​မူ​၏။


ပညာသည် ပတ္တမြားထက်သာ၍ အဘိုးထိုက် ပေ၏။ နှစ်သက်ဘွယ်သမျှသော အရာတို့သည် ထိုရတနာကို မပြိုင်နိုင်ကြ။


ယု​ဒ​ပြည်​သူ​တို့​က​မူ​ယေ​ရု​ရှ​လင်​မြို့ အ​တွက် ခု​ခံ​ကာ​ကွယ်​တိုက်​ခိုက်​ကာ​လူ​မျိုး တ​ကာ​တို့​၏​ဥစ္စာ​ဘဏ္ဍာ​များ​ဖြစ်​သော ရွှေ ငွေ​အ​ဝတ်​အ​စား​အ​မြောက်​အ​မြား​ကို တိုက်​ရာ​ပါ​ပစ္စည်း​အ​ဖြစ်​သိမ်း​ယူ​ကြ​လိမ့် မည်။


``သင်​တို့​သည်​အ​ဘယ်​ကြောင့်​အ​မျိုး​သ​မီး အား​လုံး​ကို အ​သက်​ချမ်း​သာ​စေ​ကြ​သ​နည်း။-


ရိုး​ရိုး​တပ်​သား​တို့​သည်​မိ​မိ​တို့​ရ​ရှိ​သော ပစ္စည်း​များ​ကို ကိုယ်​ပိုင်​အ​တွက်​သိမ်း​ဆည်း ထား​ကြ​၏။-


မ​ကွဲ​မ​ကွာ​စေ​သည်​သာ​မ​က​ငါ​တို့​သည်​ထို အ​တွေ့​အ​ကြုံ​ခပ်​သိမ်း​တို့​နှင့်​ဆိုင်​ရာ​တွင် ငါ တို့​ကို​ချစ်​တော်​မူ​သော​အ​ရှင်​အား​ဖြင့်​အ​ထူး အောင်​မြင်​လျက်​ရှိ​ကြ​၏။-


ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​ထို​မြို့ များ​မှ​ပစ္စည်း​ဥစ္စာ​ရှိ​သ​မျှ​နှင့်​သိုး​နွား တိ​ရစ္ဆာန်​တို့​ကို မိ​မိ​တို့​အ​တွက်​သိမ်း​ယူ ကြ​သည်။ မြို့​သူ​မြို့​သား​များ​ကို​မူ​ကား တစ်​ယောက်​မ​ကျန်​သတ်​ဖြတ်​သုတ်​သင်​ခဲ့ လေ​သည်။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ